spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ဖြတ်သန်းသွားလာမပြုလုပ်ဖို့ KPDF မှ ထပ်မံနိုးဆော်အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှ ရူးဖယ်ခူရပ်ကွက်တစ်လျှောက် လမ်းမကြီး၊ ငွေတောင်ဆည် ကန်ဘောင်တစ်လျှောက် ရပ်ကွက်လမ်းအထိ ဖြတ်သန်းသွားလာမပြုဖို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ ထပ်မံ အသိပေးနိုးဆော်ထားပါတယ်။

အထက်ပါ ဧရိယာတစ်လျှောက်က ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အပြင်းအထန် ခုခံတိုက်ခိုက်တဲ့နေရာ ဖြစ်တဲ့အတွက် ပြည်သူဘေးကင်းလုံခြုံစေဖို့ အသိပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမော့ဆိုတိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ကြီး၊ တင့်ကား၊ အမြောက်​၊ လေကြောင်းနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်တဲ့အတွက်

မေလ ၂၅ရက်နေ့မှာလည်း ဒီမော့ဆိုမြို့အတွင်းနေထိုင်ကြတဲ့ မိဘပြည်သူအားလုံး လုံခြုံရေးအတွက် ရပ်ကွက် နေအိမ်မှာ မနေထိုင်တော့ဘဲ စစ်ရှောင်စခန်းတွေမှာ အမြန်ဆုံးသွားရောက် ခိုလံှုပေးဖို့ အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် ဒေါငံခါး၊ တနန်းဥကွိုင်ရပ်ကွက်က နေအိမ်အချို့ ပျက်စီးခဲ့ရသလို ဘာသာရေးဘုရားကျောင်းကိုလည်း ထိမှန်တဲ့အတွက် ပျက်ဆီးခဲ့ရပါတယ်။

ယမန်နေ့(မေလ၂၆ရက်)မှာလည်း စစ်ကောင်စီဖက်က ဒီမော့ဆိုမြို့က လမ်းသွားပြည်သူအချို့ကို ပစ်ခတ်မှုရှိခဲ့တာကြောင့် သေဆုံးခဲ့တဲ့ပြည်သူရှိခဲ့သလို ဒဏ်ရာရရှိသူလည်း ရှိခဲ့ပါတယ်။

မေလ ၂၁ရက်နေ့မှစ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က နေ့စဉ် ဒီမော့ဆိုမြို့ကို လက်နက်ကြီး​ေ တွနဲ့ ပစ်ခတ်မှုရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts