spot_imgspot_imgspot_imgspot_img
Saturday, December 14, 2024
spot_imgspot_imgspot_imgspot_img

“သံလွင်မြစ်ပေါ် ရေတာတည်ဆောက်ခြင်းအလိုမရှိ” အရပ်ဖက်အဖွဲ့များ ကမ်ပိန်းပြုလုပ်ခဲ့ကြ

Author

Date

Category

နော်ဒွေးအယ်ခူ

သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်ခြင်း အလိုမရှိကြောင်းကိုလည်း သံလွင်မြစ်ကမ်းတစ်လျှောက် တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေက ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်၊ ကရင်ပြည်နယ်မှ နန်းမိုးသောက်ပန်းက ပြောပါတယ်။

နန်းမိုးသောက်ပန်းက “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သံလွင်မြစ်နဲ့အတူ တစ်နိုင်ငံလုံးမှာရှိတဲ့မြစ်ချောင်းတွေအပေါ်မှာ ရေကာတာဆည်ဆောက်ခြင်းကို ကန့်ကွက်တယ်ဆိုတဲ့အကြောင်းကို ကျမတို့က လာရောက်စုရုံးပြီးတော့မှ လုပ်ရှားမှုကို ပိုပြီးအားအင် ရပ်တည်ချက်ကို ထင်ရှားအောင်ပြတဲ့ ပွဲမျိုးဖြစ်ပါတယ်”လို့ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းထိန်းသိမ်းရေးနှင့်ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ အီဒူထာကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့အပြီး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နှင့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် တို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ပအိုဝ်၊ တကူး၊ တအာင်း စတဲ့တိုင်းရင်းသားကိုယ်စားများ နဲ့ ဒေသခံကရင်တိုင်းရင်းသား အများအပြား ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

သံလွင်မြစ်ဖြတ်သန်းစီဆင်းနေတဲ့ ရှမ်း၊ ကရင်နီ(ကယား)၊ ကရင်၊ မွန် ပြည်နယ်တို့မှာ ယခင်အစိုးရလက်ထက်ကတည်းက သံလွင်မြစ်ကြောင်းပေါ်မှာ အကြီးစား ရေကာတာစီမံကိန်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားတာကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်တဲ့အတွက် ဖျက်သိမ်းဖို့ ဒေသခံတိုင်ရင်းသားတွေက တောင်းဆိုနေကြတာပါ။

ဒါ့အပြင် ရေကာတာတည်ဆောက်မယ်ဆိုရင် သံလွင်မြစ်အနီးအနားမှာနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်စားသောက်တဲ့နေရာတွေ ပျက်ဆီးဆုံးရုံးသွားမှာဖြစ်သလို နေရပ်ရှောင်တိမ်းရမှာဖြစ်တဲ့အတွက် ရေကာတာတည်ဆောက်ခြင်းကို ဒေသခံတွေက မလိုလားကြဘူး။

အခမ်းအနားတက်ရောက်ခဲ့တဲ့ ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းကိုယ်စား ကိုကျော်ထင်အောင် “ကျတော်တို့ပြည်နယ်မှာဆိုရင်လည်း ယင်းတလဲလို လူဦးရေထောင်ဂဏန်းလောက်တာရှိတဲ့ လူမျိုးတစ်မျိုးရဲ့အထက်မှာ ဆည်ဆောက်မှာဖြစ်တဲ့အတွက် မြစ်ကြောင်းပြောင်းလဲမှုတွေကြောင့်မို့လို့ အဲဒီနဖူးကရွာက ရေတိုက်စားမှုကြောင့်လို့ ရွာပါရွှေ့ပြောင်းသွားရတာတွေ သူတို့ရဲ့နေထိုင်မှုဘဝကို လုံးဝပုံစံပြောင်းသွားတဲ့အထိ သက်ရောက်နိုင်တယ်ပေါ့။ အဲလိုပဲ ရှမ်းနဲ့ မွန် ကရင်တွေမှာလည်း အချို့သော ဆိုးကျိုးတွေက အများကြီးရှိလာနိုင်တယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

သံလွင်မြစ်ပေါ်မှာကို စစ်အစိုးရလက်ထက်မှာကတည်းက ဆည်ကြီး ၆ခုဆောက်ဖို့ရည်ရွယ်ထားပါတယ်။ သံလွင်မြစ်ပေါ်မှာ ရှမ်းပြည်နယ်အတွင်း ကွမ်လုံ၊ မိုင်းပန်အနီးတွင် နှစ်ခု၊ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာတော့ ရွာသစ်တွင်တစ်ခု၊ ကရင်ပြည်နယ်အတွင်းတွင် ဟတ်ကြီနှစ်ခု လက်ရှိ ၅ ခုလျာထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရှိမြစ်ချောင်းများပေါ်တွင် ဆည်ကြီးများတည်ဆောက်မယ့်စီမံကိန်းများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက် နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်တို့ရဲ့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားလျှက်ရှိတဲ့ တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသ နဲ့ အခြားသော တိုင်းရင်းသားဒေသအတွင်းရှိ မြစ်ချောင်းများနဲ့ မြစ်လက်တက်များအပေါ်မှာဆောက်လုပ်ပြီး၊ ဆောက်လုပ်နေဆဲ နဲ့ တည်ဆောက်မယ့်ရေကာတာစီမံကိန်းများ အားလုံးကို ချက်ချင်းရပ်တန့်ပေးရန် ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း ရေကာတာစီမံကိန်းများတည်ဆောက်ခြင်းကြောင့် ဒေသတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူထုများသည် အိုးအိမ်စွန့်ခွာထွက်ပြေးခြင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ထိခိုက်ပျက်စီးစေခြင်း၊ သမိုင်းဝင်ရိုးရာအမွေအနှစ်များ ပျက်စီးဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနဲ့ အခြားသော လူ့အခွင့်အရေးချိူးဖောက်ခြင်းများ စသည်တို့တွေ့ကြုံခံစားနေရပါတယ်။

ဒါ့ကြောင့် တိုင်ရင်းသား ဒေသအတွင်းရှိ မြစ်ချောင်းများပေါ်တွင် ရေကာတာတည်ဆောက်ခြင်းလုံးဝမပြုလုပ်ရန်၊ တည်ဆောက်ပြီးတော့ ရေကာတာစီမံကိန်းနှင့်စီမံကိန်းလျာထားခြင်းကြောင့် ထိခိုက်နစ်နာခံရသော ဒေသခံလူထုအတွက် ပြန်လည်ကုစားပေးရန်၊ ဌာနေတိုင်းရင်းသားရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များကို လေးစားလိုက်နာရန် နှင့် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများပြီးဆုံးပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ်အောက်တွင် အာဏာခွဲဝေပေးမှုများ ရရှိလာသည်အထိ မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်းများကို ရပ်တန့်ထားရန်လိုအပ်ကြောင်း တောင်းဆိုလိုက်ပါတယ်။

သံလွင်မြစ် ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ကြောင်းတစ်လျှောက် ပြည်နယ်တွေမှာလည်း သံလွင်မြစ်မှာရေကာတာတည်ဆောက်ခြင်းအလိုမရိကြောင်း နဲ့ဖြစ်လာမယ့်ဆိုးကျိုးတွေကို လိုက်လံမျှဝေသွားမယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts