Wednesday, January 26, 2022

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရှောင်ပြည်သူကို အတင်းအဓမ္မအိမ်ပြန်ခိုင်းနေတာကြောင့် အခက်အခဲဖြစ်နေ

Must read

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေသလိုကျေးရွာအတွင်းမှာ တပ်စွဲထားပြီး စစ်ရှောင်ရှိရာနေရာအထိ သွားရောက်ကာ စစ်ရှောင်ပြည်သူတွေကို အတင်းအဓမ္မအိမ်ပြန်ဖို့ ပြောဆိုနေတာကြောင့် အိမ်ပြန်သွားလာဖို့အတွက် အခက်အခဲရှိတယ်လို့ စစ်ရှောင်ပြည်သူဆီကနေ သိရပါတယ်။

“ မနေ့က ၂၀ရက်နေ့ ညနေလောက်မှာ စစ်ကောင်စီက ထီးဖိုးကလိုအုပ်စု ဖဲလျားရွာကနေ ဒေါလျားခူရွာကို သူတို့ခြေလျင်နဲ့ လမ်းလျှောက်လာတယ်။ ညကိုတော့ ဒေါလျားခူရွာစာသင်ကျောင်းမှာ သူတို့ ညအိပ်စခန်းချတယ်။ ချပြီးတော့ ဒီနေ့ ၂၁ရက်နေ့ မနက်ပိုင်းမှာ သူတို့ တောင်ပေါ်တက်သွားတယ်ပေါ့နော စစ်ရှောင်ရှိတဲ့နေရာကို သူတို့သွားတယ် စစ်ရှောင်နဲ့တွေ့တယ် စစ်ရှောင်တွေကို အိမ်ပြန်ဖို့ မောင်းပြန်တယ်။ မဖြစ်မနေ အိမ်မှာပဲ ပြန်နေကြပါလို့ သူတို့ပြောတယ်။ ရွာသားတွေက သူတို့ကြောက်တယ် ကြောက်တော့ မဖြစ်မနေ အိမ်ကိုပြန်လာကြတယ် အချို့ အိမ်မှာမနေရဲဘူး အခုဆိုလို့ရှိရင် လွိုင်ကော်ကိုသွားဖို့ ကပြာကယာပြင်ဆင်ကြတယ် လုပ်နေကြတယ်ပေါ့။ ခုနကဆိုလို့ရှိရင် ကားတစ်စီးသွားလိုက်ပြီပေါ့နော။ တချို့သူတွေလည်း ရွာမှာအများကြီးကျန်သေးတယ်” လို့ စစ်ရှောင် ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်ရှိတဲ့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တွေ့သမျှ စစ်ရှောင်ပြည်သူတွေကို အိမ်ပြန်ခိုင်းနေပြီး တောင်ပေါ်တစ်လျှောက်လည်း လှည့်ပတ်သွားလာ မေးမြန်းတာတွေရှိတယ်လို့ စစ်ရှောင်ဒေသခံဆီကနေ သိရပါတယ်။

ကျေးရွာအတွင်းမှာ စစ်တပ်က တပ်စွဲထားတာကြောင့် စစ်ရှောင်ပြည်သူတွေက အိမ်မပြန်ရဲဘဲ လွတ်ရာနေရာကို ထပ်မံထွက်ပြေးတိမ်းရှောင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“အခုက ပြန်လာဖို့ သွားလာဖို့ လမ်းခရီးအခက်အခဲပေါ့နော သွားဖို့လာဖို့ သယ်ဖို့ ပြုဖို့ ဘားမှမရှိဘူး တောထဲမှာဆိုလို့ရှိရင်လည်း သွားလာလို့အဆင်မပြေဘူး အဲဒါကတစ်ချက်။ နောက်တစ်ချက်က သက်ကြီးရွယ်အိုတွေပါတယ် ကလေးတွေပါတယ် ကိုယ်ဝန်ဆောင်တွေပါတယ် မီးဖွားတွေပါတယ်။ အဲ့လိုလူတွေတော့လည်း ရွေ့ပြောင်းသွားလာဖို့အတွက် သူတို့မှာအများကြီး အခက်အခဲရှိတယ်ပေါ့နော။ ကျန်းမာရေးချို့ယွင်းတဲ့သူလည်းပါနေတော့ အဲ့ဒီအတွက် အများကြီးအခက်အခဲဖြစ်တယ်” လို့ အဆိုပါ စစ်ရှောင်ဒေသခံက ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူအများစုမှာ လွိုင်ကော်မြို့ကို ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေကြပေမယ့်လည်း စစ်ရှောင်ခိုလှုံခွင့်ရမယ့်နေရာကို မသိရှိတာကြောင့် ကူညီဆောင်ရွက်ပေးနေတဲ့သူက ခိုလှုံနိုင်မယ့်နေရာတွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူအတွက် နေရာထိုင်ခင်းအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း တပ်စွဲထားတဲ့အတောအတွင်းမှာလည်း ဒေသခံပြည်သူတွေရဲ့ နေအိမ်ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၁ရက်နေ့ နံနက် ၉နာရီကျော်မှာ လွိုင်ကော်မြို့ကနေ ဒီမော့ဆိုမြို့နယ်ကို ဦးတည်သွားတဲ့ စစ်ကားအစီး ၂၀ ကျော်ရှိပြီး ရိက္ခာတင်ကား၊ အလုံပိတ်ကား၊ စစ်သားအင်အားအများအပြား တင်ဆောင်သွားတယ်လို့ တွေ့ရှိသူတွေက ပြောပါတယ်။

“ ဒီမနက် ၉နာရီကျော်လောက်ပေါ့ စစ်ကားအစီး ၂၀ကျော်တယ် လူကော ရိက္ခာကော ပါတယ် လွိုင်ကော်ဖက်ကနေ ဒီမော့ဆိုမြို့နယ်ဖက်ကို ဦးတည်ပြီးဆင်းသွားတာ ဘယ်ဖက်ကိုသွားတာလဲတော့မသိဘူး” လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာလည်း စစ်ကောင်စီဖက်ကနေ စစ်ရှောင်ရှိတဲ့နေရာအထိ သွားလာနေကြသလို အတင်းအဓမ္မ ရေခပ်ခိုင်းတာတွေ ခြိမ်းခြောက်တာတွေ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူဆီကနေ သိရပါတယ်။

ဇွန်လ ၁၅ရက်နေ့မှစ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမယ့်လည်း စစ်ကောင်စီဖက်ကနေ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်အင်အား၊ ရိက္ခာဖြည့်တင်းမှု ပိုမိုလုပ်ဆောင်နေတာဖြစ်တာကြောင့် တိုက်ပွဲတစ်ဖန် ထပ်မံဖြစ်ပွားမှာကို ဒေသခံပြည်သူတွေက စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

- Advertisement -
- Advertisement -

Latest article

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-346584808 ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၅ ရက်နေ့ KT FM ရဲ့ အင်္ဂါနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ- လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ-...