spot_img
Tuesday, November 29, 2022
spot_img

အစိုးရထောက်ပံ့ငွေရဖို့ ဆင်းရဲနွမ်းပါးသူစာရင်း တိတိကျကျကောက်ခံနိုင်ခြင်းမရှိခဲ့

spot_imgspot_imgspot_imgspot_img

အန်ထောနီ

အခြေခံလူတန်းစားဆင်းရဲနွမ်းပါးသူတွေကို ကိုရိုနာဗိုင်းရပ်(စ်)ကာလအတွင်း အစိုးရ ထောက်ပံ့ငွေပေးအပ်တဲ့ အစီအစဉ်မှာ အမှန်တကယ်လိုအပ်နေတဲ့သူတွေစာရင်း တိတိကျကျမကောက်ယူနိုင်ခဲ့တာတွေကြောင့် ပြည်သူတွေအကြား အထင်အမြင်လွှဲမှုတွေရှိနေပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အစိုးရက အခြေခံလူတန်းစားဆင်းရဲနွမ်းပါးသူတွေကို စာရင်း ချက်ချင်းတောင်းလာတဲ့အခါမှာ အမြန်ဆုံးနဲ့တိတိကျကျမကောက်ယူနိုင်တာတွေကြောင့် ပြည်သူလူထုတွေမှာ အမြင်စောင်းခံရတာတွေ ကြုံတွေ့နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာအုပ်စုဥက္ကဌ ဦးပရိုက်စူ ကပြောပါတယ်။

“ဒီလိုမျိုးအထက်က ဗြုန်းခနဲ့ဗြန်းခနဲ့ဆိုလာလာပြီးတော့ အထက်ကနေ မနက်ဖြန်တဘက်ခါအဲလိုမျိုးရောက် အောက်ပို့ဆိုတော့ အဲလိုမျိုးအုပ်စုကြီးတဲ့အခါကျတော့ ငါတို့ဟာလည်းမပါဘူး။ အောက်ရွာတွေကများတယ်။ အပေါ်ရွာကများတယ်ဆိုတာမျိုးတွေ ပြောလာကြတော့ အခက်အခဲကြုံရတာမျိုးရှိခဲ့တယ်။” လို့ ဦးပရိုက်စူကပြောပါတယ်။

ရှားတောမြို့နယ် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပစဥ်။ ဓါတ်််််ပုံ – ကယားပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ယက်စာမျက်နှာ

ကျေးရွာအုပ်စုများတဲ့ရွာတွေမှာ ထောက်ပံ့ကြေးမရပဲ ကျန်ခဲ့တဲ့ပြည်သူတွေကအစိုးရကို အယုံအကြည်မရှိတော့တဲ့အကြောင်း ဝေဖန်သွားကြတဲ့သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

အမှန်တကယ်လိုအပ်တဲ့သူတွေရဲ့စာရင်းကို အတတ်နိုင်ဆုံးတော့ရွေးခြယ်ထားရတယ်လို့ ဒီးမော့ဆိုမြို့နယ် အောင်ချမ်းသာကျေးရွာမှ ဦးယာကိုက ပြောပါတယ်။

“အိမ်ခြေ ၈၀ ရတယ်။ နံပါတ် ၁က မပါသင့်တာ အစိုးရဝန်ထမ်းမပါသင့်ဘူးပေါ့။ နည်းနည်းပိုဆင်းရဲတဲ့သူတွေကိုပိုရွေးလိုက်တာပါ။ အချိန်တော့ မရတော့ သေသေချာချာတော့ မရွေးမီလိုက်ဘူးပေါ့။ ကိုယ့်ရွာရဲ့အတိုင်းအတာကိုကြည့်ပြီးတော့ ဒီလိုထည့်သင့်တယ်။ ဟိုလိုထည့်သင့်တယ်အဲလိုပဲလုပ်လိုက်တာ။” လို့ ဦးယာကိုက ပြောပါတယ်။

သက်ဆိုင်ရာမြို့နယ်အလိုက် တက်လာတဲ့ အိမ်ထောင်စုစာရင်းတွေကို တစ်အိမ်ထောင်စုလျှင် ကျပ် ၂သောင်းစီ အစိုးရကနေ ထောက်ပံ့ပေးသွားတာဖြစ်ပါတယ်။

ပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေတွေကို ပေးနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အလိုပ် အုပ်ချုပ်ရေးမှူးတွေကို ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်တဲ့ အခန်းအနားကိုပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ ပြည်နယ်အစိုးရရုံးခန်းမမှာကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဒုတိယအကြိမ် အစိုးရကနေထောက်ပံ့ချိန်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုဝင်စုစုပေါင်း ၁၆၆၉၈ ကိုထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း (၈၉၀၄)သိန်း ကျော်ကိုထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Related Stories