spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကုရ်ဘာနီအီးဒ်နေ့ (အစ်နေ့) ကို စုပေါင်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကုရ်ဘာနီအီးဒ် (အစ်နေ့) ကို ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ အစ္စလာမ်ဘာသာဝင်ရဲဘော်တွေ နဲ့ စစ်ဘေးရှောင် တွေက စုပေါင်း ပြုလုပ်သွားခဲ့ကြပါတယ်။

ကုရ်ဘာနီအီးဒ်ဟာ ပေးကမ်းစွန့်လှူခြင်းဖြစ်ပြီး ခက်ခဲဆင်းရဲသူတွေကို လှူဒါန်းတဲ့နေ့ဖြစ်ပါတယ်။ ကုရ်ဘာနီအီးဒ် လို့ ခေါ်ဆိုကြတဲ့ “အစ်နေ့” ရဲ့ အဓိပ္ပါယ်ကို ပွဲစီစဉ်သူတစ်ဦးက အခုလိုရှင်းပြပါတယ်။

“အစ်ဆိုတာ ကျနော်တို့ ကုရ်ဘာနီအီးဒ် လို့ခေါ်တာပေါ့ တစ်နှစ်မှာ အစ်ကြီး၊ အစ်ငယ် နှစ်ခါရှိတယ်ပေါ့။ အစ်ငယ်ဆိုတာ ဥပုဒ်နှစ်ပြီးရင် ပျော်ပွဲရွှင်ပွဲအနေနဲ့ မုန့်တွေဘာတွေလုပ်စားကြတယ် ဝိုင်စားတယ် ။ ဒါကိုအစ်ငယ်လို့ခေါ်တယ် အစ်ကြီးကို ကုရ်ဘာနီအီဒ် လို့ခေါ်တယ် အဓိပ္ပါယ်က စွန့်လှူခြင်းလို့အဓိပ္ပါယ်ရတယ်ပေါ့။ မရှိဆင်းရဲသားတွေကိုလှူဖို့ ကျနော်တို့လုပ်တာ ဒီမှာဆိုလဲ စစ်ရှောင်အတွက် သီးသန့်နွားတစ်ကောင်ပါတယ်။ အဲ့တာကို ခက်ခဲတဲ့စစ်ရှောင်ကို စာရင်းကောက်ပြီးကျနော်တို့ပို့ပေးတယ်။” လို့ သူက ပြောပါတယ်။

ယခင် အစဉ်အဆက်ကတော့ ကုရ်ဘာနီအီးဒ် (အစ်နေ့) ပြုလုပ်မယ့်ရက် မတိုင်ခင်မှာ အစိုးရ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ကို ခွင့်ပြုချက်တောင်းခံရသလို ငွေကြေးပေးဆောင်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးကာလမှာတော့ ရှိတဲ့အရပ်နေရာကနေ ပွဲကို ပြုလုပ်ကြတယ်လို့ ပြောပါတယ်။

“အီးဒ် နေ့ရောက်ရင် နှစ်ရက် သုံးရက် အလိုကတည်းက ရင်ခုန်ကြတယ် ကလေးအစ၊ လူကြီးအဆုံး။ ငါတို့ အဝတ်အစားဝယ်မယ် ဘယ်လိုလေးဝတ်မယ် ဘယ်အိမ်မှာသွားလည်မယ် နေ့ရော ညရော ရင်ခုန်နေကြတာ ဒါက အရင်တုန်းကပေါ့။ ဒီတော်လှန်ရေးမှာ ဘာသွားကွာလဲဆိုတော့ ဝမ်းနည်းစရာ ဆိုရင်တော့ ကိုယ့်ရဲ့အိမ်နီးချင်းတွေ မိသားစုတွေနဲ့ ဝေးရတယ်။ ဝမ်းသာစရာလို့ပြောရရင်တော့ ရင်ဘတ်ချင်းတူတဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အကုန်လုံး ကြုံဆုံခွင့်ရပြီးတော့ ကျနော်တို့ရဲ့ အစ်ပွဲကို ပြန်လုပ်ခွင့်ရတယ်ပေါ့။ တစ်ဖက်ကိုကြည့်လိုက်ရင် ဝမ်းနည်းစရာကောင်းပေမယ့် တိုင်းပြည်ရဲ့အရွေ့မှာ ဒီလိုလူတွေနဲ့ ဆုံတွေ့ခွင့်ရတာ ဝမ်းသာစရာကောင်းတယ်ဗျ။ “ လို့ တော်လှန်ရေးကာလမှာ ပွဲပြုလုပ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး သူက ဆက်ပြောပါတယ်။

ဒီကနေ့မှာ ပြုလုပ်သွားတဲ့ ကုရ်ဘာနီအီးဒ်နေ့ မှာတော့ ဝတ်ပြုခြင်းအစီအစဉ်နဲ့ ဧည့်ခံကျွေးမွေးရေး အစီအစဉ််တွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts