spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

အဓမ္မစုဆောင်းပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်တကွ KNDF ထံ ဘက်ပြောင်းခိုလှုံလာ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီကနေ အဓမ္မ စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၂ဦးဟာ လက်နက်နဲ့ အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း ၂ဦးဟာ ဧပြီလ ၂၀ ရက်နေ့မှာ MA-1 တစ်လက် ၊ MA-2 တစ်လက် နဲ့အတူ ဝင်ရောက်လာတာပါ။

အဆိုပါ တပ်သား ၂ဦးဟာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၂ လက်အောက်ခံ ခလရ (၉) တပ်ရင်းကဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၇)မှာ စစ်သင်တန်းပြီးမြောက်ကာ ဒီးမော့ဆိုမြို့နယ်အတွင်းက ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား ၂ဦးကို ဆုကြေးငွေပေးအပ်ပြီး ကောင်းမွန်လုံခြုံစွာ ထားရှိထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီထုတ်ပြန်ကြေငြာလိုက်တဲ့ စစ်မှုထမ်း ဥပဒေနောက်ပိုင်းမှာ KNDF ထံ အလင်းဝင်လာသူ ၁၀၀ ကျော်ရှိတယ်လို့ KNDF ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နောက်ဆုံးထား သိရပါတယ်။

အခုလို စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မစုဆောင်းခံရသူတွေ ရှေ့တန်းပို့ဆောင်ခံရပြီးနောက် ဘက်ပြောင်းလာသူ များတယ်လို့ KNDF က ပြောဆိုထားပါတယ်။

ဘက်ပြောင်းမှုများလာပြီး စစ်ကောင်စီဖက်က တပ်သား အင်အားနည်းလာတာနဲ့အတူ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ထပ်တိုးလုပ်ဆောင်လာမှုတွေ ရှိတာကြောင့် မိဘပြည်သူတွေ အထူးသတိထားသွားလာကြဖို့ကိုလည်း KNDF တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts