spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

“ အပြည်ပြည်ဆိုင်သူနာပြုများနေ့ “ မှာ ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM သူနာပြုဆရာ၊ ဆရာမများရဲ့စကားသံများ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ ၁၂ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့” – International Nurses Day ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားကြတဲ့ ကရင်နီပြည်က သူနာပြု ဆရာ၊ ဆရာမ တွေ ဟာ ပြည်သူတွေနဲ့ အတူ အခက်အခဲကြားမှာ ရပ်တည်လာတာဟာ အခုဆိုရင် ၄ နှစ်ကျော်ကာလ ဝန်းကျင်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သူနာပြုတွေဟာ လူမှုအသိုင်းအဝိုင်းအတွက် အရေးပါဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာပါ။ “အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့” အထိမ်းအမှတ်အဖြစ် ကရင်နီပြည်ရဲ့ တော်လှန်ရေးနယ်မြေက CDM သူနာပြု ဆရာ၊ ဆရာတွေရဲ့ စကားသံကို ဖော်ပြလိုက်ပါတယ်။

Emily ( CDM သူနာပြု ဆရာမတစ်ဦး )

“စစ်ပွဲကြားမှာ သူနာပြုလုပ်ငန်းနဲ့ စပ်ဆိုင်တာတွေ လုပ်ဆောင်နေရတာ ဂုဏ်ယူသလို ရှေ့ဆက်ပြီးလည်း လူထုကျန်းမာရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်နေဦးမှာပါ။ ဖလောရင်းနိုက်တင်ဂေးလ်ရဲ့ မီးအိမ် ဆက်ထွန်းလင်းနိုင်ဖို့ သစ္စာအဓိဌါန်ပြုပါတယ်”

CDM သူနာပြုဆရာမတစ်ဦး

“ ဒီနေ့ ကျရောက်တဲ့ International Nurses Day မှာ တော်လှန်ရေးဆုံးခမ်းတိုင်အောင် ပြည်သူလုထုအတွက် ဆက်လက်အကျိုးပြုနိုင်ကြဖို့ရန် ကျမအ‌နေနဲ့ ပြောချင်ပါတယ်။”

ကနျားမော် (အမည်လွဲ) – CDM သူနာပြု ဆရာမ တစ်ဦး

“ ယနေ့အချိန်ထိ တော်လှန်ရေးမှာ ရပ်တည်ပေးကြတဲ့ CDM ပြုလုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးကို အထူးပဲ ကျေးဇူးတင်တယ်။ တူတူ ရပ်တည်လာကြလို့လည်း တစ်ဖက်တစ်လှမ်းမှာ ပြည်သူတွေအတွက် ပါဝင်ပြီး‌တော့ နိုင်ရာဝန်ကို ထမ်းကူပေးကြတယ်။ အခက်အခဲတွေ အများကြီးထဲမှာမှ အတူတူ ရုန်းကန်ပြီးတာ့ ပြည်သူအတွက် တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာမှာ ပါဝင်ကြတဲ့ အတွက် သူတို့အကုန်လုံးကို ကျေးဇူးတင်တယ်။ အများကြီးလည်း ချစ်တယ်။ အရမ်းလည်း လေးစားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူနာပြုတွေ ဆိုတာက ပြည်သူတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက်ကြမလို့ သူတို့တွေက လည်း အကုန်လုံးမိခင်‌တွေ ဖြစ်နေကြတဲ့အတွက်မလို့ ကိုယ့်ရဲ့ မိခင်စိတ်နဲ့ ပြည်သူတွေ အပေါ်မှာ ထားပေးကြလို့ လည်း အခုချိန်ထိ ရပ်တည်ပေးနိုင်တဲ့ အတွက် ဂုဏ်ယူတယ်။ ရှေ့ဆက်ပြီးတော့ ဒီထက်မက ကျမတို့အကုန်လုံး အတူတကွ ဒီတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အတူတကွ ဆက်လက်ပြီးတော့ ရုန်းကြပါစို့”

ခူးကလောရယ် ( CDM သူနာပြုတစ်ဦး )

“မြေပြင်မှာ ရှိတဲ့ ဆေးခန်းတိုင်းကို ကွင်းဆင်းကြည့်စေချင်တယ် သူတို့ရဲ့လိုအပ်ချက်တွေ တတ်နိုင်သလောက်ဖြည့်ဆည်းပေးစေချင်တယ်။ Nurse တစ်ယောက်ဖြစ်ရတာဂုဏ်ယူပါတယ်”

မီးမီး ( CDM သူနာပြုဆရာမ တစ်ဦး )

“ပြောချင်တာကတော့ အခက်အခဲတွေကြားထဲက မြေပြင်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ သူနာပြု ဆရာ၊ ဆရာမ တွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုအပ်ပါတယ်”

spot_img
spot_img