အယ်ဒီတာထံပေးစာ

ဒီးမော့ဆိုမြို့ ယာဉ်တိုက်မှုဖြစ်နိုင်ချေရှိတဲ့ နေရာတချို့မှာ မီးပွိုင့်တပ်ဆင်လာတဲ့အတွက် အစိုးရကျေးဇူးတင်မိပါတယ်။

ဒါပေမဲ့ မီးပွိုင့်က မီးပုံမှန်မပြသလို၊ မီးပြလို့ မီးနီရင် ရပ်တဲ့ယာဉ်တွေရှိသလို ဖြတ်မောင်းတဲ့ယာဉ်တွေ အများကြီးရှိပါတယ်။ အခုလို ဖြတ်မောင်းနေကြတာ အန္တရာယ်ရှိသလို တခြားဒေသ၊ နိုင်ငံက လာတဲ့လူတွေ မြင်တွေ့ရင် အထင်သေးအမြင်သေးမှုနဲ့ ရှက်စရာကောင်းပါတယ်။

ဒီလိုစည်းကမ်းမရှိဖြတ်မောင်းနေတဲ့ လူတချို့ကို အပြစ်ပေးအရေးယူမယ့် ယာဉ်ထိန်းရဲလဲ မရှိတဲ့အတွက် အတုယူ စည်းကမ်းပျက်မှုတွေ ပိုများလာနိုင်ပါတယ်။

ဒါကြောင့် ပြည်နယ်အစိုးရမင်းများသိရှိပြီး ကြပ်မတ်လာနိုင်ရန် ကန္တာရဝတီတိုင်း(မ်) မှ တင်ပြပေးပါ။

(ဒီးမော့ဆိုမြို့နယ်မှ ပြည်သူတစ်ဦး)

Comments

comments

Next Post

အမှန်တရားကို မြေပြင်မှာရှာပါ

Mon Jun 1 , 2020
၂၀၁၂ လယ်ယာမြေဥပဒေ ၏ အကျိုးဆက်များ (၁၁.၅.၂၀၂၀) တိုင်းရင်းသားဒေသတွေမှာ မြေယာ နှင့် ပတ်သက်ပြီး သက်သေခံစာရွက်စာတမ်းတောင်းလာရင် သူတို့မှာ ပြနိုင်တာဆိုလို့ ကြာချိန် (တိကျရှင်းမူမရှိသောအချိန်ကာလ) ပဲဖြစ်တယ်။ (သို့မဟုတ်) ခေတ်အဆက်ဆက်က ဒီမြေကိုလက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့တဲ့ ဘိုးဘွားတွေရဲ့အမည်နာမတွေပါပဲ။ ဒါပေမဲ့ ဒါတွေကို ၂၀၁၂ လယ် ယာမြေဥပဒေကို နားမလည်ဘူး။ အသိအမှတ်မပြုဘူး။ ဒါကြောင့် ယခုအခါမှာ ဒေသခံတောင်သူလယ်သမားတွေ အကြီးအကျယ်ခံနေရတယ်။ အနိင်ကျင့်ခံနေရတယ် ။ တရားရုံးမှာ တရားစွဲခံနေရတယ်။ ဥပဒေနဲ့ ခြိမ်း ခြောက်ခံနေရတယ်။ ကယားပြည်နယ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ကိုင်ပြီး ဒေသခံတောင်သူ လယ်သမား တွေကို တရားဆွဲ တဲ့အမူက (၃/၄) မူမက ရှိနေပြီ။ တရားလိုတွေအားလုံးနီးပါးက အစိုးရဌာနဆိုင်တွေနဲ့ နီးစပ်သူတွေဖြစ် […]