spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဘာသာရေးအဆောက်အအုံ (၅၂)လုံး ပျက်စီး၊ လက်နက်ကြီးထိမှန်မှုကြောင့် အများဆုံးဖြစ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အာဏာသိမ်းကာလအတွင်း ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ပျက်စီးခဲ့ရတဲ့ ဘာသာရေးအဆောက်အအုံ (၅၂)လုံးရှိပြီး လက်နက်ကြီးထိမှန်မှုကြောင့် အများဆုံး ဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေဟာ လက်နက်ကြီး ၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု နဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ အဓိက အကြောင်းရင်းဖြစ်တဲ့ဟာကတော့ လက်နက်ကြီးထိမှန်တဲ့ဟာကြောင့် ပျက်စီးတာရယ်၊ ပြီးတော့ လေကြောင်း ပစ်ခတ် ဗုံးကြဲမှုကြောင့် ပျက်စီးတာရယ် စစ်ကောင်စီက မီးရှို့ဖျက်ဆီးလို့ အဓိက အဲ့ သုံးခု ကြောင့် ပျက်စီးတာ တွေ့ရတာပေါ့နော်။”လို့ PKPF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်မှာ ၁၆ လုံး၊ ဖယ်ခုံမြို့နယ်မှာ ၁၅လုံး၊ လွိုင်ကော်မြို့နယ်မှာ ၉ လုံး ၊ ဖရူဆိုမြို့နယ်မှာ ၅ လုံး ၊ ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်မှာ ၃လုံး၊ ဘောလခဲမြို့နယ်မှာ ၁ လုံး စုစုပေါင်း ၅၂လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲမှာ ၂၀၂၂ခုနှစ်အတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံ ၂၀ လုံး ရှိပြီး အများဆုံး ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ ဘာသာရေးဘုရားကျောင်းအနက် ကတ်သလစ်ခရစ်ယာန် ဘုရားကျောင်း ပျက်စီးမှု အများဆုံးဖြစ်ပြီး ၂၄ လုံး ၊ ဗုဒ္ဓဘာသာ အဆောက်အအုံ ၁၇ လုံး ၊ နှစ်ခြင်းခရစ်ယာန်ကျောင်း (၁၀) လုံး ၊ ဗလီကျောင်း ၁ လုံး စုစုပေါင်း ၅၂ လုံးဖြစ်တယ်လို့ PKPF စာရင်းအရ သိရပါတယ်။

ဘာသာရေးအဆောက်အအုံအပြင် ပျက်စီးသွားတဲ့ နေအိမ် (၂၇၆၉)လုံး ၊ ဆေးရုံဆေးခန်း (၁၈)လုံး ၊ စာသင်ကျောင်း ၂၆ လုံး ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts