spot_img
Thursday, December 1, 2022
spot_img

အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလအတွင်း ကရင်နီပြည် အရပ်သားသေဆုံးသူ ၂၅၀ကျော်အထိ ရှိနေ

spot_imgspot_imgspot_imgspot_img

မော်မီမြာ ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည်မှာ အာဏာသိမ်းကာလ ( တစ်နှစ်နဲ့သုံးလအတွင်း) ဧပြီ (၂၄)ရက်နေ့အထိ အရပ်သားသေဆုံးသူ (၂၅၇) ဦး အထိ ရှိနေပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဓိက အရပ်သားပြည်သူတွေကို စစ်ကောင်စီကနေပြီး အကြောင်းမဲ့ သတ်ဖြတ်တာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးရတာတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ အမျိုးသားတွေ ပိုများပါတယ်။ အမျိုးသမီး က ကျနော်တို့ ဒီ ဒီဇင်ဘာလ ပြီးခဲ့တဲ့ တစ်နှစ်မပြည့်ခင် ထုတ်ပြန်ချက်အရက အမျိုးသမီးက ၁၁ ရာခိုင်နှုန်း သေဆုံးမှုရှိတယ်ပေါ့နော။ ကျနော်တို့ထုတ်ပြန်တဲ့ စာရင်းအရဆိုရင်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ရာခိုင်နှုန်းနဲ့ ကျနော်တို့ မတွက်တော့ဘူး။ ဒီအတိုင်း အားလုံး ခြုံငုံ တဲ့ ဟာမျိုးပဲ ကျနော်တို့ ထုတ်ပြန်တယ်။ အမျိုးသမီးက ဘယ်လောက် ၊ ကလေးက ဘယ်လောက် ၊ သက်ကြီးရွယ်အို ဘယ်လောက် ၊ မိခင် မီးဖွားရင်း သေဆုံး ဘယ်လောက် အဲ့လိုတော့ ကျနော်တို့ မခွဲ ထားသေးဘူး။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကောက်ယူရတဲ့အချက်အလက်အရ ဒီးမော့ဆို မြို့နယ်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အသတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံတာတွေ၊ ဒေသခံ PDFတွေနဲ့ ချိတ်ဆက် သွားရောက်ပြီး လက်လှမ်းမှီသလောက် အချက်အလက် ကောက်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လုံခြုံရေးအခက်အခဲ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ ဘယ်အပိုင်းမှာ လက်လှမ်းမမီနိုင်လဲဆို အဓိက ခြောက်မိုင် ဒီးမော့ဆိုမြို့နယ်တွေပေါ့နော။ လက်လှမ်းမမှီဘူး။ တခြားမြို့နယ် လွိုင်ကော်တို့ ဖယ်ခုံတို့ဆိုရင် တိုက်ပွဲဖြစ်ပြီး အရပ်သား ပစ်သတ်ခံရတယ်ဆိုရင် နောက်တစ်ရက် စစ်ကောင်စီက တခြားနေရာသွားတဲ့အတွက် အဲ့တိုက်ပွဲ ဖြစ်တဲ့နေရာ အသတ်ခံရတဲ့ ပြည်သူတွေ ရှိတဲ့ ရွာ ကျနော်တို့ ဝင်လို့ရတယ်။ Local PDFနဲ့ အတူတူသွားလို့တော့ရတယ်။ သွားပြန်ကြည့်လို့တော့ရတယ်။ အဲ့လိုမျိုး ခြေအနေတွေရှိတယ်။ ဒါပေမယ့် ဒီးမော့ဆို ခြေနေက အဲ့လို မရှိဘူးပေါ့နော။ သွားလည်းမသွားရဲဘူး။ တချို့ Local PDFတွေတော့ သွားတာတွေရှိတယ်။ ကျနော်တို့ မသွားရဲဘူး။ အထူးသဖြင့် ဒီးမော့ဆို မြို့နယ်ပေါ့။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အရပ်သားသေဆုံးသူ (၂၅၇) ဦးမှာ စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်တာ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးတာ (၂၃၁) ဦး၊ စစ်ဘေးရှောင်ရင်း သေဆုံးသူ (၂၄) ဦး နဲ့ သပိတ်ကာလအတွင်းသေဆုံးသူ (၂)ဦး တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် ချိကယ်ရပ်ကွက်အတွင်း အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNDF က ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

သေးဆူလဲ – နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်ပြန်ဆုတ်ခွာ၊ စစ်ရေးတင်းမာနေသေး

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုမြို့ နယ် သေးဆူလဲ - နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ် မနေ့က ( နိုဝင်ဘာလ ၃၀ ရက်နေ့ ) စပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “နှစ်ရက်သုံးရက်လောက်ရှိပြီ။ သေးဆူလဲ-...

စစ်ရှောင်နေအိမ်အမိုးပိုကြာရှည်ခံဖို့ မိုးကာအစား သက်ကယ်ကို အစားထိုးအသုံးပြု

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်)) ကရင်နီပြည်တွင်းက စစ်ဘေးရှောင်အိမ်တွေမှာ ယခင်က မိုးကာနဲ့ အသုံးပြုပေမယ့် တစ်နှစ်မှာ မိုးကာ နှစ်ခါ သို့မဟုတ် သုံးခါ လဲလှယ်ရတဲ့အတွက် အဲဒီအစား တစ်နှစ်စာပိုခံနိုင်ဖို့ စစ်ရှောင်တွေဟာ သက်ကယ်ကို ရှာပြီးတော့ ရိတ်ယူနေကြပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းမှာ နေထိုင်တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ အာဒြေးကိုကတော့...

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ KG တန်းအတွက် စာသင်ပုန်းမလုံလောက်တဲ့အတွက် ကျောင်းက အမိုးအကာ ပေါ်မှာ စာရေးသင်ကြားပေးနေရတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။ "ကျမတို့ KG တန်းမှာ White Board မရှိတော့ ဆရာမတစ်ယောက်ကနေပြီးတော့ မိုးကာပေါ်မှာဘဲ စာရေးပေးရတယ် အဲလိုမျိုးပေါ့။" လို့...

ယင်းတလဲစာပေတွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်း သင်ကြားပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်ထဲမှာရှိတဲ့ ယင်းတလဲ လူမျိုးစု အနေနဲ့ လူမျိုးမပျောက်ကွယ်အောင် စာပေတွေကို ယင်းတလဲလူမျိုးတွေ အများစုနေထိုင်တဲ့ဒေသက စာသင်ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ စတင်သင်ကြားပေးနေပြီလို့ ယင်းတလဲလူမျိုး တစ်ဦးက ပြောပါတယ်။ “လူမျိုးလည်း နည်းလာပြီပေါ့နော။ လူမျိုးနည်းလာတော့ အခုကလည်း ဘယ်လိုပြောရမလဲ။ ယဉ်ကျေးမှုပဲ လွှမ်းမိုးတာလား။ လူမျိုးအချင်းချင်းကပဲ လွှမ်းမိုးတာပဲဖြစ်ဖြစ်...