ကယားဘာသာရေဒီယိုအစီအစဉ်
အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား)
မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း
ယခုတစ်ပတ်မှာတော့ ” ရွာမီးရှို့မယ်ဆိုတဲ့ သတင်းကြောင့် ကသဲကျေးရွာမှ ဒေသခံများ ရွာကိုစွန့်ခွာ ” ဆိုတဲ့ သတင်းနဲ့ “ ဖယ်ခုံမြို့ရှိ ရွှေပြည်အေးရွာသားများကို အကြမ်းဖက် စစ်ကောင်စီမှ လူသားတိုင်းကာအဖြစ် ဖမ်းဆီးထား ” ဆိုတဲ့သတင်းနဲ့အတူ “ စစ်အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ခဲ့ရလို့ ဝမ်းနည်း ဝမ်းသာဖြစ်နေရတဲ့ မိသားစုဝင်တွေရဲ့ ဘ၀ ” ဆောင်းပါးအပြင် သီချင်းလက်ဆောင်အနေနဲ့ ခူးဖရားရယ် ရေးသားထားပြီး တေးသံရှင် ခူးထဲဖဲ သီဆိုထားတဲ့ Amoe_LoeMa_TelNe_KayahLi ဆိုတဲ့ သီချင်းကောင်းနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။