spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

အေးသာယာရောက် လွိုင်ကော်နဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်းပြခိုင်းပြီး ဆန်ပေးဝေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်၊ အေးသာယာမြို့မှာရှိတဲ့ မွှေးဆန်ဆိုင် ကနေ ရှမ်းပြည်ရောက် လွိုင်ကော်နဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို မှတ်ပုံတင် ( သို့မဟုတ် ) အိမ်ထောင်စုစာရင်းပြခိုင်းပြီး တစ်အိမ်ကို ဆန် ၃ပြည်နှုန်းနဲ့ ၃ရက်ဆက်တိုက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့မှာ လှူဒါန်းပေးခဲ့တာဖြစ်ပြီး လူမထပ်အောင်ရည်ရွယ်ပြီး မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်းပြခိုင်းရခြင်းဖြစ်တယ်လို့ ဆန်လှူဒါန်းပေးခဲ့တဲ့ မွှေးဆန်မျိုးစုံလက်လီလားကားရောင်းဝယ်ရေး ပိုင်ရှင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တစ်ရက်ကို ၃ပြည်နှုန်းပေါ့နော် တစ်အိမ်ကို။ လူအယောက်၃၀စာ ၃ရက်တိတိလှူပေးတယ်။ လာစောင့်တဲ့လူများလို့လေ အိမ်ထောင်စုပဲဖြစ်ဖြစ် ၊ မှတ်ပုံတင်ပဲဖြစ်ဖြစ် ပြပြီး လာထုတ်ရပါမယ်။ လွိုင်ကော်ကော ဖယ်ခုံစစ်ရှောင်ကော လှူဒါန်းပေးပါတယ်။ လူမထပ်အောင်လို့ မှတ်ပုံတင်မဟုတ်ရင် အိမ်ထောင်စုနဲ့တကွပေါ့နော် စစ်ပေးမယ့်စာရေးမတွေထားထားပြီး လှူပေးပါတယ်”လို့ သူက ပြောပါတယ်။

တစ်ရက်ကို လူဦးရေ ၃၀ အတွက် လှူဒါန်းဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ တချို့ရက်တွေမှာတော့ သတ်မှတ်ထားတဲ့အရေအတွက်ထက် ပိုများတယ်လို့ သိရပါတယ်။

ရှမ်းပြည်က မြို့နယ်တချို့မှာ ကရင်နီစစ်ဘေးရှောင်တွေ ငှားရမ်းနေထိုင်တဲ့ အိမ်ငှားခဈေးမြှင့်တက်လာတာကြောင့် ငွေကြေးမတတ်နိုင်တော့တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းလည်း မြှင့်တက်လာတာကြောင့် စားဝတ်နေရေးပူပန်နေရချိန်မှာ အခုလို ဆန်ပေးဝေမှုရှိတဲ့အတွက် စစ်ဘေးရှောင်တွေ အဆင်ပြေစေတယ်လို့ အေးသာယာရောက် လွိုင်ကော်ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ ဟုတ်တယ် မွှေးဆန်ဆိုင်က အေးသာယာမှာ လှူပေးတာ။ မွေးဆန်ဆိုင်က တအိမ်ကို ဆန် ၃ ပြည် နှုန်းနဲ့ တရက်ကို အိမ် ၃၀အိမ်စာ ပဲလှူပေးတာ တရက်ကို ပြည် ၉၀ ပေါ့ အဲ့လိုမျိုး လှူပေးတာ။ ဒီလိုအခြေအနေက တစ်ပြည်လှူပေးလည်း အကျိုးရှိ ဘယ်လောက်ပဲလှူပေးပေး စစ်ရှောင်တွေအတွက်တော့ တစ်တောင့်တစ်နေရာ ပိုအဆင်ပြေစေတယ်။”လို့ သူက ပြောပါတယ်။

အေးသာယာမြို့မှာရှိတဲ့ စက်မှုဇုန်လမ်း နာရီစင်ဘေး မွှေးဆန်ဆိုင်မှာလှူဒါန်းပေးခဲ့တာဖြစ်ပြီး လွိုင်ကော်နဲ့ ဖယ်ခုံစစ်ရှောင်ကို မလှူဒါန်းပေးခင် အေးသာယာရောက် လားရှိုးစစ်ရှောင်တွေကိုလည်း ၃ရက်ဆက်တိုက် လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို ဆန်လှူဒါန်းပေးတဲ့သူတွေဟာ မြေပြင်မှာ မလှူဒါန်းခင် သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြိုတင်အသိပေးလေ့ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts