spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ဧပြီလအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အပါအဝင် ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအပြင် သဘာဝဘေးကြောင့် သေဆုံးသွားတဲ့ ပြည်သူ ၁၈ ဦးရှိပြီး အဲ့ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံး ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့စာရင်းအရ သိရပါတယ်။

သေဆုံးခဲ့သူ ၁၈ ဦးအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ ဦး နဲ့ အများဆုံးရှိပြီး လက်နက်ကြီးကြောင့် ၃ဦး၊ တခြားထိခိုက်မှု ၃ဦး ဖြစ်ပါတယ်။

အခြားသော ထိခိုက်မှု ၃ဦးကတော့ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးလှိမ့်ကျထိရာကနေ အသက်သေဆုံးသွားတဲ့ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး၊ မိုးကြိုးပစ်ထိရာကနေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တာပါ။

“အခုက အကုန်ကြောက်နေရတဲ့ အခြေအနေကြီးလိုဖြစ်နေပြီ။ ဒီနောက်ပိုင်းဆို ငလျင်ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတစ်ခုတည်းမဟုတ်တော့ဘူး ကြောက်စရာတွေက ငလျင်နောက်ဆက်တွဲရဲ့ သဘာဝဘေးအန္တာရာယ်တွေကိုလည်း ကြောက်နေရတယ်။ ပြည်သူတွေ သေဆုံးကြပုံတွေကလည်း ပိုပြီး ထူးခြားလာသလိုလည်း ခံစားလာရတယ်။ အထူးသဖြင့် သဘာဝဘေးကြောင့် သေဆုံးတာတွေပေါ့။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဧပြီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၉ ဦး ၊ လက်နက်ကြီးကြောင့် ၅ဦး နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ဦး စုစုပေါင်း ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖယ်ခုံမြို့နယ် အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို ၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့မြို့နယ်တွေမှာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအိမ်၊ အများပြည်သူပိုင် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ် ၁၅ လုံး ပျက်စီးမှုရှိခဲ့တယ်လို့လည်း IEC စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts