ဧပြီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
00:00 – အဖွင့်
00:52- ရှမ်းတောင်ဒေသကိုအဓိကထားပြီး စစ်ရေးဖော်ဆောင်မယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ KNDF ဗျူဟာ ၉၊ စစ်နည်းဗျူဟာမှူးက ပြောဆိုတဲ့အကြောင်း
01:58- မြင်းမထိတောင် သတ္တုတူးဖော်မှု လက်မခံနိုင်တဲ့အတွက် ဒေသခံတွေဆန္ဒပြထုတ်ဖော်တဲ့သတင်း
03:11- ဒီးမော့ဆိုမြို့ပေါ်က စစ်ရေးအရအရေးပါတဲ့ မြေတွေကို အကွက်ရိုက် ရောင်းချတာတွေမလုပ်ဖို့ ယာယီအုပ်ချုပ်ရေးကောင်စီ က စည်းကမ်းချက်ထုတ်လိုက်တဲ့ဖြစ်စဉ်နဲ့
04:31- ပြည်သူလူထုတွေ အားထားရတဲ့ နန်းစံဖူးရေထွက်ပေါက်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေလို့ IEC မွေးမြူရေးနှင့် ဆည်မြောင်းဌာန ၊ ဌာနမှူးကြီး ပြောကြားလိုက်တဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်…။
05:40 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး စစ်ဘေးအပါအဝင် ကပ်ဘေးအမျိုးမျိုးနဲ့ ကင်းဝေးကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..