spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတွေရဲ့ ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲ့မှု ဓလေ့ကို အသိအမှတ်ပြုသင့်

Author

Date

Category

ကယား(ကရင်နီ)တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနေထိုင်ကြတဲ့ ကျေးရွာတိုင်းမှာ သူတို့သတ်မှတ်တဲ့ မြေအမျိုးအစားတွေ ရှိကြပါတယ်။ ကျေးရွာမြေ၊ ကျေးရွာပိုင်သစ်တော၊ သချိင်္ုင်းမြေ၊ လယ်မြေ၊ တောင်ယာမြေ၊ သစ်တောမြေ၊ ကာကွယ်တော၊ ရေကန်၊ ဥယျာဉ်ခြံမြေ၊ နတ်ထိန်းတော့၊ စားကျက်မြေ၊ ဂူ စတဲ့ မြေအမျိုးစားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မတူညီတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသုံးပြုကြပါတယ်။

မြေယာအသုံးပြုမှုနဲ့ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေက ဆင့်ကဲဆင့်ကဲ မြေယာစီမခန့်ခွဲကြပါတယ်။ မျိုးနွယ်စုအလိုက် သို့မဟုတ် ကျေးရွာအလိုက် မတူညီကြတဲ့ ရိုးရာဓလေ့နဲ့ ဆိုင်တဲ့ မြေယာအသုံးပြုမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိကြတယ်။

ဥပမာ ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ခူးပရာကျေးရွာတစ်ရွာတည်းကိုပဲ လေ့လာကြည့်ပါမယ်ဆိုရင် သူတို့ရွာမှာ ခူးပရာကျေးရွာရဲ့ အသက်မွေးဝမ်းကြောင်း၊ မြေယာအသုံးချမှုနှင့် ရိုးရာဓလေ့အရ မြေယာစီမံခန့်ခွဲမှု ကျေးရွာလူထုပူးပေါင်းပါဝင်တဲ့ သုတေသန အစီရင်ခံစာကို  ၂၀၁ရ ခုနှစ်က ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းက မှတ်တမ်းတင်ထားတဲ့အရာတွေကို ကြည့်နိုင်ပါတယ်။

သုတေသနမှတ်တမ်းထဲမှာဆိုလျှင် ခူးပရာကျေးရွာရဲ့ မြေယာအသုံးပြုမှုတွေမှာ ဧရိယာ စုစုပေါင်း ဧက ၄၇၉၀.၅ရ ရှိပါတယ်။ အဲဒီထဲမှာ လယ်မြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ သစ်တောမြေ၊ နတ်ထိန်းတော၊ သချင်္ိုင်းမြေ၊ ကျေးရွာမြေ၊ ဂူ၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးစခန်း ဆိုပြီး တိကျတဲ့ မြေဧက အတိုင်းအတာတွေ ဖော်ပြပါရှိပါတယ်။

ဒါတွေကိုလေ့လာချင်းအားဖြင့် တိုင်းရင်းသားဒေသတွေမှာ ကျေးရွာနယ်မြေနယ်နိမိတ်တွေနဲ့ ဘိုးဘွာစဉ်ဆက်ကတည်းက ကျင့်ထုံးလာတဲ့ မြေယာဓလေ့လုပ်ငန်းတွေရှိတယ်ဆိုတာ သက်သေပြလို့ရပါတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာလမှ ထွက်သွားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ပြင်ဆင်တဲ့ ဥပဒေဟာဆိုလျှင် အခုလိုတိုင်းရင်းသားတွေက မြေယာအသုံးချမှုတွေနဲ့ ရိုးရာဓလေ့အရ မြေယာစီမံခန့်ခွဲမှုတွေက  ထိပ်တိုက်ပြဿနာပေါ်စေပါတယ်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ ပုဒ်မ ၃ဝ – က (ခ) အရ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ (ဂ) အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး ၊ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့် မြေများ သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ လို့ပါရှိပါတယ်။  

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာပင် ဗိုလ်မှူးကြီးမိုးဟိန်း၊ ဦးမြင့်မောင်မောင်၊ ဦးမျိုးသန်းနိုင်၊ ဒေါ်ခင်မိုးနှင်တို့ဟာဆိုရင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်တွေကို သက်ဆိုင်ရာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ လျှောက်ထားကြ ပြီးဖြစ်ပါတယ်။

သူတို့လျှောက်ထားတဲ့ မြေယာပေါ်မှာ ဖရှုဆို- ဟိုယာကားလမ်းမကြီးဖြတ်သွားတဲ့ ဧရိယာလည်းဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အရေးပါသည့်နေရာလည်းပါနေပါတယ်။

ဒါ့အပြင် ကယောတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့အရတောလိုက်ခြင်း၊ တောင်ယာလုပ်ခြင်း၊ ပူဇော်ပသခြင်း စတဲ့ ရိုးရာဓလေ့တွေ ပြုလုပ်တဲ့ နယ်မြေလည်းဖြစ်ပါတယ်။

ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေးအသုံးပြုနေတဲ့အပြင်၊ ရိုးရာထုံးတမ်းဓလေ့တွေ ပြုလုပ်တဲ့မြေနေရာဖြစ်လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ ပုဒ်မ ၃ဝ – က (ခ) အရဆိုရင် ဒေသခံတွေက ဥပဒေနဲကအညီ ကန့်ကွက်ထားတာကိုတွေ့ရပါတယ်။

ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်နေတဲ့ လယ်ယာမြေစီမံခန့်ခွဲ့သူ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေက ဒေသခံတွေရဲ့ ထုံးတမ်းစဉ်လာမြေယာစီမံခန့်ခွဲ့မှု ဓေ့လကို အသိအမှတ်ပြု သင့်ပါတယ်။

spot_img
spot_img

Recent posts