ဖဲဘူး အင်္ဂါနေ့နဲ့သောကြာနေ့တစ်ပတ်မှာနှစ်ရက်ရှိတဲ့ ငွေတောင်ဈေးဟာအခုဆိုရင် တဖြည်းဖြည်းနဲ့ ဈေးဆိုင်တွေများလာပြီးတော့ ဈေးသွားဈေးလာသူတွေ စည်ကားလို့နေပါတယ်။ ဈေးရဲ့ပတ်ပတ်လည်လည်ဝန်းကျင်မှာတော့ ဘာမှမရှိတဲ့ကွင်းပြင်ကျယ်ရယ်၊ သစ်ပင်တချို့တွေရယ်ပဲရှိပါတယ်။ ဈေးနဲ့ခပ်လမ်းလမ်းဘက်ကိုဆက်သွားလိုက်ရင် မြေပြင်ပေါ်မှာ အုတ်တိုင်တွေစိုက်ပြီး ခြံကာထားတာတွေလည်းမြင်တွေ့ရပါတယ်။ အဲဒီငွေတောင်ဈေးက ဒီးမော့ဆို၊ လွိုင်ကော်သွားတဲ့လမ်းမကြီးဘေး အမှတ်(၁၀၂)ခြေလျင်တပ်ရင်း၊ ငွေတောင်လို့ ရေးထားတဲ့ ဆိုင်ဘုတ်နားမှာရှိပါတယ်။ ဒီဈေးမြေနေရာတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ကျေးရွာအတွင်းရှိ အမှတ် (၁၀၂) တပ်ရင်းသို့သွားရာ လမ်းဘေးဝဲယာ တစ်လျှောက် လှစ်လပ်လျက်ရှိနေတဲ့ မြေနေရာတွေဖြစ်ပြီး တပ်ကနေ ပြည်သူတွေဆီက သိမ်းထားခဲ့တဲ့ မြေနေရာဖြစ်ပါတယ်။ နိုင်ငံရေးပြောင်းလဲလာချိန်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးခဲ့ကြတဲ့ ၂၀၁၂ခုနှစ် မတ်လ နောက်ပိုင်းမှာတော့ အိမ်ခြံမြေတွေ ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေက ဒီမြေနေရာတွေကို ပြန်လည်ရရှိလာဖို့အတွက် စတင်တောင်းဆိုလာခဲ့ကြပါတယ်။ […]

ဖဲဘူး ခမရ ၁၀၂ တပ်သိမ်းထားသော ငွေတောင်ရွာဟောင်းမြေနေရာပြန်ရဖို့ အတွက် ငွေတောင် ဒေသခံတွေနဲ့ မြေပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်က တပ်လုံခြုံရေးအတွက် ၁၀၂ တပ်က ထံမံသိမ်းထားတဲ့မြေနေရာ ၃၁ ဧကကျော်ကို ပြန်ရဖို့ တောင်းဆိုကြတာပဲဖြစ်ပါတယ်။ “ကျနော်တို့ တတွေ ဒီမှာပြန်နေထိုင်ဖို့ ပေါ့။ ဘေးမှာနေဖို့ မရှိတော့တဲ့အတွက် ကျနော်တို့ ရဲ့ ဒီမြေနေရာလေးကို ပြန်ပေးဖို့၊ ဒီနေရာကိုပြန်ပေးခြင်းအတွက်လည်း သူတို့အတွက် တစုံတရာထိခိုက် နစ်နာမှု မရှိနိုင်ပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အတွက် မိမိတို့ ရဲ့ ဘိုးဘွားပိုင် မြေကို ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်းပြန်လည်နေထိုင်ချင်တာ ဒါအများပြည်သူရဲ့ ဆနဒ […]

ကန္တာရဝတီတိုင်း(မ်) သိမ်းဆည်းခံလယ်ယာမြေများပြန်ရရှိရန် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တိုင်ထားသော်လည်း အကြောင်းပြန်ကြားပေးခြင်း မရှိသည့်အတွက် တောင်သူလယ်သမားများအခက်အခဲကြုံတွေ့နေကြရသည်ဟုသိရှိရသည်။ ဗဟိုမှ မည်သည့်အကြောင်းအရာမှ ပြန်လည် ဖြေကြားခြင်းမရှိသည့်အတွက် လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းများမေးမြန်းခဲ့ရသည်ဟု လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူကပြောပါသည်။ “ကျမတို့ level ကနေပို့လိုက်ပြီးပြီ အပေါ်ကနေပြန်မကျလာသေးဘူးဆိုတဲ့ဟာကိုတော့ ကျမတို့လည်းမသိတဲ့အတွက် ဘယ်လိုဖြေရမလဲပေါ့။ တပ်သိမ်းလိုက်တယ် သိမ်းလိုက်တဲ့အတွက် လူထုတွေအခက်အခဲရှိတယ် ဘာမှမသိဘဲနှင့် ကြားထဲမှာ စီမံကိန်းတွေလာလုပ်တယ် နောက်ပြီးတော့မှ ဝိုင်းတွေလာခတ်တယ်၊ ခြံစည်းတွေလာခတ်တယ်။ ဒါက သိမ်းသွားပြီးတော့မှပဲ မေးနေတုန်း ဗဟိုကိုအဆင့်ဆင့်မေးတယ် မကျလာသေးဘူး။” ဟု ဒေါက်တာခင်စည်သူကပြောသည်။ တပ်သိမ်းထားသည့်တောင်သူများ၏လယ်ယာမြေကို ပြန်လည်စွန့်လွှတ်ပေးရန် လယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ တိုင်ထားဆဲအချိန်တွင် မြင်ပြင်ပေါ် တခြားသောစီမံကိန်းများဝင်လာခြင်း ၊ ခြံစည်းရိုးများခတ်လာခြင်းစသည့်လုပ်ရပ်များကြုံတွေ့လာရသည့်အတွက် တောင်သူများအခက်အခဲတွေ့နေကြရခြင်းဖြစ်သည်။ ထိုသို့ […]

လာမယ့် ၂၀၁၉ မတ်လကျရင် မြေလွတ်မြေလတ်မြေရိုင်းဥပဒေပြင်ဆင်ပြီး ၆ လပြည့်မှာ ဖြစ်တဲ့အတွက် တောင်သူတွေရဲ့ လက်ထဲမှာ ဥပဒေနဲ့အညီ လက်ဆက်လုပ်ကိုင်နိုု်င်ဖိုု့ ပုံစံတွေရှိဖုို့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားနိုင်တယ်လို့လည်း ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သန်းလွင် က ပြောပါတယ်။ https://www.youtube.com/watch?v=uGdSq1pUggk&feature=youtu.be&fbclid=IwAR3ZyH-NuKvAo_YA64EzqbjJKNE9KnCv7AXQ8d4zjntzGhUEPCTcQgdCo8Y

မူဂျာမီလှိုင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသောစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ဖျက်သိမ်းပေးရန် ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ သဘောထားထုတ်ပြန်သွားသည်။ ̏ မြေမသိမ်းတဲ့နေရာဆိုတာ သိပ်ပြီးတော့ မရှိဘူးလေ တိုင်းရင်းသားအသီးသီးက လူထုဟောပြောပွဲတွေလုပ်မှာပေါ့။ အစိုးရတွေ ပါတီတွေကိုလည်းဖိအားပေးမယ်ပေါ့နော်၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးတယ် အရေးယူတယ်ဆိုတာ ကျွန်မတို့မြန်မာနိုင်ငံထဲမှာ တစ်ခုဘဲရှိတာ˝ ဟု ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ ဒေါ်မိုးသူဇာဦးက ပြောသည်။ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ စာအမှတ် ၁၂/မလရ-၁ (၃၇၀/၂၀၁၈) အရထုတ်ပြန်သော အသိပေးအကြောင်းကြားစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်သည့် ဥပဒေဖြစ်နေသည့်အတွက် ၎င်းအဖွဲ့က ပြင်းထန်စွာ […]

မူဂျာမီလှိုင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်မြေရိုင်းများ လုံးဝမရှိသည့်အတွက် လက်ရှိမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ဖျက်သိမ်းပေးရန်နှင့် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ စာအမှတ် ၁၂/မလရ–၁ (၃၇၀/၂၀၁၈) အရထုတ်ပြန်သော အသိပေးအေကြာင်းကြားစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ သဘောထားထုတ်ပြန်ခဲ့သည်။ ̏ မြေမသိမ်းတဲ့နေရာဆိုတာ သိပ်ပြီးတော့ မရှိဘူးလေ တိုင်းရင်းသားအသီးသီးက လူထုဟောပြောပွဲတွေလုပ်မှာပေါ့။ အစိုးရတွေ ပါတီတွေကိုလည်းဖိအားပေးမယ်ပေါ့နော်၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးတယ် အရေးယူတယ်ဆိုတာ ကျွန်မတို့မြန်မာနိုင်ငံထဲမှာ တစ်ခုဘဲရှိတာ˝ ဟု ဒေါ်မိုးသူဇာဦးကပြောသည်။ အစိုးရက ထုတ်ထားတဲ့ဟာကို တိုင်းရင်းတစ်မျိူ းတည်း […]

ခူးစိုးရယ်ဦး ကယားပြည်​နယ်​တွင်​ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာနှင့် သိမ်းဆည်း မြေများဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ​အောက်​တိုဘာ ၁ ရက်​​နေ့တွင်​ ကျင်​းပပြုလုပ်​ခဲ့သည်​။ ကယားပြည်နယ်အတွင်း သစ်တောကဏ္ဍမြှင့်တင်ရေး၊ သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် သစ်တောကဏ္ဍနှင့်သက်ဆိုင်သော အမျိုးသားမြေ အသုံးချမှု မူဝါဒဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် ပြည်နယ်အတွင်း စွန့်လွှတ်နိုင်ခြင်းမရှိသော သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရာတွင် လယ်ယာမြေနှင့် အခြား​မြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်​ဟု သိရသည်​။ ဗဟိုသို့ တင်ပြနိုင်ရန် ယခင်လတွင် သိမ်းဆည်းထားပြီးလယ်ယာမြေများကို ပြန်လည်စွန့်လွတ်နိုင်သည့်မြေနှင့် မစွန့်လွှတ်နိုင်သည့် မြေများကိုဖြေရှင်းရန်အတွက် ၂၀၁၈ စက်တင်ဘာလ ၂ ရက်နေ့တွင် […]

ခူးစိုးရယ်ဦး ကယားပြည်နယ်လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာနှင့် စက်မှု(၁)အကြားတွင် လွိုင်ကော်စက်မှုဇုန်၂ (အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ)တိုးချဲ့ရပ်ကွက် ထူထောင်ရန်အတွက် ဒေသခံတောင်သူများ ကန့်ကွက်ကြသည်။ “စက်မှုဇုန် ၂ ထူထောင်ရန် ဒေသခံတောင်သူများ၏ သဘောထားဆန္ဒကို မရယူဘဲ၊ မညှိနှိုုင်းဘဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်သွားမှာဘဲ”ဟု တိုင်းရင်းသားလူထု အခြေပြု မိတ်ဖက်အဖွဲ့ (EDPD) ဗဟိုကော်မတီဝင်နှင့် ကယားပြည်နယ် မြေယာအသုံးချမှုအဖွဲ့ဝင် ဦးကိုးရယ်စိုးညွန့်က ပြောသည်။ လူထုသဘောထားမပါရှိဘဲ လုပ်ဆောင်နေခြင်းသည် တောင်သူများအား အကျပ်အတည်းဖြစ်စေကြောင်း ၎င်းက ပြောသည်။ “စက်မှု (၂)လို့ သတ်မှတ်ရလောက်အောင် သူတို့က ကျွန်တော်တို့ တောင်သူလယ်သမားတွေကို ဆန္ဒသဘောထားအရကော၊ ညှိနိုင်းဆွေးနွေးမှုအရကော၊ လျော်ကြေးငွေကိစ္စအရကော ခေါ်ယူညှိနိုင်းခြင်းမရှိဘူး သူတို့က စာထဲမှာပဲ ခေတ်အဆက်ဆက်က စီမံကိန်းတွေကို […]

လင်းသန့် လွိုင်ကော်မြို့အတွင်းရှိ ရထားဘူတာတည်ဆောက်ရန် သိမ်းယူထားသည့် မြေယာများအတွက် လျှော်ကြေးနှင့် အသုံးမပြုရသေးသော မြေလပ်များကို ယနေ့အထိ မူရင်းတောင်သူများထံ ပြန်မပေးသေးပါဘူး။ ယင်းမြေအတွက် နစ်နာကြေးနှင့် ကျန်ရှိနေသေးသည့် မြေလွတ်များကို ပြန်စွန့်လွှတ်ပေးနိုင်ရေး မူရင်းပိုင်ဆိုင်သူများက ဒီနှစ်အတွင်း ပြန်ကြိုးစားနေသည်။ မူလပိုင်ရှင်နာမည်ပေါက်သူများပင် ဆုံးပါးသွားကြပြီးနောက် ၎င်းတို့၏ မျိုးဆက်ဖြစ်သော သားသမီးလက်ထက်၌ ယင်းမြေယာအတွက် နစ်နာကြေးပြန်ရေး ကြိုးစားမှုက ယနေ့အထိ မပြီးပြတ်သေးပေ။ လွိုင်ကော်ဒေသခံ တောင်သူ ၅ ဦး ပိုင်ဆိုင်သော အဆိုပါ လယ်မြေ ဧက ၅ဝ ကျော်ကို ၁၉၉၁ ခုနှစ်ကတည်းက ရထားဘူတာတည်ဆောက်ရန် အာဏာပိုင်များ၏ နုတ်မိန့်ဖြင့် သိမ်းယူခဲ့ခြင်းဖြစ်သည်။ မြေကို သိမ်းယူရန် မည်သူက အမိန့်ပေးခဲ့သလဲဆိုတာ မသိရသေးသော်လည်း […]