ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ကရင်နီတပ်မတော် မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြနှင့် တွေ့ဆုုံမေးမြန်းခြင်း။

ထျိူ းမြာ

မေး။ ။ ဒီပင်လုံညီလာခံပြီးလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ထင်လဲ။
ဖြေ။ ။ ပြောင်းလဲမလား မပြောင်လဲဘူးလားဆိုတာကိုတော့ မသိဘူးပေါ့နော။ ဒါပေမဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အများကြီးလုပ်ရအုံးမယ်။ ပြောင်းလဲသွားနိုင်ဖို့အရေးအစလမ်းဖော်ပေးတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ နောက်တစ်ပိုင်းပေါ့။ အခုဟာက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်တိုက်ဆက်တိုက်ဖြစ်နိုင်ဖို့ လမ်းဖွင့်ပေးတာပဲ။

မေး။ ။ ဆရာတို့ တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့တွေအနေနဲ့ ရှေ့ဆက်ဘာဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ အဓိကက ပြည်သူတွေပဲလိုပါတယ်။ ပြည်သူတွေ သဘောတူရင်လုပ်မယ်။ ပြည်သူတွေသဘောမတူတာဆိုရင်တော့မလုပ်ဘူးပေါ့။

မေး။ ။ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်ပြီးတော့ကော ဆရာအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ အခုလောလောဆယ်တော့ ရာခိုင်နှုန်းအပြည့်တော့ အမမျှော်လင့်နိုင်တော့ဘူး။ အထူးသဖြင့်တပ်မတော်တွေကို သိပ်အယုံအကြည်မရှိဘူး။ NLDကတော့ထားပါတော့။ တပ်မတော်ကတော့ နားမလည်နိုင်ဘူးပေါ့။ ဒီမှာလည်းညီလာခံလုပ်တယ် ငြိမ်းချမ်းရေးညီလာခံလုပ်တယ်။ မြောက်ဘက်ပိုင်းမှာကတော့ ချနေတယ်စစ်ပွဲတွေရှိနေတယ်။ ဒါလည်းလူတိုင်းသိနေတာပဲ အဲ့ဒါ စေတနာကောင်းသလား မကောင်းသလားဆိုတာ ကာယကံရှင်မှာပဲမူတည်တာပေါ့။

မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံပြီးရင်ကော ဘယ်လိုပြောင်လဲလာနိုင်မယ်လို့ထင်လဲ။

ဖြေ။ ။ တစ်ဖြေးဖြေးတော့ ပြောင်းလဲမယ်။ အချိန်တော့ကြာရအုံးမယ်။ ဥပမာ ကာချုပ်ပြောတဲ့စကားလိုပေါ့ တစ်ဖြေးဖြေးတော့ ပြောင်းလဲမယ်။ဗြုန်းကနဲတော့ မဖြစ်နိုင်ဘူး။ ကျနာ်မြင်တာကတော့ အကောင်းဘက်လက္ခဏာဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကောင်းတာကတော့ တစ်ဘက်မှာ ငြိမ်းချမ်းရေးညီလာခံလုပ်နေတယ်။ တစ်ဘက်မှာစစ်သံကြားနေတယ်။ သေနတ်သံကြားနေတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့။

မေး။ ကယားပြည်နယ်မှာရှိတဲ့ ပြည်သူတွေကိုကော ဆရာအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက ပြည်သူလူထုကနိုင်ငံရေးကို နည်းနည်းလေ့လာဖို့လိုတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုက ပူးပေါင်းပါဝင်နိုင်ရင်တော့ ပိုကောင်းမယ်။ အခုကကယားပြည်နယ်မှာ ရှိတဲ့ပြည်သူတွေက သူတို့နဲ့မဆိုင်သလိုရှိနေတယ်။ သူတို့နဲ့မဆိုင်သလိုလို မသိသလိုလိုနေနေကြတာ။ ငြိမ်းချမ်းရေးလုပ်ရှားတာက နိုင်ငံရေးပါတီနဲ့ လူငယ်အနည်းငယ် အဲ့လောက်ပဲလုပ်ရှားတယ်ကော။ ကျောင်းသားလူငယ်အပါအဝင် မြို့နယ်မှာရှိတဲ့ ပြည်သူလူထု အားးလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားလည်ပြီးတော့မှ ပါဝင်လုပ်ဆောင်မယ်ဆို အမြန်ဆုံးပေါ့။ ခုဟာက သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေပဲ ကြည့်တာအားမရဘူး။

မေး။ ။လူငယ်တွေကကော ဒီပင်လုံအပေါ်စိတ်ဝင်စားမှု ရှိတယ်လို့မြင်ပါသလား။

ဖြေ။ ။ မရှိတဲ့အပြင် မူးယစ်ဆေးဝါးဘက်ပဲစိတ်ဝင်စားတာကိုး အများအားဖြင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေပေါ့။ ထိုင်းဘက်မှာဆို အဓိက လောလောဆယ် သူ့ဝမ်းစာရေးအတွက်ပဲ နိုင်ငံရေးထဲမှာ စိတ်မဝင်စားနိုင်သေးဘူး။အ ဓ်ိက သူတို့စားဝတ်နေရေးပြင်လည်ရာ ပြေလည်ကြောင်းပဲ စဉ်းစားတယ်။ အချိန်တော့ယူကြရအုံးမယ်။ အချိန်တော့ပေးရအုံးမယ်။

မေး။ ။ ပင်လုံပြီးရင်ကော လူငယ်တွေအတွက် အခွင့်အလမ်းပိုရလာနိုင်မယ်လို့ထင်လား။

ဖြေ။ ။ လူငယ်တွေအခွင့်အလမ်း ဆိုတာက သူ့ဟာသူဖန်တီးယူမှရမှာ မိုးကောင်းကင်ကနေပြီးတော့ လာပေးမှာမဟုတ်ဘူး။ ကိုယ့်ဟာကိုဖန်တီးယူရမယ်။ ဆုတောင်းတိုင်းပြည်မယ်ဆိုရင်တော့ လူတွေမျက်ရည်ဘယ်မှာသွားထားမလဲ။ ဆုတောင်းတိုင်းလည်းမရပါဘူး။ အဲ့ဒီတော့ ကိုယ့်ဟာကို ဖန်တီးယူရမယ်။ ဦးလေးရဲ့ခံယူချက် ဦးလေးရဲ့အယူအဆအရပေါ့ ကိုယ့်ဘဝကို ဖန်တီးယူရမယ်။

မေး။ ။ ကယားပြည်နယ်မှာရှိတဲ့လူငယ်တွေကို ဘာအကြံပြုချင်ပါသလဲ။

ဖြေ။ ။ နံပတ်-၁ နိုင်ငံေရေးကို လေ့လာပါ။ နိုင်ငံရေးလေ့လာမှုအားနည်တယ်။ လေ့လာမှုမရှိကြဘူး။ နိုင်ငံရေးလို့ပြောလိုက်တာနဲ့ ကြောက်တယ်။ ပြီးခဲ့တဲ့မိဘတွေကလည်း ပေးမလေ့လာကြဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့မိန်ခွန်းတွေအပေါ်မှာ ဒုက္ခသည်အရေးပါတယ်ဆိုတော့လေး ဆရာတို့အနေနဲ့ကော ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြောချင်ပါသလဲရှင့်။
ဖြေ။ ။ ဒုက္ခသည်အရေးဆိုတာက တစ်ကမာ္ဘလုံးနဲ့ဆိုင်တယ်။ ကုလသမဂ္ဂနဲ့လည်းဆိုင်တယ်။ နိုင်ငံတော်အစိုးရနဲ့လည်းဆိုင်တယ်။ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲတွေနဲ့လည်းဆိုင်တယ်။ ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးနဲ့လည်း အားလုံးနဲ့ဆိုင်တယ်။ သူ့ဟာသူထွက်ပြေးချင်လို့ထွက်ပြေးတာ မဟုတ်ဘူး။ စစ်ဖြစ်လို့ အသတ်ခံရလို့ထွက်ပြေးရတာ အနှစ်နှစ်ဆယ်ရှိပြီ။ အနှစ်နှစ်ဆယ် နှစ်ဆယ့်ငါးနှစ်ကာလမှာ တော်တော်လေး ဒုက္ခသည်အတွေးအခေါ် အယူအဆတွေ မယုံကြည်မှုတွေ အများကြီးရှိတယ်။ အဲ့ဒါတွေက သူတို့ကို နားလည်မှုပေးရင် အတင်းအဓမ္မခွဲခြားလုပ်လို့ဘယ်သူကလက်ခံမလဲ။ မျှမျှှတတ မှန်မှန်ကန်ကန် လုပ်ပေးရင်တော့ တစ်ချိူ့ကနှစ်ပေါင်းနှစ်ဆယ် နှစ်ဆယ့်ငါးနှစ် အခြေချနေထိုင်တယ်။ မှတ်ပုံတင်မရှိဘူး။ လဝက မရှိဘူး။ အားလုံးအဆင်ပြေမှ အားလုံးပြည့်စုံမှ အားလုံးအဆင်သင့်ရှိမှ ပြန်လာမယ့်ကိစ္စ ဘာမှ အဆင်သင့်မရှိဘူး ဘယ်လိုလုပ်မလဲ။ ဒါက ဒုက္ခသည်အရေး တစ်ခြားအရေးလည်းရှိသေးတယ်။

မေး။ ။ ဒုက္ခသည်တွေကကော ဒီပင်လုုံအပေါ်ကို ဘယ်လိုမျှော်လင့်နေတယ်လို့ ထင်လဲ။

ဖြေ။ ။ သိပ်မမျှော်လင့်ဘူး သူတို့ကပြန်ချင်တာပဲ။ တရားမျှတစွာရှိဖို့ ကိုယ့်ရွာမဟုတ်ရင်တော်မှ တစ်နေရာလောက် ဘယ်သူကနေရာရှာပေးမလဲ။ ဘယ်သူက စားဝတ်နေရေးရှာပေးလဲ။ လုံခြုံရေးဘယ်သူက တာဝန်ယူမလဲ။ ကလေးတွေရဲ့ပညာရေးကျန်းမာရေးကိစ္စ အများအများကြီးပဲ။ ဒုက္ခသည်က နှစ်မျိူးသုံးမျိုးရှိတယ်။ စိတ်နဲ့ပတ်သက်တဲ့ ဒုက္ခ၊ တစ်ချို့က နာကြည်းချက်၊ တစ်ချို့က ခံစားချက် ဒီလိုမျိုးထဲမှာမှ ဦးလေးတို့လိုမျိုး နာကြည်းချက် ခံစားချက် ရှိတဲ့လူဆို ဘယ်လိုလုပ်မလဲ ဘယ်လိုဖြေရှင်းမလဲ။

Comments

comments

Next Post

NCA လက်မှတ်မထိုးသေးသောအဖွဲ့များအတွက် UPDJC တွင် နေရာအသင့်ရှိနေ

Sat Sep 10 , 2016
ထျိူ းမြာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)ကိုလက်မှတ်ထိုးရန်ကျန်ရှိနေသည့်အဖွဲ့များလက်မှတ်ရေးထိုးပြီးပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်နိုင်ရန် အတွက် နေ ရာအဆင်သင့်ရှိထားပြီးဖြစ်ဟု အဆို ပါ ကော်မတီ ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က စက်တင်ဘာလ ရရက်က ပြောသည်။ “ UPDJC member(အဖွဲ့ဝင်)က တရားသေ သတ်မှတ်တာ မဟုတ်ဘူး။တစ်ဖွဲ့ ၃၂ဦးဆီနဲ့ကျွန် တော်တို့ လူဦးရေတိုးလို့ ရတယ်။ ဟိုဘက်ကလည်း လိုက်တိုးမယ်။သူတို့ လက်မှတ်ထိုးရင် UPDJC မှာ သူ တို့ ပါလာဖို့ အတွက် ရှင်းရှင်းလင်းလင်းနေရာပေးထားပြီိးသားဖြစ်တယ်” ဟု ၎င်းက ပြောသည်။ UPDJC ကို NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲများ […]