spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

၁လေးလုံးတစ်နှစ်ပြည့်မှာ တိုက်ပွဲဖြစ်ပွားနိုင်ပြီး လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှာကို စိုးရိမ်တာကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁လေးလုံးစစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တိုက်ပွဲတွေပြန်ဖြစ်နိုင်ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုရှိမှာကို စိုးရိမ်တာကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထားခဲ့ရတယ်လို့ အထက်တန်းပြ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“တချို့ကျောင်းကတော့ပိတ်တယ်ပေါ့နော်၊ အများအားဖြင့်တော့မပိတ်ပါဘူး။ ဘာလို့ပိတ်လဲဆိုတော့ အရင်တစ်နှစ်ဒီအချိန်မှာ ၁လေးလုံးစဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ (တိုက်ပွဲ) ပြန်ဖြစ်နိုင်တယ်။ အဲ့လိုပြောလို့ စိုးရိမ်တာနဲ့ ပိတ်တာဖြစ်တယ်ပေါ့” လို့အဆိုပါ ဆရာမက ပြောပါတယ်။

ကျောင်းပိတ်ရက်ကိုတော့ ကျောင်းဆရာ၊မတွေနဲ့ ကျောင်းသားမိဘ တိုင်ပင်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

၁လေးလုံး စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ်အတွင်းကို လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုရှိခဲ့ပါတယ်။ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ ထပ်မံတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

၁လေးလုံးစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ မှာ စတင်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့၊ မိုးဗြဲမြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။ ၁လေးလုံးစစ်ဆင်ရေး စတင်ခြင်းဟာ လွိုင်ကော်မြို့နယ်ထဲက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တာရားကို ဖြိုဖျက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ KNDF ရဲ့ တာဝန်ရှိသူတွေက မီဒီယာကို ဖြေကြားခဲ့တာရှိပါတယ်။

spot_img
spot_img

Recent posts