spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

“ ၁ လေးလုံးစစ်ဆင်ရေး” တစ်နှစ်ပြည့်မှာ လွိုင်ကော်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်၊ ပြည်သူတွေစိုးရိမ်ပြီး တိမ်းရှောင်သူများရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“၁ လေးလုံးစစ်ဆင်ရေး”လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်း ၃နာရီဝန်းကျင်အချိန်ကစပြီး စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ်အတွင်းကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုရှိတာကြောင့် ဒေသခံတွေဟာ လုံခြုံရေးစိုးရိမ်နေကြပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ပစ်နေတယ်။အခုလည်း ပစ်နေကြတယ်။ ရွာထဲတော့မကျဘူး ရွာအပြင်မှာပေါ့။ တချို့ကြတော့ ရှောင်နေကြတယ်။ ရွာထဲလည်း အများကြီးကျန်နေသေးတယ်။ ကြောက်တော့ အိမ်ထဲပဲ ပုန်းနေရတယ်။ ရှောင်မယ်ဆိုလည်း ဘယ်ကိုထပ်ရှောင်ရမှန်းလည်း မသိတော့ဘူးလေ။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်နေ့) ည ၉ နာရီကျော်အချိန်မှာလည်း နိုးကိုးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ၊ ၁၀ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကျေးရွာအတွင်းနဲ့ အနီးအနားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိတာကြောင့် ဒေသခံတွေအပြင် လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

“ ဒီနေ့တော့ လွိုင်ကော်မြို့ထဲမှာတော့ ပုံမှန်ပဲပြောရမှာပေါ့။ ညနေပိုင်းမှာတော့ လက်နက်ကြီး ရှယ်ထုပဲ။ ဘယ်ဖက်ကျလဲမသိဘူး လွိုင်ကော်မြို့ထဲကနေပစ်တာဆိုတော့ အသံက အကျယ်ကြီး ကြားနေရတယ်။”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က လွိုင်ကော်မြို့ထဲကနေ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီး ၇ လုံးထက်မနည်း နိုးကိုးစံပြကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ပါတယ်။

အဲ့ဒီနေရာမှာ စစ်ဘေးရှောင်တွေ အများစုခိုလှုံနေထိုင်ကြတာကြောင့် ထပ်မံတိမ်းရှောင်ဖို့ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts