Thursday, December 3, 2020

၂၀၂၀ ခုနှစ်ဆီသို့ လျှောက်လှမ်းခြင်း

Must read

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

ဘိုထီး (ငွေတော်ပြည်)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) နီးပါးကြုံတွေ့တဲ့အခက်အခဲရဲ့ အဓိကအကြောင်းအရင်းဟာ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အများဆုံးရှိတဲ့ နိုင်ငံဟာ အခက်အခဲအများဆုံးကို ကြုံတွေ့ရပြီး အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် အနည်းဆုံးရှိတဲ့နိုင်ငံဟာ အခက်အခဲအနည်းဆုံးကိုကြုံတွေ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်ကစပြီး ယနေ့ထိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲဟာ အုပ်ချုပ်ရေးအာဏာရရှိဖို့အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့စနစ်တစ်ခုပေါ်ပေါက်လာဖို့ ရည်ရွယ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးပဲ ရွေးကောက်ပွဲကို ပြုလုပ်တာကြောင့် ဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်တုန်းက အုပ်ချုပ်ရေးအာဏာရယူထားတဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက် မှာ ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်သိမ်းပြီး တံခါးပတ်ဝါဒကျင့်သုံးခဲ့တယ်။ စီးပွားရေးလုပ်ငန်းမှန်သမျှ ပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးကမောက်ကမဖြစ်ကုန်တယ်။

အစစအရာရာ ရှားပါးပြီး “အုပ်ချုပ်ရေးအာ ဏာဈေးမဆစ်နဲ့၊ တွေ့ရင်ဝယ်ထားဈေးမများ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဈေးဆစ်မနေတော့ပဲ ပစ္စည်းရရှိဖို့ ပဲ အလုအယှက်ဝယ်ထားကြရပါတယ်။ ၂၆နှစ်တိုင်တိုင် တိုင်းပြည်ဆုတ်ယုတ်သွားပြီး အရှေ့တောင် အာရှမှာ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရပါတယ်။ အခြေအနေတွေဟာ တက္ကသိုလ် ကျောင်းသား များ အခံမရပ်နိုင်တဲ့အထိရောက်ရှိသွားတာကြောင့် ၁၉၆၂ ဇူလိုင်အရေးအခင်းပေါ်ပေါက်ခဲ့ ရပါတယ်။ သမိုင်းဝင်သမဂ္ဂအဆောက်အဦ ဖြိုပစ်ခဲ့တဲ့အခြေခအနေအထိ ရောက်သွားခဲ့ပါတယ်။

၁၉၈၈ ကနေ ယနေ့အထိအခြေအနေဟာ ဘယ်လက်က အုပ်ချုပ်ရေးအာဏာကို ညာလက်က လွဲပြောင်းရယူတဲ့ အဆင့်လောက်ပဲရှိတာကို တွေ့ရှိရပါတယ်။ အုပ်ချုပ်ရေးစနစ်အနေနဲ့ ၁၉၆၂ မှာကျင့်သုံးခဲ့တဲ့ စနစ်ကိုပဲ ဆက်လက်ကျင့်သုံးနေဆဲပဲရှိတာကို တွေ့ရပါတယ်။ လက်ရှိတိုင်းပြည်ကို တာဝန်ယူနေတဲ့ ခေါင်းဆောင်များဟာ ပြည်သူရွေးချယ် တင်မြှောက်တဲ့ ခေါင်းဆောင်ဆိုတာမှန်ပေမဲ့ “နောက်တက်လာတဲ့ မောင်ပုလဲဒိုင်းဝန်ထက်ကဲ” ဆိုတဲ့ စကားအတိုင်း သယံဇာ တထုတ်ယူသုံးစွဲတာတွေ၊ လယ်မြေသိမ်းခံရတဲ့ ပြဿနာ၊ အလုပ်အကိုင်ရှားပါးစတဲ့ ပြဿနာတွေပိုပြီးများလာတာကို တွေ့ရပါတယ်။

၁၉၉၀ ကနေ ၂၀၁၅ခုနှစ်အထိ ကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲဟာ စစ်အစိုးရလက်ထက်ကကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တာကြောင့် အနိုင်ရဖို့ကိုပဲ အဓိကရည်ရွယ်တာကိုတော့ ဘာမှသတ်မှတ်ချက်မပေးလိုပါဘူး။ ၂၀၂၀မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဟာ အရပ်သားအစိုးရလက်ထက်ပထမဆုံး ကျင်းပပြု လုပ်မည့် အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။

အရပ်သားအစိုးရလက်ထက်ပထမဆုံး ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဟာ အနိုင်ရဖို့ပဲ အဓိကရည်ရွယ်မယ်ဆိုရင် စစ်အစိုးရလက် ထက်ကျင်းပပြုလုပ် တဲ့ ရွေးကောက်ပွဲထက်ပိုပြီး ဘာမှထူးခြားပြောင်းလဲလာမှာမဟုတ်ပါဘူး။ ပြည်သူတွေအအားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဘယ်လောက်ပဲလိုလားတောင်းတာနေကြ ပါစေ။ အရပ်သားအစိုးရ လက်ထက်ပထမဆုံး ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ဘာမှထူးခြားပြောင်းလဲမှု မရှိဘူးဆိုရင် “ဒီမိုကရေစီလည်း အလကားပါ” ဆိုပြီး ဒီမိုကရေစီစနစ်အပေါ် စိတ်ပျက်သွားမည့်သူတွေ ရှိလာနိုင်မှာ မလွဲပါဘူး။

၂၀၂၀မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူတွေအားလုံးဟာ ဘယ်ပါတီအနိုင်ရမလဲဆိုတာထက် ဘယ်လိုအခြေအနေမျိုး ဖြစ်လာမလဲဆိုတာ ကိုပဲ စောင့်မျှော်နေကြတာပါ။ လာမည့် ၂၀၂၀ မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲဟာ ပါတီတစ်ခုတည်းသော အပြတ်အသားအနိုင်ရမည့် ရွေးကောက်ပွဲဖြစ်အောင်လုပ်လို့ မရပါဘူး။ ဘာကြောင့် လဲဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခု ပေါ်ပေါက်လာဖို့ နိုင်ငံတော်တည်ဆောက်ရေး လုပ်တဲ့အခါမှာ ပါတီတစ်ခုကပဲလုပ်ဆောင်လို့ မရပါဘူး။

အလုပ်တစ်ခုလုပ်တဲ့အခါ ဦးနှောက်တစ်ခုတည်းနှင့် စဉ်းစားတွေးတောပြီး လုပ်ဆောင်လို့မရပါဘူး။ နား၊ မျက်စိ၊ ခြေ၊ လက် အားလုံးပါဝင်လုပ်ဆောင်မှ အလုပ်ကပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ပါတီပေါင်းစုံ၊ အဖွဲ့အစည်းပါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်မှသာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပါတီတစ်ခုတည်းကသာ အပြတ်အသားအနိုင်ရလို့တဲ့ စိတ်ဓာတ်ဟာ သူတလူငါတမင်းစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိကောင်းမွနန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု မတည်ဆောက်ခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ မြန်မာ့သမိုင်းတလျှောက် တိုင်းပြည်ကို သူတလူငါတမင်း စိတ်ဓာတ်နဲ့ ဦးဆောင်လာတာကြောင့် ပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို အပြောတစ်ခုတည်းနှင့် လုပ်ဆောင်လို့ မရဘူးဆိုတာကို စွဲစွဲမြဲမြဲလက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ရိုးသားမှု၊ ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု လေးစားမှု၊ အေးအတူပူအမျှ မျှဝေခံစားတတ်မှုနဲ့သာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာထားတဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ ဟာ လက်ရှိအချိန်မှာတော့ နေဝင်သွားခဲ့ပါပြီ။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ။ အကြောင်းအရင်းကတော့ သူတလူငါမတင်း စိတ်ဓာတ်နဲ့ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းနှင့် ပတ်သက်ပြီး ဆောင်းပါးရှင်ဝင်းထွဋ်ဇော်က “လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အတွေ့အကြုံရှိတဲ့လူက အနည်းစုပါ။ ကျန်လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ ဘာလွှတ်တော်အတွေ့အကြုံမှ မရှိကြပါဘူး။ သူတို့ထဲမှာ နေပြည်တော်လွှတ်တော်ဝင်းထဲကို ရောက်ဖူးသူ အလွန်နည်းပါပါတယ်။” ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ပါတယ်။ ၂၀၁၅တုန်းကလို ၂၀၂၀မှာလည်း အပြတ်အသားနိုင်ဖို့ ကြိုးစားအုံးမယ်ဆိုရင် ၂၀၁၆ခု လွှတ်တော်အတွင်း ပီတိလွမ်းခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်အတွင်းမှာလည်း ပီတိလွှမ်း နိုင်ပါ့မလား။ ၂၀၂၀ ရွေးကောက်ပွဲဲဲဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ သေချာစဉ်စားဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်ဖို့ ရောက်ရှိလို့လာပါပြီ။ ဘာကြောင့်လဲဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပေါ်လာဖို့ ရွေးကောက်ပွဲအနိုင်အရှုံးကအဓိကမဟုတ်ပဲ ပြည်သူအပါ်မှာထားရှိတဲ့ စေတနာစိတ်ထားကသာ အဓိကကျ တာကြောင့်ပဲဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူအနေနဲ့ ပါတီအဖွဲ့အစည်ထက် ပုဂ္ဂိုလ်တစ်ဦးစီရဲ့ စေတနာနှင့် အရည်အချင်းကို ရမှာဖြစ်ပါတယ်။ လူကိုမကြည့်ပဲ ပါတီကိုသာကြည့်ပါဆိုတဲ့ ဆောင်ပုဒ်ဟာ ရွေးကောက်ပွဲ အနိုင်ရဖို့ကိုသာ ရည်ရွယ်တဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့စနစ်တစ်ခု ရရှိဖို့မဟုတ်ပါဘူး။ ရွေးကောက်ပွဲနီးလာချိန်မှာ တိုင်းရင်းသားဒေသကို ရောက်ရှိလာတဲ့ အင်အာကြီးအုပ်စုအချို့ဟာ အာဏာ ရရှိရေးအတွက် ရောက်ရှိလာတာဖြစ်ပါတယ်။ အင်အားကြီးအုပ်စုများ အခြေစိုက်တဲ့မြို့ကြီးတွေမှာ ကောင်းမွန်တဲ့စနစ်တစ်ခု ပေါ်ပေါက်လာအောင်မလုပ်ဆောင်ပဲ တိုင်းရင်းသာဒေသကို ရောက်ရှိလာတယ် ဆိုကတည်းက အာဏာတစ်ခုတည်းအတွက် ရောက်ရှိလာတယ်ဆိုတာ အလွန်ပဲသိသာပါတယ်။

အာဏာတစ်ခုတည်းအတွက် ရောက်ရှိလာတဲ့ ပြည်နယ်ပြင်ပက အုပ်စုတွေကို ဒေသခံတိုင်းရင်းသားက ယုံကြည့်လက်ခံမယ်ဆိုရင် တိုင်းရင်းသာဒေသမှာ ဖယ်ဒရယ်ကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။

တစ်ချိန်တုန်းက ကရင်နီပြည်နယ်ဟာ ဖယ်ခုံမြို့နယ်အထိ ကျယ်ဝန်းတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်ပြင်ပကရောက်ရှိလာတဲ့ အုပ်စုအချို့က ကရင်နီခေါင်းဆောင်ကို စည်းရုံးပြီး ဖယ်ခုံမြို့နယ်ကို ရှမ်းပြည်နယ်ထည့်သွင်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းကျယ်ဝန်းလှတဲ့ ကရင်နီပြည်နယ် ဟာ သေးငယ်တဲ့ ပြည်နယ်တစ်ခုအဖြစ် တည်ရှိရုံသာမကပဲ နောက်ဆက်တွဲအနေနဲ့ ကရင်နီတိုင်းရင်းသာ အချင်းချင်း စည်းလုံးညီညွှတ်မှု ပျက်ပြားခဲ့ရတဲ့အထိ ဖြစ်လာပါတယ်။ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာ ပြည်နယ်ပြင်ပရဲ့အုပ်စိုးမှုအောက်က လွတ်မြောက်နိုင်ဖို့အတွက် တိုင်းရင်းသားအချင်းချင်း တစ်ဦးပေါ်တစ်ဦး သစ္စာရှိရှိ ထောက်ခံအားပေးကြဖို့ ဒေသခံတစ်ဦးစီတိုင်းမှာ တာဝန်ရှိပါကြောင်း အလေးအနက် တိုက်တွန်းရေးသားလိုက်ရပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

Comments

comments