၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ KT FM ရဲ့ ကြာသပတေးနေ့ ညနေပိုင်းထုတ်လွင့်မယ့် အစီအစဉ်
- မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်၊ အရပ်သားထိခိုက်မှုရှိ
- ရှမ်း-ကရင်နီအစပ် ဝါရီဆူးပလိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်
- စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်၊ နေအိမ် တချို့လည်းထိမှန် ဆိုတဲ့သတင်းတွေနဲ့အတူ၊ ကရင်နီပြည်သူလူထုအတွက် ဆရာကြီးခူထဲဘူး၏ အားပေးစကားအစီအစဉ်နဲ့ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။