spot_imgspot_imgspot_imgspot_img
Wednesday, December 4, 2024
spot_imgspot_imgspot_imgspot_img

၃နှစ်အတွင်း KNDF တပ်ရင်းအမှတ် ( ၉ ) မှာ ကျဆုံးတပ်ဖွဲ့ဝင် ၃၆ ဦးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၉) ဖွဲ့စည်းတည်ထောင်ပြီး ၃နှစ်အတွင်း ကျဆုံးတပ်ဖွဲ့ဝင် ၃၆ ဦးရှိတယ်လို့ KNDF တပ်ရင်းအမှတ် ( ၉ ) က ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

“ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)အမှတ် ၉ တပ်ရင်းသည် စစ်ကောင်စီ မှအာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ နှောင်းပိုင်းကာလမှ စတင်၍ အခြေခံစစ်သင်တန်းများ စတင်ပို့ချပြီး ၂၀၂၁ ခုနှစ် ၊ဩဂုတ်လ( ၂ )ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ
ယခု ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ၃နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ စတင်တည်ထောင်ချိန်မှစ၍ ယခု ၃ နှစ်ပြည့်ကာလအထိ ရဲဘော် (၃၆) ဦး အာဇာနည် သူရဲကောင်း အဖြစ်ကြွေလွင့်ခဲ့ရပြီ ဖြစ်ပါသည်။” လို့ KNDF တပ်ရင်း အမှတ် ( ၉ ) က ထုတ်ပြန်ထားပါတယ်။

၃နှစ်တာကာလအတွင်း တပ်ရင်းမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှု နဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း လေးစားဂုဏ်ပြုကြောင်း ဆိုထားပါတယ်။

တပ်ရင်း စတင်ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လျက်ရှိတဲ့ တပ်ဖွဲ့ဝင်အားလုံး နဲ့ ပြည်တွင်းပြည်ပက ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ပြောပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တပ်ရင်းအမှတ် ( ၉ ) က အသိပေးပါတယ်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ် ဇူလိုင်လအထိ ၃နှစ်ကျော်အတွင်း ကရင်နီပြည်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲအကြိမ်ရေ (၁၁၈၉) ဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၆၀၈)ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts