spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

၄ ရက်အတွင်း ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ (PDF)ဆီကို ဝင်ရောက်ခိုလှုံလာသူ တပ်သား၁၆ ဦး ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ဆီကို ၄ ရက်အတွင်း ဝင်ရောက်ခိုလှုံလာခဲ့တဲ့ တပ်သား၁၆ ဦး ရှိတယ်လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကနေ ယမန်နေ့ မေလ ၁၅ရက်နေ့အထိ ၄ ရက်အတွင်း ဝင်ရောက်ခိုလှုံလာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“အလင်းဝင်လာတဲ့ ၁၆ ဦးလုံးက အကုန်လုံး လူငယ်တွေချည်းပါ။ လူငယ်တွေပဲပေါ့နော် ။ ဘယ်နေ့က စဝင်လာလဲဆိုတော့ ဒီ ၁၂ ရက်နေ့ကနေ စပြီးတော့ပေါ့နော်။ ၁၂ ရက်နေ့ ၅လပိုင်းကနေ စပြီး အလင်းဝင်လာတာပါပေါ့။” လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြေပြင်တိုက်ပွဲအခြေအနေ ပြင်းထန်မှုကြောင့် တပ်သားတွေ အခုလို ဝင်ရောက်ခိုလှုံလာခဲ့ကြတာဖြစ်ပြီး ဝင်ရောက်ခိုလှုံလာတဲ့ တပ်သားတွေဟာ အသက်အရွယ်အရ ၁၉ နှစ်ကနေ ၂၈ ဝန်းကျင် ကြားကလူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းက တပ်သားတွေဟာ ပေါ်တာဆွဲ စုဆောင်းခံရတဲ့ တပ်သားတွေ များတာကြောင့် အခုလို ဝင်ရောက်ခိုလှုံလာကြတာလို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကအခုလိုဆက်ပြောပါတယ်။

“ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့က စုဆောင်းခံထိတယ်။ ပေါ်တာဆွဲခံထိတဲ့ ကလေးတွေများတာပေါ့နော်။ အဲ့တာကြောင့် ကလေးတွေက ထွက်ပြေးလာတာဖြစ်တယ်ပေါ့နော်။” လို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တို့ဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်‌နေ့ကစပြီး စစ်ကြောင်းထိုး စတင်တိုက်ခိုက်ခဲ့ကာ လက်ရှိအချိန်ထိ ၁၀ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေခဲ့တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

အဆိုပါ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ၁၀ ရက်အတွင်းမှာလည်း စစ်ကောင်စီနဲ့ PNO တို့ဘက်မှ ပြင်းထန်ဒဏ်ရာရရှိသူများပြီး တိုက်ပွဲအတွင်း ၁၈ ဦးထက်မနည်းသေဆုံးခဲ့တာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရှမ်းတောင် စစ်ဒေသခွဲ တပ်ဖွဲ့ဖက်မှာတော့ ရဲ‌ဘော်နှစ်ဦးအသေးစားဒဏ်ရာရရှိခဲ့ပြီး တပ်‌ပေါင်းစုက ရဲဘော်တစ်ဦးကျဆုံးခဲ့သလို တပ်ပေါင်းစုမှ MA3 သေနတ် (၃)လက်၊ MA1 သေနတ်(၁)လက် စုစုပေါင်း သေနတ်(၄)လက် အပါအဝင် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မြေပြင်တိုက်ပွဲအခြေအနေမှာတော့ စစ်ကောင်စီဟာ မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်း နဲ့ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွေမြို့နယ်စပ် စစ်ကြောင်းစတဲ့ စစ်‌ကြောင်း၃ ခုနဲ့ ထိုးစစ်ဆင်လာတာပါ။

လက်ရှိတိုက်ပွဲအခြေနေလည်း ဆက်လက်ပြင်းထန်နေဦးမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts