Monday, November 30, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့ ခွန်းမားရီယို

Must read

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် တင်ပြတောင်းဆို

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးနှင့်ယာဥ်နောက်လိုက်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

မူအက်စတာရေးသားသည်။

စင်ပေါ်ရောက်လာတဲ့အခါမှာ စကားကို စချီတည်းက အသံတုန်တုန်ရီရီနဲ့ ကယားပြည်နယ်ရဲ့ အခြေအနေကို ဘွားဘွားပေါ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့သူက လွိုင်လင်သား ကယန်းလူမျိုး ခွန်းမားရီယိုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ကယားပြည်နယ်၊ လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုမှာဖြစ်ပါတယ်။

“လူကြီးတွေအတွက် ဟင်းကောင်းကောင်းချက်ကျွေးရတယ်။ ကျနော်တို့က အကြွင်းအကျန်ပဲ စားရတယ်။”
“စစ်ပြီးလို့ပြန်လာတော့ ကျနော့တို့ရဲ့ မြေနေရာမှာ တပ်သိမ်းမြေ၊ မကျူးကျော်ရဆိုပြီးဖြစ်ကုန်ပြီ။”လို့ အစချီတဲ့ စကားတွေဟာ နိုင်ငံကျော်ခဲ့ပြီး ဒီစကားတွေဟာ ခွန်းမာရီးယိုဆီကနေ ထွက်ပေါ်လာတဲ့စကားတွေပါ။

ငြိမ်းချမ်းရေးစကားဝိုင်းအပြီး ခွန်းမာရီးယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ သတင်းမီဒီယာမှာသာမက မြန်မာတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးစကားဝိုင်းကို စောင့်ကြည့်နေကြတဲ့သူတွေ စကားသံမှာ တော်တော်လေး ပြောစမှတ်ပြုခဲ့ကြပါတယ်။

“ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျွန်တော်တို့လို တောသူတောင်သားတွေ၊ ပညာမတတ်သူတွေ၊ အစိုးရဝန်ထမ်းမဟုတ်သူတွေ အရွေးခံရလိမ့်မယ်လို့ ကျွန်တော်လည်း မျှော်လင့်မထားမိခဲ့ဘူး။”လို့ ခွန်းမားရီယိုက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂိ္ဂုလ်နဲ့ ကြီးမားတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြော၊ ဆွေးနွေးခွင့်ရတဲ့ အခွင့်အရေးဟာ တသက်မှာ တခါသာရတဲ့ အခွင့်အရေးပဲလို့ သူကညွှန်းဆိုလိုက်ပါသေးတယ်။

ခွန်းမားရီယိုရဲ့ စကားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်က ပြန်လည်တုန့်ပြန်တဲ့ စကားတွေဟာ လူအများ အာရုံစိုက်စရာဖြစ်စေခဲ့ပြန်ပါတယ်။

“လူကြီးတွေလာရင် ဟင်းတစ်ခွက်ပဲ ကျွေးပါ။” ဆိုတာက လူအများ ပြောစမှတ်ပြုခဲ့ကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲမတိုင်ခင်နဲ့ ဆွေးနွေးပွဲအပြီး အရပ်ဖက်အဖွဲ့အစည်းများနဲ့ လူငယ်အချို့က ပါဝင်ဆွေးနွေးသူတွေကို တာဝန်ရှိသူများက စိတ်ကြိုက်ရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဝေဖန်သံတွေ ကျယ်လှောင်ခဲ့ပါတယ်။

ဒါအပြင် ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကို အလွတ်ကျက်မှတ်တဲ့ စနစ်နဲ့ ဆွေးနွေးစေခိုင်းကြောင်း ဝေဖန်မှုများအမြောက်အများ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒီလိုစကားဝိုင်းမှာ တက်ရောက်ဆွေးနွေးခွင့်ရလို့ ခွန်းမားရီယိုခမျာ ကြောက်လွန်းလို့ အသံပါတုန်ရီနေတာကို ငြိမ်းချမ်းရေးစကားဝိုင်းမှာ လာနားထောင်တဲ့ သူတွေတောင် သိသိသာသာ ကြားရပါတယ်။

ငယ်ငယ်လေးတည်းက စစ်ပွဲတွေကြားမှာ ကြီးပြင်းလာခဲ့ရတဲ့သူဆိုတော့ တောတောင်ထဲသွားလည်းကြောက်ရ၊ အိမ်မှာ နေလည်းကြောက်ရ၊ ကျောင်းသွားလည်း ကြောက်ခဲ့ရသူမို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရှေ့ရောက်တဲ့အထိကို ကြောက်နေတုန်းပါပဲလို့ သူကဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်တောင် မကြောက်ဖို့၊ ရဲရဲဝံ့ဝံ့ပြောဖို့ အားပေးနေရပါတယ်။

“တောင်သူလယ်သမားတွေက သူတို့စိုက်ပျိုးထားတဲ့ ဆန်ကောင်းတွေကို သူတို့ကိုယ်တိုင်စားသောက်ရခြင်းမရှိဘဲနဲ့ ဝင်ငွေရဖို့သာ ရောင်းခဲ့ကြရတဲ့အကြောင်း၊ လူကြီးဧည့်သည်တွေလာရင် ကောင်းတဲ့ဆန်လေးတွေ၊ ကောင်းတဲ့ဟင်းတွေကိုပဲ ချက်ပေးရတဲ့အကြောင်း၊ တခါတလေ လူကြီးတွေလည်း မကောင်းတဲ့ဆန်တွေ၊ ဟင်းတွေစားပေးစေချင်ပါတယ်လို့ ပြောသွားပါတယ်။”လို့ ခွန်းမားရီယိုက ထည့်သွင်းပြောခဲ့ပါသေးတယ်။

ဒါနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်က “လူကြီးတွေသွားလို့ရှိရင်လေ ဟင်းတွေအများကြီးမကျွေးနဲ့ အဲ့လိုစဉ်းစားပြီး အသားတစ်ပွဲဟင်းရည်တစ်ခွက် အဲ့ထက်ပိုကျွေးတဲ့အဖွဲ့ဆိုကျွန်မတို့လည်းမစားဘူး” လို့ ပြန်ဆိုလိုက်ပါတယ်။

ခွန်းမာရီးယိုက တောင်သူလယ်သမားဆိုတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးလိုက်ချိန်မှာ စစ်ပွဲတွေပြီးလို့ တောင်ယာပြန်လာလုပ်တဲ့အချိန် တောင်ယာထဲသွားတာနဲ့ ပထမဆုံးမြင်တွေ့လိုက်ရတာက “တပ်ပိုင်မြေ၊ မကျူးကျော်ရ”ဆိုတဲ့ ဆိုင်းဘုတ်ကို အရင်ဆုံးတွေ့လိုက်ရပြီး သူတို့ရဲ့ ယာမြေတွေမှာ စိုက်ပျိုးခွင့်မရှိတော့ဘူးလို့ သူက ဆိုလိုက်ပါတယ်။

ဒီစကားကို ပြောထည့်လိုက်ချိန်မှာ အောက်က ပရိသတ်တွေအကြား လက်ခုတ်ဩဘာတွေ ညံသွားခဲ့ပါတယ်။

တီးတိုးသံ၊ ချီးမွမ်းသံတွေနဲ့ ပြည်သူတွေရဲ့ လက်ရှိအခြေအနေကို ညွှန်လိုက်လေခြင်းလို့ လူတွေရဲ့ မှတ်ချက်ပြုတာတွေ သောသောညံခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲတစ်ခုဖြစ်ပြီဆိုရင် အရင်ဆုံးပိတ်တာကျောင်းဖြစ်ပြီးတော့မှ စစ်ပွဲပြီးရင် အရင်ဆုံးပြန်ဖွင့်ဖြစ်တာ ရဲစခန်းလို့ သူက ဆိုပါတယ်။

ကျောင်းကတော့ အန္တရာယ်ရှိလို့ဆိုပြီး ဆက်ပိတ်ထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲပြီးလို့ အပြင်ထွက်လို့ရပြီ၊ ကိုယ့်ကိုယ်ပိုင် တောင်ယာလယ်ထဲကို သွားလို့ရပြီလို့ ပြောတဲ့အချိန်မှာ တောင်သူတွေကြုံရတဲ့ ပြဿနာက တပ်သိမ်းမြေဆိုတာကို သူက ကွက်ကွက်ကွင်းကွင်းပြောပြခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်က ကယားပြည်နယ်ဝန်ကြီးချုပ်ကို “ဒီအချက်ကို ပြန်ကြည့်ပေးပါ” ဆိုပြီး မှာကြားခဲ့ပါတယ်။

“ဒီထဲမှာ မဟုတ်တာလုပ်ထားလို့ အစိုးရက မဟုတ်မမှန်လုပ်ရင် ပြည်သူတွေကတိုင်ကြ။ ကိုယ့်မှာတိုင်ဖို့အခွင့်အရေးရှိတယ် ဒီအခွင့်အရေးကို မသုံးရဘူးသုံးလို့ရှိရင် အလကားဘဲ။ လူကြားထဲ ပွစိပွစိ ပြောပြီးတော့ လူကြီးတွေကမတရားဘူး အဲ့လိုတွေပြောနေလို့ ကျွန်မတို့ မသိရင်ဘာမှလုပ်လို့မရဘူး။ သိမှ စည်းမျဉ်းစည်းကမ်းအရ ဥပဒေအရအရေးယူလို့ရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

စကားဝိုင်းအပြီး နောက်တစ်ရက်မှာပဲ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးနဲ့ ဌာနဆိုင်ရာက ခွန်းမာရီးယို ပြောခဲ့တဲ့ တပ်သိမ်းမြေနေရာကို သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။

“ကျွန်တော်တို့ မနေ့ကပဲ သမ္မတဆီကိုစာတင်တာပေါ့နော၊ ကျွန်တော်တို့ အရင်ဆုံးကွင်းဆင်းတိုင်းတာမှုတွေကိုလုပ်တယ်၊ တပ်ကပြောတာကတော့ ၅ ဧကကျော်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားပြီး တိုင်းကြည့်လိုက်တဲ့အခါမှာ ၁ဝ ဧကကျော်နေတယ်ပေါ့နော၊ ပြည်ထောင်စုကဘယ်လိုပြန်ချပေးမလဲတော့ မသိသေးဘူး။ စာရောက်လာမှသိရမယ်ပေါ့နော်”လို့ ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အကယ်၍ တောင်သူတွေပိုင်ဆိုင်တဲ့ မြေတွေသာပြန်ရခဲ့မယ်ဆိုရင် Peace Talk မှာ တောင်သူကိုယ်စား ပါဝင်ဆွေးနွေးခွင့်ရကျိုးနပ်သွားပြီလို့ ခွန်းမာရီးယိုက ဆိုလိုက်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် တင်ပြတောင်းဆို

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးနှင့်ယာဥ်နောက်လိုက်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် အရပ်ဖက်အဖွဲ့အစည်းတင်ပြတောင်းဆို

ကန္တာရဝတီတိုင်း(မ်) လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းဆွေးနွေးကြပြီး ကယားပြည်နယ်လွှတ်တော်မှတဆင့် တင်ပြတောင်းဆိုသွားမယ်လို့ LAIN နည်းပညာပြုအထောက်အကူအဖွဲ့မှ ကိုကျော်ထင်အောင်ကပြောပါတယ်။ “အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း စုပေါင်း၍သော်လည်းကောင်း ဆောင်ရွက်ရတဲ့ အခက်အခဲတွေကိုလည်း လွှတ်တော်...

Comments

comments