နိုုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် လူငယ်များစိတ်ဝင်စားမှုနည်းပါး

ထျိူ းမြာ

 

နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ပြည်နယ်အမျိူးမျိုးမှ တိုင်းရင်းသား လူငယ်များလာကြသော်လည်း ပင်လုံအပေါ်စိတ်ဝင်စားမှုအားနည်းသည့်အပြင် နိုင်ငံရေးပိုင်းတွင် လည်းလူငယ် များစိတ်ဝင်စားမှုအားနည်းသည်ဟု နိုုင်ငံရေးလေ့လာသုံးသပ်သူ (အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်) ဦးရန်ကျော်ကပြောသည်။

“အဓိကအားဖြင့်တော့ ဒီဟာက နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲ တစ်ခုဖြစ်နေတာကိုး ငြိမ်း ချမ်းရေးနဲ့ပတ်သက်လာလို့ရှိရင်လည်း အိမ်ဆောက်သလိုပဲ ဖောင်ဒေးရှင်း ချယုံ ပဲရှိသေးတယ်။ ညီလာခံမှာကလည်းဖတ်ရုံပဲရှိတယ်။ တစ်ချို့ဆိုရင် ဖတ်တာအား ရပါးရ ဆယ်မိနစ်ကြီးတောင် သတင်းလိုပဲဖတ်တာ အဲ့ဒီဟာကိုလည်း ဘယ်သူမှ လည်း ဆွေးနွေးလို့လည်းမရဘူး ဆိုတော့ အဲ့လိုဆွေးနွေးလို့ မရဘူး ဆိုတဲ့အပေါ် မှာများ စိတ်ဝင်းစားမှုအားနည်းတာလားဆိုတာကို တွေးမိတယ်” ဟုပြောသည်။

ကယားပြည်နယ်ကျောင်းသားသမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်က ပြည်ထောင်စုုငြိမ်းချမ်းရေး ညီလာခံကိုု လူငယ်များစိတ်ဝင်စားမှုနှင့် ပတ်သက်၍ “လူငယ်တွေအားလုံးကိုတော့ ကျနော်ကိုယ်စားပြုမပြောပါဘူး။ ၂၁ရာစု ပင်လုံညီလာခံကိုတော့ ကျနော်စိတ်လည်း မဝင်းစားဘူးပေါ့နော။ ကျနော်တို့အနေနဲ့ ထောက်ခံတယ်လည်း မပြောဘူး။ မထောက်ခံဘူးလို့လည်း မပြောဘူး။ တစ်ဘက်မှာတော့ ငြိမ်းချမ်းရေးကိုတော့ လိုလားကြတာပေါ့။ ဒါပေမဲ့ အားလုံးကြတော့ ပြည်နယ်အနေနဲ့သုံးသပ်ကြည့်မယ်ဆိုရင် ပင်လုံပိုင်းမှာတော့ စိတ်ဝင်စားမှုုမရှိဘူးလို့ထင်တယ်”ဟု ၎င်းကပြောသည်။

တစ်ဘက်တွင် ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း တစ်ဘက်တွင် တပ်၏ မူဝါဒရှိနေသေးသည်ဟုပြောသည်။ မိမိတို့လူငယ်အနေနှင် ၂၁ရာစုပင်လုံတစ်ကယ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်သည့်အထဲတွင်မပါသည့်အပြင် လက်ရှိပင်လုံသည် လူငယ်အခန်းကဏ္ဍကို ဆောင်ရွက်ပေးနိုင်မှုအားနည်းလိမ့်မည် ခွန်ရဲမင်းကျော်က ထင်မြင်သုံးသပ်သည်။

လူငယ်များစိတ်ဝင်စားမှုအားနည်းရာတွင် CSOs ပါဝင်မှုလမ်းကြောင်း မပွင့်ခြင်း၊ စနစ်တကျ ပါဝင်ခွင့်မရသောကြောင့်လည်းဖြစ်သည်ဟု Lain နည်းပညာအထောက်အကူပြု ဘုတ်အဖွဲ့ဝင် ကိုကျော်ထင်အောင်ကပြောသည်။

လက်ရှိပင်လုံအပြီး အမျိုးသားအဆင့် ပြည်နယ်အဆင့် ဆွေးနွေးပွဲများလုပ်လျှင် အကြောင်းအရာအလိုက် မျိုးနယ်စုအလိုက် ဟူသော ဆွေးနွေးမှုများရှိလျှင် လူငယ်များ ပူးပေါင်းပါဝင်မှု လမ်းကြောင်းဖွင့်ပေးမည်ဆိုလျှင် လူငယ်များ၏ စိတ်ပါဝင်စား မှုသည် နောင်ခြောက်လအတွင်းတွင် ပိုမိုစိတ်ဝင်စားလာနိုင်မည်ဟုု ယူဆကြောင်း ကိုကျော်ထင်အောင်က ပြောပြသွားသည်။

ခြောက်လပြည့်ပြီးနောက်တစ်ကြိမ်လုပ်မည့်ဆွေးနွေးပွဲတွင် ပို၍စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု ဦးရန်ကျော်ကပြောသည်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေးစိတ်ဝင်းစားသောလူငယ်များသည် စိတ်နဲ့ဆိုင်သော်လည်း လူငယ်များနို်င်ငံရေးငြိမ်းချမ်းရေးပိုင်းတွင် ပိုမိုစိတ်ဝင်စားလာစေရန် ငြိမ်းချမ်းရေးဟောပြောမှု၊ ငြိမ်းချမ်းရေးနှင့်ဆိုင်သော ဇာတ်လမ်းများပြသပေးခြင်း နှင့် ငြိမ်းချမ်းရေး သီချင်းများကို ဆောင်ရွက်ပေးသင့်သည်။ မဟုတ်ပါက စိတ်ဝင်စားမှုအားနည်းနေအုံးမည်ဟု ဦးရန်ကျော်က ပြောသည်။

ထို့အပြင် မိမိတို့ဖြစ်ချင်သည်ကို တရားသေဆုတ်ကိုင်ထားခြင်းထက် မိမိတို၏့မျိုးနွယ်စု မိမိတို့ပြည်နယ် မိမိန်ိုင်ငံကြီးအတွက် ဖြစ်ချင် သည်ထက်ဖြစ်သင့်သည်ကို ဖော်ဆောင်မည်ဆိုလျှင် နိုင်ငံကြီးက မြန်မြန် ရွှေ့လိမ့်မယ်ဟု ဦးရန်ကျော်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကိုကရင်နီအမျိုးသားတိုးတက်ရေးပါတီ(Knpp) နည်းပညာအထောက်အကူပြုအနေဖြင့် တက်ရောက်လာသော လူငယ်အမျိူးသမီးမော်သဲမာသည် “ ဒီညီလာခံမှာ တစ်ခြားကဏ္ဍတွေကိုပဲ တင်တာကောင်းကောင်းတွေ့ပြီးတော့ လူငယ်ကဏ္ဍအနေနဲ့တင်တာမတွေ့သေးဘူးပေါ့နော။လူငယ်ကဏ္ဍသူတို့အဓိကပြောသွားတာကတော့ ပြည်တွင်းစစ်ကြောင့်လူငယ်တွေက အညွန့်ချိုးသလိုဖြစ်တာပေါ့နော။ ဒါကြောင့်မလို့လူငယ်တွေက သူတို့ကိုပြုစုပျိူးထောင်ဖို့အတွက်ပြောသွားတာတော့တွေ့ပါတယ်” ဟုဆိုသည်။

Knpp-နည်းပညာအထောက်အကူပြုအဖြင့်-၂၁ရာစုပင်လုံသို့တက်ရောက်သော-လူငယ်အမျိူ-းသမီး-မော်သဲမာ။
Knpp-နည်းပညာအထောက်အကူပြုအဖြင့်-၂၁ရာစုပင်လုံသို့တက်ရောက်သော-လူငယ်အမျိူ-းသမီး-မော်သဲမာ။

ဤညီလာခံတွင် တို်င်းရင်းသားလူငယ်အဖွဲ့သော်လည်းကောင်း EAO အဖွဲ့သော်လည်းကောင်း ရရာနည်းလမ်းဖြင့် ပါလာကြသော်လည်း ရှေ့ဆက်လုပ်ငန်းစဉ်တွင် လူငယ်များ၏အသံပါဝင်နိုင်ရန်လည်းလိုအပ်သည်ဟု သူမကပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အမြဲတမ်းဗဟိုကော်မတီဝင် ရဲဘော်အောင်မြက အထူးသဖြင့် ထိုင်းနိုင်ငံရှိတိုင်းတပါးဘက်တွင် အလုပ်သွားလုပ်သောလူငယ်များသည် အဓိက လောလောဆယ်ဝမ်းစာရေးအတွက် စိတ်ဝင်စားပြီး နိုင်ငံရေးထဲစိတ်မဝင်စားသည့်ပြင် မူးယစ်ဆေးဝါးဘက်တွင်သာ စိတ်ဝင်စားကြသည်ဟု ပြောသည်။

“လူငယ်တွေအခွင့်အလမ်း ဆိုတာက သူ့ဟာသူဖန်တီးယူမှရမှာ မိုးကောင်းကင်ကနေပြီးတော့ လာပေးမှာမဟုတ်ဘူး။ ကိုယ့်ဟာကိုဖန်တီးယူရမယ်။ ဆုတောင်းတိုင်းပြည်မယ်ဆိုရင်တော့ လူတွေမျက်ရည်ဘယ်မှာသွားထားမလဲ။ ဆုတောင်းတိုင်း လည်းမရပါဘူး။ အဲ့ဒီတော့ ကိုယ့်ဟာကို ဖန်တီးယူရမယ်။ ဦးလေးရဲ့ခံယူချက် ဦးလေးရဲ့အယူအဆအရပေါ့ ကိုယ့်ဘဝကို ဖန်တီးယူရမယ်။ ” ဟုပြောပါသည်။ လူငယ်များနိုင်ငံရေးကို လေ့လာစေချင်သည်ဟု ပြောသည်။

လူငယ်များ နိုင်ငံရေးဘက်ပိုမိုစိတ်ဝင်စားလာစေရန် ပြည်ထောင်စုအစိုးရကော ပြည်နယ်စိုးရများပါ လူငယ်၏အခန်းကိုမြင့်တင်ပေးရမည်။ ပါဝင်မှုကို ဖိတ်ခေါ်ရမည်၊ အရပ်ဘက်အဖွဲ့အစည်းများသည်လည်း ၂၁ရာစုသည် လူငယ်များ အနာဂတ်အတွက် စိတ်ဝင်စားသင့်ပါဝင်သင့်သော ခေါင်းစဉ်များဖြစ်သည်ကို ကျယ်ကျယ်ပျံ့ပျံ့လုပ်နိုင်ရန်လိုအပ်သည် ဟု ကိုကျော်ထင်အောင်က ပြောသည်။

လူငယ်တွေကလည်း စိတ်ဝင်စားဖို့လိုမယ်ပေါ့လေ။ အခု တိုင်းပြည်ရဲ့အနေအထားအရ နကိုက ကြောက်အောင်ချောက်ထားတဲ့အတွက် မိဘတွေကိုယ်တို်င်က ဒါနိုင်ငံရေးနဲ့ပတ်သက်ရင် ထောင်ကျမယ့်အလုပ် ပိုက်ဆံမရဘူးဆိုတဲ့ အနေအထားမျိုးတွေကို ကျော်လွန်ဖို့လိုပါတယ်။

Comments

comments

Next Post

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်တွေ့ဆုံခြင်း

Fri Sep 16 , 2016
  မေး။ ။ ဝန်ကြီးချူပ် အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကို လာတက်ရခြင်း အားဖြင့် ကယားပြည်နယ်အတွက် ဘာတွေမျှော်လင့်ချက်တွေရှိလာနိုင်မယ်လို့ ထင်လဲ။ ဖြေ။ ။ ကျနော့်ရဲ့မျှော်လင့်ချက်ပဲ ကျနော်ပြောရမယ်ဆိုရင်တော့ ကျနော်ကတော့ ငြိမ်းချမ်းရေးမရခဲ့လို့ ကျနော်တို့ပြည်နယ်က နောက်ကျခဲ့တာလေ။ ငြိမ်းချမ်းရေးရအောင်ဖော်ရမယ့်အခွင့်အလမ်းတစ်ခုကို ကျနော်တို့ရနေပြီ။ ပင်လုံစာချူပ် ပင်လုံကျောက်စာ ကျနော်တို့လွတ်လွတ်လပ်လပ်ရခဲ့ပြီ။ ၂၁ ရာစုပင်လုံကြောင့်လည်း ဒါကျနော်တို့ငြိမ်းချမ်းရေးကို၊ ကျနော်တို့ ပထမခြေလမ်းကိုစနိုင်ပြီ ဒီလိုအခွင့်အရေးကို ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ရယူစေချင်ပါတယ်။ ကျနော်တို့ပြည်နယ်ရဲ့ကိုယ်စားပေါ့။ ကျနော်ကတော့ ဒီလိုမျိူးပဲခံယူထားတယ်။ ပြည်နယ်ကလူတွေလည်း အဲ့လိုမျိူးပဲခံယူမယ်လို့ကျနော်ယုံကြည်တယ်။ မေး။ ။ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ပေါ့နော လုပ်ပိုင်ခွင့်တွေ၊ အာဏာခွဲဝေမှုတွေပိုင်းမှာရော၊ အခုတိုင်းရင်းသားအဖွဲ့တွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ပေါ့နော။ ဒါဆိုရင် အခုလက်ရှိဝန်ကြီးချုပ်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်အပေါ်မှာကော […]