spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) – ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၂၁ ပင်လုံညီလာခံ တက်ရောက်ခဲ့တဲ့  ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေး မြန်းခဲ့တာကိုု ဖော်ပြလိုုက်ပါတယ်။
မေး။ ။ အခု ကချင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ ၂၁ ပင်လုံညီလာခံလည်း ဗိုလ်ချုပ်တို့က တက်ရောက်နိုင်ခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ ဗိုလ်ချုပ်တို့ရဲ့ သဘောထားကိုသိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့က တိုက်ပွဲမရှိဘဲ ဆွေးနွေးပွဲကိုတက်ချင်တာပေါ့။ ဒါပေမယ့် အခုကမတတ်နိုင်လို့ တိုက်ပွဲတွေရှိနေသော်လည်း ဆွေးနွေးပွဲကိုလာနေတာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံပြီးလို့ရှိရင် ဒီကိစ္စကို ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်။

မေး။ ။ NCA ကိုကော ထိုးဖို့မထိုးဖို့ ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ။ ။ NCA ကတော့ ကျနော်တို့ဆွေးနွေးပြီးမှပဲ သိရမှာပါ။

မေး ။ ။ ငြိမ်းချမ်းရေးရဖို့ ဗိုလ်ချုပ်တို့ရဲ့ တကယ့်လိုအပ်ချက် ၊ ဆန္ဒက ဘာလဲဆိုတာ ပြောပေးပါရှင့်။
ဖြေ ။ ။ အဓိက ကတော့ဆွေးနွေးရေးကိုသေချာလုပ်ရမယ်။ စစ်ရေးနဲ့မဟုတ်ဘဲနဲ့ ဆွေးနွေးရေးကို လုပ်ရမယ်။ လုပ်တဲ့အခါမှာ ကြိုတင်ကန့်သတ်ချက်များ မထားရှိတဲ့ဆွေးနွေးချက်ဖြစ်ရမယ်။ တန်းတူဖြစ်ရမယ်။ ပွင့်လင်းမြင်သာ မှုရှိရမယ်။ ဒီလိုသွားမည့်ဆွေးနွေးမှုမျိုးကိုဖြစ်စေချင်တယ်။ ဒါက တကယ်ပဲ ကျနော့်ရဲ့ ဆန္ဒဖြစ်ပါတယ်။

မေး။ ။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အတူတကွတိုက်ဖျက်ဖို့ ဘယ်လိုအကောင်းဆုံးလုပ်ဆောင်သင့်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ ဒါက တစ်နိုင်ငံလုံးက ကြုံတွေ့နေရတဲ့ ပြဿနာမိုလို့ပါ။
ဖြေ။ ။ အစိုးရအနေနဲ့ ပြည်သူလူထုတစ်ရပ်လုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အားလုံးဝိုင်းပြီးလုပ်ကြရမည့်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်အခုချိန်မှာတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုလုပ်နေတော့ အစိုးရအနေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ရော မလုပ်နိုင်သေးပါဘူး။ ဒါကိုပိုပြီး တိတိကျကျလုပ်ဖို့လိုအပ်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်တို့ ဘက်က မြစ်ဆုံစီမံကိန်းအရေး ကိစ္စနဲ့ပတ်သက်လို့ကကော ဘယ်လိုဆက်လုပ်ဖို့ မလုပ်ဖို့ ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ။ ။ အားလုံးကဒါစနစ်တကျစဉ်းစားပြီးတော့မှ လုပ်သင့်တယ်မလုပ်သင့်ဘူး။ လူထုက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။

မေး။ ။ သံယံဇာတခွဲဝေတဲ့အပိုင်းနဲ့ပတ်သက်လို့ အခု ဖားကန့်တို့ မိုင်းရှုးတို့ဘက်မှာလည်း ကြုံတွေ့နေရတဲ့အခက်အခဲတွေရှိတယ်။ ဒါတွေကို ဘယ်လိုဖြစ်သင့်လဲ ၊ အကောင်းဆုံးဘာတွေလုပ်သင့်လဲဆိုတာ ပြောပေးအုံးရှင့်။
ဖြေ။ ။ သံယံဇာတအပိုင်းတော့ သုံးခု ပြောချင်တယ်။ တူးဖော်ရေး၊ခွဲဝေရေး၊နောက် ထိန်းသိမ်းရေး၊ ဒီသုံးခုလုံးအရေးကြီးတယ်။ ဒါကို အစိုးရနဲ့ လူထုက စီမံကိန်းချရပါမယ်။ စီမံကိန်းချတဲ့အခါမှာအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ချဖို့ အရေးကြီးပါတယ်။

မေး။ ။ စစ်ပွဲကြောင့် ကချင်ဒုက္ခသည်တွေရှိလာတဲ့အပေါ်မှာကော သူတို့အတွက် အကောင်းဆုံးဘာတွေလုပ်ပေးသင့်လဲ ၊ ဒုက္ခသည်တွေမရှိအောင် ဘာလုပ်သင့်လဲ။
ဖြေ။ ။ ဒုက္ခသည်တွေထပ်ပြီးတိုးမလာအောင် တိုက်ပွဲတွေကို ရပ်နိုင်အောင်ကြိုးစားရမယ်။ ရှိပြီးသားတွေကိုယ့်ရဲ့ဒေသမှာပြန်ပြီးတော့ နေသားကျအောင်နောက်ပြီးမှ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်အောင် ဒီနှစ်ပိုင်းကိုခွဲပြီးလုပ်ရပါ့မယ်။

မေး။ ။ ဗိုလ်ချုပ်အနေနဲ့ တိုင်းသူပြည်သားအားလုံးကို ဘာအမှာစကားပြောကြားလိုပါသလဲ။
ဖြေ။ ။အခု ဒီ ၂၁ ရာစုပင်လုံကို အားလုံးကမျှော်လင့်နေကြတာပဲ အဲတော့ ဒီဟာအောင်မြင်ဖို့ဆိုတာကလည်း အစိုးရကော ၊ ဒီမှာတက်ရောက်လာတဲ့သူကော လူထုတစ်ရပ်လုံးရဲ့ သဘောထား ဗဟုသုတဆုံးဖြတ်ချက်တွေ အရေးကြီးပါတယ်။ အားလုံးဝိုင်းပြီးတော့ အကြံပေးနိုင်ဖို့လိုအပ်တယ်လို့ အကြံပြုပါတယ်။

spot_img
spot_img

Recent posts