spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးနှင့် ဆက်သွယ်မေးမြန်းခြင်း

Author

Date

Category

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဖို့ ဘယ်လိုပြင်ဆင်ထားသလဲ။

ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို ဘယ်လိုပြောဆိုထားပါသလဲ စတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

ကယန်အမျိုးသားပါတီဥက္ကဌ ခွန်းဘီထူး

မေး။ ။ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ မဲဆွယ်ဖို့အတွက် ဒီကိုဗစ်ကာလအတွင်းမှာ ဘယ်လို ပြင်ဆင်မှုတွေလုပ်ထားလဲ ဘယ်လိုပုံစံနဲ့ မဲဆွယ်သွားမလဲ။

ဖြေ။ ။ ကျတော်တို့ကယန်းအမျိုးသားပါတီမှာတော့ ခိုင်လုံတဲ့လူထုထောက်ခံမှု အတိုင်းအတာလေးတစ်ခု ကျတော်တို့ရထားတဲ့အတွက် မဲဆွယ်တဲ့ပုံစံကိုတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် မဟုတ်ရင်လည်း လူနည်းစုနဲ့မဲဆွယ်တဲ့ပုံစံပြောင်းလို့ရတယ်။ ပြီးတော့ ဒီနေ့ဒီအချိန်မှာလည်း IT အွန်လိုင်းတွေနဲ့တဆင့် မဲဆွယ်တဲ့ဟာလုပ်သွားလို့ရတယ်။

ဒါကတော့ အကြမ်းဖျင်းဆွေးနွေးထားတဲ့ဟာမျိုးပေါ့ ဒီလိုပုံစံမျိုးတော့ ပြောင်းလဲလုပ်လို့ရတယ်ပေါ့နော ဒါပေမယ့် စည်းကမ်းဘယ်လိုထွက်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော။ UEC ကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းဘယ်လိုဖြစ်မလဲမသိသေးဘူးပေါ့နော။

အဲ့အပေါ်မှာလည်း လိုက်လျောညီထွေမှုရှိအောင်ပေါ့ ကျတော်တို့ကျင့်သုံးရလိမ့်မယ်လို့။ အထူးသဖြင့် ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ လူစုလူဝေးတွေမခေါ်ဘဲနဲ့ ရောဂါပျံံ့ပွားအောင်လုပ်တာရှောင်တယ် ကျတော်တို့ကတော့ အကောင်းဆုံး ကိုဗစ်နဲ့ပတ်သက်ပြီးလိုက်နာနေတယ်။ အဲဒီအပေါ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးရေးတွေ ပေါင်းစုံလုပ်နေတယ်။

အထူးသဖြင့် ဒီနေရာမှာတော့ ပြင်ဆင်တဲ့အပိုင်းပေါ့ ကိုယ်စားလှယ်လောင်းတွေကို သူရဲ့ ကမ်ပိန်းမန်နေဂျာသင်တန်းပေးတာတွေ သူ့ကိုခေါ်ပြီးစည်းရုံးတာတွေ အဲလိုပဲလုပ်နိုင်တဲ့အနေအထားဖြစ်တယ်။ ကွင်းထဲဆင်းတဲ့ဟာတော့ တတ်နိုင်သမျှရှောင်းရှားနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့။ ဆိုတော့ အဲဒီအပိုင်းမှာတော့ မလုပ်နိုင်သေးဘူး။ သို့သော် ကိုဗစ်ကာလကိုကျော်လွန်ပြီး စည်းရုံးနိုင်တဲ့အခွင့်အရေးရှိမယ်ဆိုရင်တော့ လူထုတွေကိုအရောက်သွားနိုင်ဖို့ ပြင်ဆင်နေတဲ့ အနေအထားမျိုးရှိနေပါတယ်။

မေး။ ။ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေက ကိုဗစ်ကာလမှာ စည်းရုံးရေးဆင်းဖို့ ဘယ်လိုအခက်အခဲတွေရှိနိုင်မလဲ။ လက်ရှိ အနိုင်ရထားတဲ့ အစိုးရက ကိုဗစ်ကာလအတွင်း အောက်ခြေထိ ကွင်းဆင်းကြည့်ရှုတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ရွေးကောက်ပွဲကနီးနေပြီဆိုတာ အားလုံးကသိတယ်ပေါ့နော။ ပြဿနာက ကိုဗစ်ကြောင့်မို့လို့ပေါ့နော အစိုးရဖက်က ထုတ်ပြန်ချက်တွေအများကြီးထုတ်လာတယ်ပေါ့နော။ ဥပမာဆိုရင်တော့ လူစုလူဝေးမလုပ်ရတဲ့ ပြဿာနာတွေ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ အလှူငွေနဲ့ပတ်သက်တဲ့ဟာတွေပေါ့ အစိုးရက ကန့်သတ်ထုတ်ပြန်တာရှိတယ်။

ကျတော်တို့ကလည်း အဲဒီအပေါ်မှာ ကန့်ကွက်ရှုပ်ချတယ်။ ကိုဗစ်ကိုအသုံးချပြီးတော့မှ နိုင်ငံရေးစည်းရုံးရေးကို လုပ်တဲ့နေရာမှာ ကျတော်တို့ပါတီကိုတော့ ပိတ်ပင်တယ်ပေါ့နော။ ကိုဗစ်ကိုအမြတ်ထုတ်ပြီးတော့ နိုင်ငံရေးလုပ်တာတော့ မသင့်တော်ဘူး လို့ နံပါတ်(၁)ပြောချင်တယ်။ ကိုဗစ်က ကပ်ဘေးဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်သလို တစ်ကမ္ဘာလုံးရဲ့အရေးဖြစ်တယ် ။ ပြည်သူတစ်ယောက်ချင်းရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ့် တာဝန်က ကျတော်တို့အားလုံးမှာ တာဝန်ရှိတယ်ပေါ့။

ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ အမြတ်မထုတ်သင့်ဘူးလို့ ယူဆတယ်။ ကိုဗစ်ကြောင့်မလို့ပေါ့ အစိုးရက ခုနပြောတဲ့ ကန့်သတ်မှုတွေက နောက်ကွယ်မှာ တိုင်းရင်းသားပါတီတွေရဲ့စည်းရုံးမှုတွေကို တစ်နည်းအားဖြင့် ကန့်သတ်တဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့။ ကိုဗစ်ကာလမှာ ဆိုင်းဘုတ်လိုက်တင်တာတောင်မှ တစ်ယောက်နှစ်ယောက်နဲ့ပဲ တင်ရတဲ့အခြေအနေမျိုး ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပေးတာမျိုးမရှိတော့ဘူး ပါတီတွေရဲ့ လူထုတွေနဲ့တွေ့ဆုံနိုင်တာမျိုးမလုပ်နိုင်ဘူးပေါ့။

သို့သော် အစိုးရက သူ့လုပ်ငန်းတွေကို မရပ်ဆိုင်းဘူးလေ။ ကိုဗစ်ပစ္စည်းသွားလှူလိုက် ပါတီဝတ်စုံနဲ့သွားနေလိုက် အချို့သောပုံရိပ်တွေက အလှူငွေပေးတဲ့အချိန်မှာ စည်းရုံးမှုတွေလုပ်တာရှိတဲ့အတွက် ဒါတော့ သက်သက်အမြတ်ထုတ်တဲ့အနေအထားရောက်သွားတယ်ပေါ့။ ကျတော်တော့ ပြည်သူကို ဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်စေချင်တာကတော့ ကိုဗစ်က အားလုံးရဲ့အရေးဖြစ်တယ် ကိုဗစ်ရဲ့ပံ့ပိုးမှုတွေအားလုံးကလည်း လူထုတွေရဲ့ငွေနဲ့ နိုင်ငံတကာအလှူတွေနဲ့ ပံ့းပိုးတာတော့ အားလုံးကို ရှင်းရှင်းလင်းလင်း အကူအညီရတဲ့ဟာတော့ ယူစေချင်တယ် သို့သော် နိုင်ငံရေးအရရှင်းရှင်းလင်းလင်းမြင်တတ်ဖို့လိုတယ်ပေါ့။

မေး။ ။ ကိုဗစ်ကာလအတွင်းမှာပဲ ၂၀၂၀အထွေထွေရွေးကောက်ပွဲက ကျင်းပမယ်ဆိုရင် ရွေ့သင့်တယ်လို့ထင်လား ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျတော်တို့ပါတီအနေနဲ့က ရွေးကောက်ပွဲကိုမရွေ့သင့်ဘူးလို့ယူဆတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင်တော့ ရွေးကောက်ပွဲက ဒီမိုကရေစီရဲ့ပြယုဒ်တစ်ခုဖြစ်ပြီးမှ ဒီလိုအပေါ်မှာရွေးကောက်ပွဲရှိခြင်းက ဒီမိုကရေစီရဲ့၊ လူထုရဲ့လိုလားချက်ကို လူထုရဲ့ကိုယ်စားလှယ်ကို ရွေးချယ်တင်မြှောက်နိုင်မှာဖြစ်တယ်ပေါ့

မေး။ ။ လက်ရှိမှာ UEC ဖက်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တစ်စုံတစ်ရာ ထုတ်ပြန်တာတွေမရှိသေးဘူးဆိုတော့ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ UEC ဖက်ကတော့ လောလောဆယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့မှ ပြည်သူတွေကိုသင့်တော်တဲ့အချိန် ကြေညာပေးဖို့လိုလာပြီ။ ဖြစ်နိုင်ရင်တော့ ကြိုတင်ပြင်ဆင်ခြင်းက အကောင်းဆုံးပြင်ဆင်မှုတွေကို ဖြစ်စေတယ်။ UEC ဖက်ကပြင်ဆင်ဖို့လိုသလို ကျတော်တို့နိုင်ငံရေးပါတီဖက်ကလည်း ပြင်ဆင်ဖို့လိုတယ် အထူးသဖြင့် လူထုကြားမှာလည်း ဘယ်လိုပုံစံနဲ့ဘယ်လိုမဲပေးရမလဲဆိုတာ ပြင်ဆင်နိုင်တဲ့အချိန်ရှိဖို့လိုတယ်။ မဲပေးတာမတိုင်ခင်မှာ မဲစာရင်းစစ်ရမယ် ပြီးတော့ မြို့နယ်တွေမှာ မဲပေးမယ် မပေးဘူး ရွေ့မယ် မရွေ့ဘူး ဆိုတာ ဆုံးဖြတ်ရမယ့်သူဖြစ်တဲ့အတွက် လူထုတွေမှာလည်း ပြင်ဆင်ချိန်လိုအပ်တာပေါ့။

spot_img
spot_img

Recent posts