spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသတွင် လူထုသတင်းသမား သင်တန်းပြုလုပ်

Author

Date

Category

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေပြီး ကယန်းဒေသ တစ်နေရာမှာ လူထုသတင်းသမားနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ရပ်ကို ဇန်နဝါရီ လ ၁၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၄ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို လူထုသတင်းသမားသင်တန်းပြုလုပ်တာနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ သင်တန်း နည်းပြ တစ်ဦးက က ” ကျနော်တို့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းမှာ ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခအခက်အခဲတွေ၊ ပြီးတော့ ဒီတော်လှန်ရေး ကာလမှာ ပြည်သူတွေက ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာတွေကို သူတို့ကိုယ်တိုင် မီဒီယာကနေ တစ်ဆင့် ပြောပြနိုင်ဖို့ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ်ပေါ့နော်။”လို့ ဆိုပါတယ်။

အဆိုပါ လူထုသတင်းသမားသင်တန်းမှာ အခြေခံဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးနည်း၊ အင်တာဗျူးမေးမြန်းရိုက်ကူးနည်း၊ သတင်းနဲ့ ဆောင်းပါးရေးသားနည်း စတာတွေကို သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။

သင်တန်းမှာ သတင်းပညာရပ်ကို စိတ်ဝင်စားပြီး ပြန်လည်အသုံးချလိုတဲ့ လူငယ် (၁၃) ဦး ပါဝင်တက်ရောက်ခဲ့ ပါတယ်။

” လူထုသတင်းသမားသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်က ပထမတစ်ချက်ကတော့ ကျမဒီအဓိက သတင်းတွေကို ဘယ်လိုယူရမလဲပေါ့နော်။ ပြီးရင် ဗီဒီယို ရိုက်ကူးနည်းတွေ၊ ပြီးရင် အခြေခံ ဓါတ်ပုံရိုက်ကူးနည်း တွေ အဲ့ဒါတွေ သိချင်လို့ ဒီသင်တန်းကို တက်ရတဲ့ ပထမဆုံးရည်ရွယ်ချက်ပေါ့နော်။ ပြီးနောက်တစ်ချက် ခါကျတော့ လက်ရှိ ဒီကယန်းဒေသမှာ ဆိုလို့ရှိရင် လူထုသတင်းသမားဆိုတာက နည်းတာပေါ့နော်။ အဲ့ကြောင့်မို့ အဲ့ဒါနဲ့ပတ်သက် ပြီး ကိုယ်တိုင်က လူထုတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သတင်းထောက်တစ် ယောက်အထိ ကိုယ်မဖြစ်နိုင်ရင်တောင်မှ အနည်းဆုံး ဒီလူထုအနေနဲ့ လူထုရဲ့ အဖြစ်အပျက်ကို သိထားတယ်ဆို ရင်တော့ တခြား သတင်းဌာနတစ်ခုပဲဖြစ်ဖြစ် ကိုယ်က ချိတ်ဆက်ပေးမယ်ဆိုရင်တော့ ဒါပိုအဆင်ပြေ တယ်ပေါ့နော်” လို့ သင်တန်းတက်ရောက်ခဲ့တဲ့ အမျိုးသမီးလူငယ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီသင်တန်းကာလ ၁၄ ရက်အတွင်းမှာ စာတွေ့လုပ်ဆောင်တာတွေနဲ့ လက်တွေ့ကွင်းဆင်းလုပ်ဆောင်တာတွေ ပြုလုပ်ခဲ့သလို သင်တန်းကာလပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လက်တွေ့ကွင်းဆင်းလုပ်ဆောင်ခဲ့တဲ့ အပေါ် ပြန်လည် သုံးသပ်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အနေနဲ့ ကယန်းဒေသအပါအဝင် ကရင်နီပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် စဉ်တွေ၊ စစ်ရှောင်ပြည်သူတွေရဲ့ လူနေမှုဘဝအခက်အခဲတွေ၊ တော်လှန်ရေးကာလတွင်း ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လူထုသတင်းသမားတွေကနေတဆင့် ဖော်ထုတ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဟာ ကယန်းဒေသတွင်း ပညာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဒေသစည်းရုံးရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအသိပညာပေးလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ အရပ်ဖက် လူငယ် အဖွဲ့တစ်ခုဖြစ်ပါတယ်။

spot_img
spot_img

Recent posts