spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားနေ့အခမ်းအနား အကျဥ်းချုပ်ကျင်းပ

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်ရှိ နေရာ ဒေသအချို့မှာ အကျဥ်းချုပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခုလို အကျဥ်းချုံးကျင်းပတဲ့ ကယန်းအမျိုးသားနေ့အခမ်းအနားကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေ၊ လွယ်ယင်းကျေးရွာနဲ့ အလယ်ကယန်းဒေသ၊ ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီဌာနချုပ်နဲ့ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖဒေသတွေမှာ အသီးသီးကျင်းပပြုလုပ်ခဲ့ကြတာပါ။

အဆိုပါ အခမ်းအနားတွေမှာ ကယန်းမျိုးသားအလံတင်​ခြင်း ၊ အလံလေးပြု​ခြင်း ၊ မိန့်ခွန်းပြောကြားခြင်း စတာ တွေနဲ့ ကယန်းအသင်းအဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာလည်း Kayan International Network က ဦးစီးပြီးတော့ ကယန်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကယန်းအမျိုးသားနေ့အခမ်းအနားကို ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စည်စည်ကားကားမကျင်းပနိုင်ခဲ့တာ ၃ နှစ်ရှိသွားပြီဖြစ်ပြီး အခမ်းအနားအကျဥ်းချုပ်သာ ကျင်းပနိုင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts