spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားပါတီရဲ့ ရွေးကောက်ပွဲဘာတွေပြင်ဆင်ထားလဲ

Author

Date

Category

နော်ဒွေးအယ်ခူ

ရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ် ပြန်ထားပြီးနောက် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ သော်လည်းကောင်း ကိုယ်စားလှယ်များသော်လည်းကောင်း လူထုများ သိရှိစေရန် အလျင်းသင့်သလို ဖော်ပြပေးမှာဖြစ်ပါတယ်။

လက်ရှိပြည်နယ်အတွင်းမှာကော ပြည်နယ်နဲ့နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာကော ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီရဲ့ အကြောင်းကို ပြည်သူတွေသိရှိစေဖို့ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

၂၀၂၀၊ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်နယ် အပါဝင် ရှမ်း ၊ ကရင် ၊ နေပြည်တော်တို့ဘက်မှာ ကယန်းအမျိုးသားပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် လက်ရှိမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်းမှာ အပြီးသတ်ရွေးချယ်နေပြီဖြစ်ပါတယ်။

ကယား ပြည်နယ်အတွင်းမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး ရွေးကောက်ပွဲနေရာ မထပ်အောင် ညှိနှိုင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်နယ်အတွင်း (၄)နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်း ကိုယ်စားလှယ် ၃၄ နေရာမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ်ပေါင်း နေရာ (၃၀)ကို ဝင်ပြိုင်ပြီး ကယန်းအမျိုးသားပါတီက ၄ နေရာဝင်ပြိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ၄ နေရာနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်ထဲက လိပ်သို၊ နေပြည်တော် ပျဉ်းမနားမြို့တွေဘက်မှာလည်း ဝင်ပြိုင်မှာဖြစ်တဲ့အတွက် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ စုစုပေါင်း (၁၂)နေရာလောက် ဝင်ပြိုင်ဖို့ရှိနေပါတယ်။

ကယားပြည်နယ်မှာတော့ မယ်စဲမြို့နယ်နဲ့ ဒီမော့ဆိုမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။

ကယန်းအမျိုးသားပါတီအနေနဲ့ ၂၀၁၀အထွေထွေရွေးကော်ပွဲမှာတစ်ကြိမ်၊ ၂၀၁၅ရွေးကောက်ပွဲမှာတစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီးဖြစ်ပါတယ်။

၂၀၁၇ကတည်းက ကိုယ်စားလှယ်လောင်းတွေကို ပြင်ဆင်ထားရှိသလို ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက ဥပဒေဆိုင်ရာနဲ့ပတ်သက်တဲ့ပြောဆိုနိုင်တဲ့ အရည်အချင်းရှိသူ၊ နိုင်ငံရေးအကြောင်းအရာတွေကို ပြောဆိုနိုင်သူ၊ လူထုအပေါ်မှာ နိုင်ငံရေးအရ အလုပ်အကျွေးပြုနိုင်သူ၊ ကယန်းအမျိုးသားအရေးမှာ စိတ်ဝင်စားမှုရှိပြီး ဘက်မလိုက် အစွန်းမရောက်ဘဲ မားမားမတ်မတ်ဆောင်ရွက်ပေးနိုင်သူ စတဲ့အရည်အချင်းတွေနဲ့ သတ်မှတ်ထားတာပါ။

လက်ရှိ လျာထားတဲ့ကိုယ်စားလှယ်လောင်း (၁၁)ဦးထဲမှာ ၄ဦးက အမျိုးသမီးဖြစ်ပြီး ကိုယ်စားလှယ်လောင်း (၁၂)ဦးရှိမယ်ဆိုရင်လည်း အမျိုးသမီး (၅)ဦးအထိ လျာထားတာကြောင့် ရွေးကောက်ပွဲကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကတော့ ၃၀ရာခိုင်းနှုန်းအကျော်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားပါတီအနေနဲ့ လူငယ်နဲ့အမျိုးသမီးတွေကိုအဓိက ဦးစားပေးထားပြီး လက်ရှိ လျားထားတဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ အသက် ၂၇-၂၈ အရွယ်တွေက အသက်အငယ်ဆုံးဖြစ်ကြပြီး အများစုက အသက် ၃၀-၄၀ ကြား လူငယ်လူလတ်ပိုင်းအများဆုံးဖြစ်တယ်လို့သိရပါတယ်။ အသက် ၅၀ ဝန်းကျင်ကိုယ်စားလှယ်လောင်းက ၂ယောက်သာရှိနေတယ်လို့လည်းသိရပါတယ်။

၂၁ရာစုရဲ့ နိုင်ငံရေးနည်းပညာတိုးတက်မှုတွေက လူငယ်လူလတ်ပိုင်းတွေအတွက် ပိုပြီးသင့်လျော်တာကြောင့် လူငယ်တွေကို ဦးစားပေးပြီး နေရာပေးထားတာဖြစ်ပါတယ်လို့ ပါတီရဲ့ ဥက္ကဌ ခွန်းဘီထူးထံကနေ ကြားသိရပါတယ်။

ကယန်းအမျိုးသားပါတီရဲ့သက်တမ်းက ၁၀နှစ်ရှိနေပြီး လက်ရှိ ဗဟိုကော်မတီဝင် ၁၇ဦးရှိတဲ့အနက် နှစ်ဦးကနားသွားတာကြောင့် ၁၅ဦးနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။ပါတီလျှောက်လွှာတင်ကြတဲ့ ပါတီဝင် ၅ထောင်ရှိနေပြီး ပါတီကို ဝန်းရံနေကြတဲ့သူအများအပြားလည်းရှိပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ဒေသခံတိုင်းရင်းသားပါတီတွေ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေအဓိကလုပ်ဆောင်သွားမလဲဆိုတာ နဲ့ပတ်သက်ပြီး ကယန်းအမျိူးသားပါတီ ဥက္ကဌ ခွန်းဘီထူးက အခုလို ပြောဆိုထားပါတယ်။

“ပြည်သူတွေဆီကနေ ဥပမာ-တပ်သိမ်းမြေကိစ္စသော်လည်းကောင်း ဒါမှမဟုတ်ရင်လည်း ဒီနောက်ပိုင်းမှာ မြေလွတ်မြေလပ်မြေရိုင်းကိစ္စရပ်သော်လည်းကောင်း ဒီဟာတွေက လွှတ်တော်ကနေကာကွယ်ပေးလို့ရတယ်။ အစိုးရကနေအသုံးပြုတဲ့ဘတ်ဂျက်တွေအားလုံးပေါ့ ထိန်းညှိပေးနိုင်တယ်ပေါ့။ လက်ရှိပြဿနာအားလုံးက အစိုးရကဘတ်ဂျက်ကိုသုံးချင်သလိုသုံးနေတယ် ဖွံ့ဖြိုးရေးရောက်လားမလားဘူးလား ဘယ်သူမှမေးမြန်းခွင့်မရှိဘူး တင်ဒါကိစ္စတွေလည်းအများကြီးပေါ့ အပြစ်ပြောစရာရှိတယ်။ ကျတော်တို့က ဒီဟာအားလုံးပေါ့ နည်းမှန်လမ်းမှန်ရောက်အောင်သွားရမယ့် အနေအထားမျိုးဖြစ်တယ်။ ဒါက ကျတော်တို့ရဲ့ နံပါတ်တစ် မစ်ရှင်ဖြစ်တယ်ပေါ့။

လွှတ်တော်အမတ်ဖြစ်လာပြီဆိုရင် ပြည်သူတွေကိုဦးထိပ်ထားရမယ် ပြီးရင် ပြည်သူတွေလိုလားတဲ့ ကျေးလက်ကိစ္စတွေ သီးနှံဈေးကွက်တွေ သီးနှံနဲ့ပတ်သက်ပြီးတော့မှ ဖြစ်ထွန်းရေးကိစ္စတွေ ကျတော်တို့ရဲ့လူငယ်မျိုးဆက်သစ်တွေပေါ့ ကျတော်တို့က စာသင်ကျောင်းတော့တက်နိုင်တယ် ဆယ်တန်းအောင်တဲ့နှုန်းတွေမရှိဘူး အလုပ်လက်မဲ့ဖြစ်နေတဲ့လူငယ်အရေးကိုပေါ့ ပါတီအသီးသီးကဆောင်ရွက်မယ်ပေါ့။

အထူးသဖြင့် ကျတော်တု့ိနှစ်ပါတီက ဒါကိုအကြီးအကျယ်ရည်မှန်းထားတယ်။ ဒါကတော့ ကျတော်တို့ပါတီနိုင်ခဲ့ရင် လက်ငင်းလုပ်သွားရမယ့်အရာဖြစ်ပြီးမှ တစ်ဖက်မှာတော့ နိုင်ငံရေးအရဆိုရင် ဖယ်ခုံမြို့နယ်တို့ သံတောင်ပေါ့လိပ်သိုဖက်ခြမ်းမှာရှိတဲ့ကယန်းတွေ နယ်မြေပြန်လည်ပေါင်းစည်းရေးကိစ္စတွေ နောက် ကျတော်တို့ရဲ့ ဒီနယ်မြေပေါင်းစည်းခြင်းက ကရင်နီသမိုင်းရဲ့အနှစ်သာတွေ ကျတော်တို့ပြန်ဖော်ရမယ့် ကိစ္စတွေဖြစ်တယ် ဒါကတော့ ကျတော်တို့ရဲ့ ရေရှည်ရည်မှန်းချက်လည်းဖြစ်တယ်ပေါ့နော။

နံပါတ်(၃)က ငြိမ်းချိမ်းရေးပေါ့။ ငြိမ်းချမ်းရေးက ဒီပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းညီညွတ်ရေးကိစ္စတွေအပြင် ပြည်နယ်ကလက်နက်ကိုင်အဖွဲ့အစည်းအားလုံးလိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုရယ် သူတို့လိုလားတဲ့ဖွဲ့စည်းပုံတွေ လိုလားတဲ့ ပြည်နယ်ရဲ့နိုင်ငံရေးအခွင့်အရေးတွေပေါ့။ ဥပမာဆိုရင် ပြည်နယ်ရဲ့လျှပ်စစ်မီး သယံဇာတတွေက ပြည်နယ်သားတွေခံစားသင့်တဲ့ဟာ သူတို့ယူဆတဲ့ဟာက ကျတော်တို့ယူဆတာနဲ့တူတူပဲဖြစ်နေတယ်ပေါ့။

နိုင်ငံရေးယူဆချက်အပေါ်မူတည်တဲ့အတွက် ကျတော်တို့က အဲ့အပေါ်မှာ ရပ်တည်သွားဖို့ရှိတယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အင်နဲ့အားနဲ့ တည်ဆောက်သွားဖို့ရှိတယ်။ ကျတော်တို့သာ နိုင်ခဲ့မယ်ဆိုရင် ကယားပြည်နယ်မှာငြိမ်းချိမ်းရေးညီလာခံ တရားဝင်ကျင်းပပြီးတော့မှ လူထုတွေရဲ့အသံ လူထုတွေရဲ့တောင်းဆိုမှုကို နိုင်ငံရေးအခြေခံမူလိုဖြစ်အောင် ပြန်ပြောင်းပြီးတော့မှ လူထုရဲ့လိုလားချက်ရအောင် တဖြေးဖြေးပေါ့ ရအောင်တည်ဆောက်သွားဖို့ ဒါပါတီရဲ့ရည်မှန်းချက်ဖြစ်တယ်ပေါ့နော။ လုပ်ငန်းစဉ်ကြီးသုံးရပ်ကို ရွေးကောက်ပွဲအပြီးမှာ အကောင်ထည်ဖော်ပြသွားမယ် အကောင်ထည်ဖော်သွားဖို့ သံဌိဌန်ချထားပါတယ်”

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကယန်းအမျိူးသားပါတီရဲ့ အဓိကပြိုင်ဖက်က လက်ရှိအနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီ ပဲဖြစ်ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ ကယန်းအမျိုးသားပါတီအနေနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားအသီးသီးရဲ့အခွင့်အရေးကို ကာကွယ်ဖို့ အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပြီး ပွင့်လင်းမြင်သာတဲ့ဆုံးဖြတ်ချက်တွေမှာ လူထုပါဝင်အောင် လုပ်ဆောင်သွားမှာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသားပါတီရဲ့ ခံယူချက်ကတော့ အရင်အစိုးရ လက်ရှိအစိုးရထက် ပိုအားကောင်းတဲ့ သာတဲ့ လူထုကိုပိုပြီးလေးစားပြီး လူထုဖက်ကို မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ ပါတီတစ်ခုအနေနဲ့ရပ်တည်သွားမှာပါလို့ ခွန်းဘီထူးက ပြောသွားပါတယ်။

spot_img
spot_img

Recent posts