spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားပါတီ ရှိရေး၊ မရှိရေး ကယန်းလူထုအပေါ်မူတည်

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)
ကယန်းအမျိုးသားတစ်ရပ်လုံး လွတ်မြောက်ဖို့အတွက် ကယန်းအမျိုးသားပါတီပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ပါတီဆက်ရှိရေး၊ မရှိရေးကိစ္စမှာ ကယန်းလူထုအပေါ်မှာသာ အခြေခံကြောင်း တာဝန်ရှိသူက ယနေ့ ဒီဇင်ဘာလ ၈ရက်နေ့မှာ ကန္တာရ၀တီတိုင်း(မ်)ကို ပြောကြားပါတယ်။

ကယန်းအမျိုးသားပါတီ (KNP) ကို ထိန်းကြောင်းရန် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတစ်ရပ် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီဆိုတဲ့အကြောင်း ကယန်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ (KNLP) က ဒီဇင်ဘာလ ၇ရက်နေ့မှာ ထုတ်ပြန် ပြန်ကြေညာချက်ထုတ်လိုက်ပြီးတဲ့နောက်မှာပဲ KNP အတွင်းရေးမှူးအဖွဲ့ရဲ့ အဖွဲ့ဝင် အတွင်းရေးမှူးတဦးက ယခုလိုပြောဆိုပါတယ်။

“ထိန်းသိမ်းလိုက်တယ်ဆိုတော့ သူတို့ဘာ ထိန်းသိမ်းတာလဲ။ ဘယ်နည်းဥပဒေကနေ ကျနော်တို့ ကို ထိန်းသိမ်းတာလဲ။ သူတို့ ထိန်းသိမ်းလိုက်လို့ကော လူထုက သူတို့ဖက်ပါ လူထုက အဲ့တာ ထောက်ခံသွားမှာလား။ လူထုက မနက်ဖြန်မပြောနဲ့ ဒီရက်တောင်မှ ဟုတ်ပါတယ် ကယန်းအမျိုးသားပါတီကို ကျနော်တို့ မထောက်ခံပါဘူးလို့ ပြောရင် ချက်ချင်း ကျနော်တို့ နှုတ်ထွက်မှာပဲလေ။ ကျနော်တို့က လူထုနဲ့ တက်လာတာကိုး ကယန်းပြည်သစ်ပါတီအနေနဲ့ တက်လာတာမှ မဟုတ်တာကိုး။ ကျနော်တို့ ပြည်သူလူထုကို ပြောချင်တာကတော့ လူထုသာလျှင် အဓိကပဲ ကျနော်တို့က ပါတီရှင်သန်ရေး ပါတီနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။အမျိုးသားနိုင်ငံရေး လုပ်နေတဲ့အတွက်ကြောင့်မလို့ ပါတီနာမည်မရှိရင်လည်း လူပုဂ္ဂိုလ်ကတော့ ဆက်ရှိနေမှာပဲလေ။ လူပုဂ္ဂိုလ်နဲ့ ဆက်လုပ်နေမှာပဲ အမျိုးသားနိုင်ငံရေးကတော့။”

KNP ပါတီထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတစ်ရပ်ကို ကယန်းပြည်သစ်ဖွဲ့စည်းထားရခြင်းနဲ့ပတ်သက်လို့ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင်က ပြောပါတယ်။

KNLP ဟာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၀ရွှေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လို့မရတဲ့အတွက် KNP နိုင်ငံရေးပါတီကိုဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ KNP သွားနေတဲ့အခြေအနေမှာ ချမှတ်ထားခဲ့တဲ့မူနဲ့ ကိုက်ညီမှုမရှိဘူးလို့ KNLP ဗဟိုကော်မတီဝင် ဦးစိုးနိုင်က အခုလို ပြောပါတယ်။

“ထုတ်ပြန်ချက်က ကျနော်တို့ကို အမျိုးသားပါတီက ၂၀၁၀ရွေးကောက်ပွဲဝင်ဖို့အတွက်က ၂၀၀၈ဖွဲ့စည်းပုံ အရက ကျနော်တို့ ကယန်းပြည်သစ်ပါတီအနေနဲ့ လက်နက်ကိုင်ဖြစ်တဲ့အတွက် ဝင်လို့မရဘူး။ အဲ့ဒါကြောင့်မလို့ ကိုယ်ပွားအနေနဲ့ ကယန်းအမျိုးသားပါတီကို ဖွဲ့စည်းတာဖြစ်တယ်။ အဲ့ဒီတော့ အရင်ပထမတစ်ခေါက် အဆင်ပြေပါတယ်။ နောက်တော့ ဆိုလိုချင်တာက အထူးသဖြင့် ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင် အကြိုကာလတွေမှာက နည်းနည်းလေး ကျနော်တို့ ရည်ရွယ်ချက်နဲ့ သွေဖီထားတာတွေရှိတယ်။ အဲ့ဒါကြောင့်မလို့ နောက်ပြီးတော့ အခုကာလမှာက တစ်ယောက်တစ်နေရာစီ ဥပမာ ဥက္ကဌဖြစ်တဲ့သူကလည်း NUG ဝန်ကြီး NUG အစိုးရဖြစ်သွားတော့ တစ်ယောက်တစ်နေရာစီလည်း ဖြစ်တယ်။ နောက်ကြာလာတော့ ဒီ ကျနော်တို့ မူလမ်းစဉ်နဲ့ နည်းနည်းသွေဖီတာရှိတော့ ယာယီပြန်ပြီးတော့ ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။”

KNP ဟာ နိုင်ငံရေးပါတီဖြစ်ပြီး သူတို့မှာ သူတို့ရဲ့ မူဝါဒနဲ့ ဖွဲ့စည်းပုံရှိထားတဲ့အတွက် KNLP ရဲ့လက်ရှိလုပ်ဆောင်ချက်ဟာ စစ်တပ်အာဏာရှင် အဆက်ဆက်က သူတို့မွေးထားခဲ့တဲ့ နိုင်ငံရေးပါတီတွေကို လက်ကိုင်ဒုတ် အဖြစ်အသုံးချနေတဲ့ပုံစံနဲ့ တစ်ထပ်တည်းတူနေတယ်လို့ KNP ပါတီ နာယက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခွန်းမာရ်ကိုဘန်က ပြောဆိုပါတယ်။

“ကယန်းပြည်သစ်ပါတီကနေပြီးတော့ ဒီသူ့ရဲ့ ပိုင်ဆိုင်ထားတဲ့ပါတီလိုထားရင်လည်း ဒါမဟုတ်သေးဘူး။ ဘာနဲ့တူလည်းဆိုတော့ ဥပမာ န.ဝ.တတုန်းကဆိုရင်တော့ တ.စ.ညပါတီကို မိမိလက်ကိုင်ဒုတ်ပါတီအဖြစ်သတ်မှတ်တာပေါ့ဗျာ။ ဟိုဟာက လက်လည်း လက်ခံတာပေါ့ဗျာ။ ဆိုတော့ န.အ.ဖကလည်း အဲ့ဒီပြည်ခိုင်ဖြိုး ကြံ့ဖွတ်ပါတီကိုလည်း လက်အောက်ခံ အဲ့ဒီပါတီအနေဖြင့် အဲ့လိုသတ်မှတ်တာပေါ့ဗျာ။ လက်လည်း လက်ခံတာပေါ့ဗျာ။ ဒါပေမယ့် ကယန်းပြည်သစ်ပါတီအနေနဲ့ အဲ့ဒီလို ကယန်းအမျိုးသားပါတီအပေါ်မှာ အဲ့လိုမျိုး ပုံစံနဲ့ သွားလို့ကတော့ အဲ့ဒါတော့ ကျနော်တို့ ဒီမိုကရေစီလည်း မဟုတ်ဘူးလေ။ ဒါက စစ်အာဏာရှင်က သူ့ဟာသူ လုပ်သွားတာကို န.ဝ.တ၊ န.အ.ဖ တို့ သူကြိုက်သလို သူလုပ်ပေါ့။ စစ်အုပ်စုပဲ စစ်အာဏာရှင်ပဲကို ဆိုတော့ ကယန်းအမျိုးသားပါတီအနေနဲ့ကတော့ အဲ့ဒီလို သီးသန့် သူ့မူနဲ့ သူဖွဲ့စည်းပုံရှိသွားတယ်။ အခြေအနေကောင်းတဲ့အချိန်မှာ သူက ညီလာခံပြန်လုပ်မယ် ပြန်ရွေးကောက်ပွဲလုပ်မယ်။ နောက် အခြေအနေကောင်းတဲ့အချိန်မှာ သူလုပ်ငန်းတွေပြန်လုပ်မယ် အခုလောလောဆယ်။ မလုပ်နိုင်သေးဘူးဆိုတဲ့ဟာလည်း မှန်လည်း မှန်ကန်တယ်လေ။ အဲ့လိုမျိုး ထုတ်ထားတာလည်း လိုအပ်တယ်။”

ခွန်းမာရ်ကိုဘန်ဟာ ၁၉၉၀ ခုနှစ်ပါတီစုံရွေးကောက်ပွဲမှာ KNPပါတီကနေ ဖယ်ခုံမြို့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့သူဖြစ်ခဲ့သလို ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ FCDCC ဒုတိယ မူကြမ်းမှာ ဥက္ကဌအဖြစ် ဦးဆောင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

KNP ပါတီ ဖွဲ့စည်းပုံနဲ့ ရွေးကောက်တင်မြှောက်မှု စည်းမျဉ်းစည်းကမ်းအရ ဗဟိုကော်မတီဝင်အသစ်ကို ညီလာခံမှ လူထုဆန္ဒမဲနဲ့ ပြန်လည်ရွေးကောက်တင်မြှောက်ရမှာဖြစ်ပေမယ့် လက်ရှိနိုင်ငံရေးအခင်းအကျဉ်းကြောင့် ၂၀၂၁ခုနှစ်မှာ ညီလာခံမကျင်းပနိုင်သေးပါဘူး။

သို့ပေမယ့် ၂၀၁၆ခုနှစ်က KNP ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်ထားခံရတဲ့ ဗဟိုကော်မတီဝင်ဟာ ယနေ့တိုင် တရားဝင် လူထုရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်နေဆဲလို့ KNPက ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၆ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ KNLP အဖွဲ့ဟာ ၁၉၉၄ခုနှစ်မှာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး ကရင်နီပြည်နယ်ရဲ့ အထူးဒေသ (၃)မှာ အခြေစိုက်နေထိုင်လျက်ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts