spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကယားတွင် H1N1 Positive လူနာနှစ်ဦးတွေ့ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးသံသယရှိသူနှစ်ဦးကို စစ်ဆေးရာမှ H1N1 Positive ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းဆေးရုံကြီးတွင်ကုသနေကြောင်း ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးဒေါက်တာဌေးလွင် ကပြောသည်။

“လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ တက်လာတဲ့လူနာပေါ့မောင်လင်းသစ်အောင် ၈လပဲရှိပါသေးတယ် ပန်ကန်းစိုက်ကွင်း(၃)ကကလေးကစပြီးဖျားတယ်ချောင်းဆိုးတယ် အသက်ရှုကြပ်တယ်။၄ရက်ရလကဖြစ်တယ်ဆေးရုံရောက်လာတာ ရရက်နေ့ရောက်တယ်။ ရောဂါကတိုးတက်ပြီးကောင်းမလာဘူးနဂိုကတည်းကကလေးက ခနခဏပန်းနာရင်ကြပ်တယ်။ မွေးဖွားစဉ်အခါကလည်းပေါင်မပြည့်ဘဲ မွေးတဲ့ကလေးဖြစ်တယ်။ ၁၂ရက်နေ့ကျကလေးအထူးကု ဆရာဝန်ကြီးကစိတ်ထဲမှာH1N1 သံသယဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးချက်ယူပြီးဓာတ်ခွဲခန်းပို့လိုက်တဲ့အခါမှာအဖြေက Influenza A(H1N1)pdm09 တွေ့တယ်ဆိုပြီးတော့မှ ၁၃ရက်နေ့က အီးမေးလ်ကနေအမျိုးသား ဓာတ်ခွဲခန်းကပြန်ပို့လာပြီးရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုတယ်” ဟုဒေါက်တာဌေးလွင်ကပြောသည်။

ကယားတွင် ရာသီတုပ်ကွေးရောဂါ H1N1 တွေ့ရှိမှုနှင့်ပတ်သက်၍ ကျန်းမားရေးဌာနမှ သတင်းစားရှင်းလင်းပွဲ ပြုလုပ်နေစဉ်

တွေ့ရှိရသည့်လူနာများမှာ၁၂နှစ်အောက် အရွယ်ကလေးများဖြစ်ပြီး ကျန်တစ်ဦးမှာလွိုင်ကော်မြို့နာနတ်တောရပ်ကွက်တွင်နေထိုင်သည့် ၁၁နှစ်အရွယ်မောက်ဖြတ်ဆိုသူဖြစ်ပြီး အိမ်တွင်နေမကောင်းဖြစ်ရာမှမသက်သာသည့်အတွက် ၉ရက်နေ့တွင်ဆေးရုံတက်ခဲ့ရာရောဂါ စစ်ဆေးတွေ့ရကြောင်း၎င်းက ဆိုသည်။

H1N1 ရာသီတုပ်ကွေးရောဂါတွေ့ရှိမှုနှင့် ပတ်သက်ပြီးပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ၁၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အထက်ပါအတိုင်းပြောသွားခဲ့ခြင်းဖြစ်သည်။

H1N1 Positive တွေ့ရှိသည့်ကလေးများကိုကလေးကုသဆောင်တွင် ဆရာဝန်များ၊သူနာပြုများမှသီးခြား ကုသစောင့်ကြည့်နေပြီးလက်ရှိတွင်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်နေကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ဒေါက်တာ စိန်စိန်ထံမှသိရသည်။

“တအားကြောက်စရာလည်းမလိုဘူး။ မကြောက်ဘဲနဲ့လည်းနေလို့မရပါဘူး။ ကျန်းမာရေးအသိရှိရှိနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ဘာပဲကိုင်တွယ်လက်ဆေးခြင်းဆိုတဲ့အမူအကျင့်ကို ကျကျနနလုပ်မယ်ကိုယ်ခန္ဓာကောင်းတဲ့အာဟာရရှိတဲ့ အစားအစာတွေစားမယ်ကောင်းမွန်စွာအနားယူမယ်ဆိုရင် ဒီရောဂါကိုခုခံကာကွယ်နိုင်ပါမယ်” ဟုဆေးရုံအုပ်ဒေါက်တာစိန်စိန်ကပြောသည်။

ပြည်နယ်ကျန်းမာရေးဌာနမှ လူထူထပ်ရာနေရာများဖြစ်သည့်ဈေး၊ကားဂိတ်၊ စာသင်ကျောင်း၊လေဆိပ်အစရှိသည့်နေရာများတွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်ကိုဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါဖြင့်သေဆုံးသူများသည် အများအားဖြင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးဖွားပြီးစမိခင်များ၊ကလေးငယ်များ၊ အသက်ကြီးရင့်သူများ၊ ဆီးချိုသွေးတိုးနှလုံးအစရှိသည့်ရောဂါတစ်မျိုးမျိုးနှင့် ဒွန်တွဲနေသူများ၊အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သောရောဂါရှိသူများဖြစ်ကြောင်း ဒေါက်တာဌေးလွင်ကဆက်ပြောသည်။

ရာသီတုပ်ကွေးလက္ခဏာများဖြစ်ပွားရာတွင် အပူချိန်၃၈·C နှင့်အထက်အဖျားရှိခြင်း၊ နှာရည်ယိုုခြင်း၊နှာချေခြင်း၊ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊နုံးခွေခြင်းစသည့် လက္ခဏာများဖြစ်ပေါ်သည်ဟုသိရသည်။

“ဒီလိုရာသီတုပ်ကွေးဖြစ်နေတဲ့အချိန်မှာ ဒီလိုလက္ခဏာမျိုးတွေနဲ့ဖျားမယ်ချောင်းဆိုးမယ် အသက်ရှူကြပ်မယ်အဲလိုဖြစ်လာမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ဆုံးပြပြီးတော့ကုသမှုခံယူမယ်ဆိုရင် အသက်အန္တရာယ်မစိုးရိမ်ရတဲ့အတွက် အဲ့လိုဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်” ဟုလွိုင်ကော်ဆေးရုံအုပ်ကြီးဒေါက်တာစိန်စိန်ကတိုက်တွန်းထားသည်။

ဇူလိုင်လ၁၃ရက်နေ့အထိမြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်ရာသီတုပ်ကွေးသံသယရှိလူနာ ၆၂ရဦးကိုဓာတ်ခွဲစစ်ဆေးခန်းခဲ့ပြီးရောဂါဖြစ်ပွားသူ ၂၄၃ဦးတွေ့ရှိခဲ့ပြီးသေဆုံးသူ ၄၃ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

spot_img
spot_img

Recent posts