spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်(ကရင်နီပြည်) အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ “ရွက်ပုန်းသီး” ပုဂ္ဂုိလ်တွေ ထွက်လာမည်ဟု ပြည်နယ်သူ/သားမျှော်လင့်

Author

Date

Category

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူ၊နိုင်ငံသားများအားလံး မျှမျှတတမေတ္တာ၊ စေတနာနဲ့ အလေးထားပြီးတော့ မိမိတို့ကြိုက်နှစ်သက်သော ပါတီများ၏ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်နိုင်ဖို့ အလွန့် အလွန် တိုင်းပြည်အတွက်နဲ့ မိမိပြည်နယ်ဒေသနှင့် ကိုက်ညီသော ကိုယ်စားလှယ်လောင်းများကို မဲပေးရမည် မဟုတ်လား။

ဒီမိုကရေးအရ ပြည်သူလူထုက ရွေးချယ်လို့ တက်လာတဲ့ အစိုးရသည် လူတိုင်းအတွက် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ အစိုးရဆိုတာလည်း သိပြီးသားပါပဲ။

ကယား (ကရင်နီပြည်)အတွင်း လမ်းပေါ်လျှောက်သောပါတီများတို့၏ ဦတည်တဲ့ အစိုးရလို့ ပြောတဲ့အခါမှာ ရှင်းရှင်းပြောရရင် ထောက်ခံမဲပေးသောသူ၊ ထောက်ခံမဲ မပေးခဲ့တဲ့ ပြည်သူတွေအတွက် လည်း ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရက တာဝန်ယူရမှာဖြစ်ပါသည်။

အရေးကြီးတာကတော့ နိုင်ငံတစ်နိုင်ငံ၊ ပြည်နယ်တစ်ခုတိုးတက်ဖို့၊ ချမ်းသာဖို့ဆိုလို့ရှိရင် ညီညွှတ်မှု ဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ပါဝင်လာရမည် မဟုတ်လား။ ကယား ကရင်နီပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ ညီညွှတ်မှုသာရှိခဲ့ရင် ပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုသည် အရှိန်အဟုန်မြင့်တက် လာမည်မှာ ဧကန်ပါ။ ကိုယ့်ပြည်နယ်တည်တံ့ဖို့၊ ကိုယ့်ပြည်နယ်အမျိုးသားဂုဏ်သိက္ခာ၊ ကိုယ့်အမျိုးကိုချစ်ဖို့၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံကိုချစ်တဲ့ စိတ်ဓါတ်ထိန်းသိမ်းဖို့လိုပါတယ်လို့ ပြောချင်လှသည်။

ကျွန်တော်တို့ ကယား(ကရင်နီ)ပြည်လေးမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေ၊ သတိမူ စေချင်ပါသည်။ ဒီနိုင်ငံမာ နှစ်ပေါင်း(၇၀)နီးပါးလောက်သင်ခန်းစာရလောက်ပြီ၊ ရွေးကောက်ပွဲ လည်း (၂)ကြိမ်ဆိုတော့ ဝေဖန်လို့ရလောက်ပြီနော ကိုယ့်ပြည်နယ်သမိုင်းကြောင်းကိုလည်း ထိန်းသိမ်း စောင့်ရှောက်ဖို့လိုနေပြီ။ ကိုယ့်ဟာကို ကိုယ်အားကိုးကိုယ့်ရတော့မယ်အနေအထား ဖြစ်လာပြီ ဆိုတော့ ကိုယ့်ကိုကိုယ်အားကိုးနိုင်အောင် ၂၀၂၀ရွေးကောက်ပွဲမှာ ထွက်လာမည့် တိုင်းရင်းသားပါတီ “ရွက်ပုန်းသီး” တွေကို ကယားပြည်နယ်မှာရှိကိုန်ကြသော တိုင်းရင်းသားများ ဝန်းရံပြီးဆောင်ရွက်ပေးဖို့ လိုနေကြောင်း မီးမောင်းထိုးပြစေချင်ပါသည်။

နိုင်ငံရေးပါတီတွေဖြစ်စေ၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ဖြစ်စေ၊ ဌာနေတိုင်းရင်းသား ပြည်သူများဖြစ်စေ ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားများအတွက် အရွေ့တစ်ခုဖော်ဆောင်နိုင်ရန် ၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲတုန်းက ရရှိသော ရလဒ်အကျိုးကို (၁၀)နှစ် အတွင်း သိမြင့်ခံစားကြည့်ခဲ့ကြပြီလို့ ယုံကြည်ပါတယ်။

“ခြောက်တိုင်းလည်းမကြောက်နဲ့၊ မကြောက်ပဲလည်းမနေပါနဲ့ပေါ”။ အဓိကဟာတော့ နိုငံရေးပါတီ တွေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ညွှန်ကြားချက် များကို ခံယူပြီးတော့ လိုက်နာရမည်ဖြစ်ကြောင်း တိုက်တွန်းသတိမူစေချင်ပါသည်။

ကျွန်တော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေအားလုံးသည် ရှေးလဝေသဏီကတည်းကပင် တစ်သွေးတစ်သားတည်း၊တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသော ဒီရွေးကောက်ပွဲ၏ တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင်ကြပါလို့ မေတ္တာစေတနာအရင်းခံ၍ ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကယား(ကရင်နီ)ပြည်အတွင်း လမ်းပေါ်လျှောက်ပါတီများအထဲကအဓိက ယှဉ်ပြိုင်ဘက်အနေနဲ့ ဒီ/ချုပ်၊ ကြံ့ခိုင်၊ ကယန်း၊ကယား/ဒီမိုကရက်တစ်ပါတီတွေနှင့် အခြားသောပါတီများက အခြေခံအုတ်မြစ် ချပါတီလို့လည် ပြောရင်းမမှားပါဘူး။ ကယားပြည်နယ်မှာ ရေရှည်အတွက် အခြေချတာပေါ့နော။ ရင်းနှီးမြှုပ်နှံထားတာကတော့ မမှားပါဘူး ရေရှည်ကြရင် အမြတ်တော့ရှိမှာပဲလေ။ ပြိုင်ပွဲဝင်ဖူးမှ အသိပညာ ဗဟုသုတတိုးပွားလာတယ်လေ၊ ဘယ်သင်တန်းမဆို အရှုံးကတော့မရှိဘူး၊ ဗဟုသုတရရှိပြီး အရည်အချင်း ကို မြှင့်တင်ပေးတယ်လေ ဘယ်ပြိုင်ပွဲဝင်မဆို အရှုံးတော့မရှိဘူး၊ အတွေ့အကြုံရရှိပြီး အတွေးအခေါ်ကို မြှင့်တင်ပေးတယ်လေ။

လွန်ခဲ့သာ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယား(ကရင်နီ) ပြည်အတွင်းရှိ ဌာနေတိုင်းရင်းသသားပါတီ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသော်လည်း အောင်မြင်မှုမရခဲ့ပါ။ လွန်ခဲ့သော ရွေးကောက်ပွဲ(၂)ကြိမ်ကို အောင်နိုင်ခြင်းမရှိခဲ့သည်ကို တွေးမြင်ယောင်ပြီး အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်၍ ဝေဖန်ခံလိုက်စမ်းပါ၊ ဝေဖန်မှုသည် မိမိတို့အတွက် အောင်နိုင်မှု ယုံကြည်မှု တည်ဆောက်ရခြင်းဖြစ်ပါသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်ရှိ တိုင်းရင်းသားပါတီများ ထွန်းတောက်နိုင်တဲ့ အခြေအနေရောက်အောင် ရှေ့ဆက်ခရီးကို ဘယ်လိုသွားမလဲဆိုတာ စဉ်းစားရပါလိမ့် မယ်။ လျှေက်ရမယ့်ခရီးလမ်းရှည်ပါတယ်၊ ခရီးလည်း လွယ်မှာမဟုတ်ဘူး၊ များစွာသော စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရမှာပါ။ အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ပြည်ထောင်စု ဖယ်ဒရယ်ဒီမိုကရေစီ အရွေ့အပြောင်းအလဲးဖြစ်အောင် ဆန္ဒမဲပေးရန် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မိမိတို့ ကယားကရင်နီတိုင်းရင်းသားများ အင်မတန်မှ အတွေ့အကြုံတည်းတယ်ဆိုပြီးတော့ တချို့က စိုးရိမ်ကြတယ်။ အတွေ့အကြုံနည်းတာမှန်ပါတယ် ဒါပေမဲ့ အတွေ့အကြုံရှိတဲ့ “ပုန်းရွက်သီး” ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့ လုပ်ဖို့တာဝန်မလေးပါနဲ့။ ကိုယ်ပြည်နယ်၊ ကိုယ်နိုင်ငံအကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ် ရွက်ပုန်းသီးတွေပါဝင်ပြီးတော့ အထွေထွေရွေးကောက်ပွဲကို ဆင်မြန်းကြလိုက်စမ်းပါ။

ကယားကရင်နီပြည်တွင်း လမ်းပေါ်လျှောက်သော ပါတီများအားလုံးနှင့် ကမ္ဘာသားများအားလုံး ကျန်းမာချမ်းသာကြွယ်စေ၊ Covid-19 ဘေးဘယများ ကင်းဝေးကြပါစေ။ ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ကယား(ကရင်နီ)ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများ မိမိတို့ ကြိုက်နှစ်သက်သော ပါတီများ၏ ကိုယ်စားလှယ်များ မှန်ကန်စွာ မိမိဆန္ဒ နှင့်အညီ “အပြောင်းအလဲ” ဆန္ဒမဲအရွေ့ပေးနိုင်ကြပါစေလို့ တိုက်တွန်းလိုပါရစေ။

သာဓု(ပြည့်စုံ)
တောင်ကတုန်းလေး

spot_img
spot_img

Recent posts