spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ကျေးလက်ရုံး CDMဝန်ထမ်းတွေအလုပ်ကနေ ထုတ်ခံရ

Author

Date

Category

ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ခရိုင်နဲ့မြို့နယ်ရုံးတွေမှာ CDMပြုလုပ်တဲ့ ဝန်ထမ်း အယောက် ၄၀ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

” ကျနောတို့က အလုပ်ပြုတ်မှာကိုတော့ သိပြီးသားပဲ။ ကျနောတို့ ယုံကြည်တဲ့ နောက်ကိုပဲလိုက်ပြီးတော့ CDMလုပ်တာပေါ့။ ” ဆိုပြီး
အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အငယ်တန်းအင်ဂျင်နီယာ-၂ CDMဝန်ထမ်းတစ်ဦးကဆိုပါတယ်။

အထက်က ဖိအားပေးမှုတွေရှိသလို တချို့အခက်အခဲတွေကြောင့် CDMမပြုလုပ်ကြတဲ့ သူတွေလည်းရှိတယ်လို့ CDM ဝန်ထမ်းတစ်ဦးကဆိုပါတယ်။

” ကျနောတို့ တော်တော်များများ CDM လုပ်တဲ့လူတွေက ဒီ နယ်ခံတွေပေါ့။ နယ်ခံတွေ ဖြစ်တဲ့အတွက် နေရေးထိုင်ရေးတော့ အဆင်ပြေကြတယ်ပေါ့။ အဓိက အလုပ်မရှိတော့ အလုပ်ရရာလေးပဲ ဝင်လုပ်နေကြတယ်။ မိသားစုရှိတဲ့ လူတွေကပေါ့။ တချို့ကြတော့ CDMလုပ်ချင်တယ်။ သို့ပေမယ့် နယ်ဝေးက လာတဲ့အတွက် နေရေးထိုင်ရေး ခက်ခဲတော့ သူတို့ မလုပ်ဘဲ နဲ့ ရုံးဆက်တဲ့နေတဲ့သူတွေတော့ရှိတယ်။ “

ကယားပြည်နယ်ကျေးလက်ရုံးမှာဆိုရင် တစ်ပြည်နယ်လုံးဝန်ထမ်း ၁၅၅ဦးအနက် ၇၉ဦးက ဖေဖော်ဝါရီ ၈ရက်နေ့မှာ CDMမှာပါဝင်ခဲ့ကြပါတယ်။ သို့ပေမယ့် အထက်ကဖိအားပေးမှုတွေကြောင့် Non-CDMပြောင်းသွားသူတွေရှိပြီး အရာထမ်း ၂ဦးနဲ့ အမှုထမ်း ၃၈ဦးသာ CDMပြုလုပ်ပြီး အလုပ်ကနေ ထုတ်ခံလိုက်ရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts