spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၀ ကျော်ရှိ

Author

Date

Category


ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ကော်မရှင်ကနေ သြဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်နယ်က မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကေရစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ ဆိုပြီးတော့ စုစုပေါင်း ၁၃ ပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်ကြပါတယ်။

ကယားပြည်နယ်မှာ မြို့နယ်ခုနစ်မြို့နယ်ရှိပြီး ရွေးကောက်ပွဲဝင်ရောက်နိုင်မယ့် မဲဆန္ဒနယ် ၃၄ နေရာရှိပါတယ်။ ကယားတစ်ပြည်နယ်တစ်ခုလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ပထမအကြိမ်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts