spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအယောက် ၃၀ အဆိုပြုလွှာခေါ်ယူနေ

Author

Date

Category


အန်ထောနီ

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ (၂၀၂၀) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အတွင်းကိုယ်စားလှယ်လောင်းနေရာ ၃၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိရာ အခုဆိုရင်ပြည်နယ်အတွက် စိတ်ပါဝင်စားတဲ့ ကိုယ်စားလှယ်လောင်းအယောက် ၃၀ ဦးကို အဆိုပြုလွှာခေါ်ယူနေပြီဖြစ်ပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌဦးဖိုးရယ်က “ ကျနော်တို့ကတော့ ပညာ အရည်အချင်းကတော့ အဓိကမထားဘူးပေါ့နော် အဓိကကကိုယ့်လူမျိုးအတွက် ကိုယ့်ပြည်နယ်အတွက် တစ်ကယ်စိတ်ဝင်စားပြီးတော့မှ ခြေစွန်ပစ်ပြီးတော့မှ လုပ်နိုင်တဲ့လူကိုကျနော်တို့ဦးစားပေးတယ်ပေါ့နော်။” လို့ပြောပါတယ်။

အခုလိုအဆိုပြုလွှာခေါ်ရခြင်းမှာပါတီအတွင်းပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ အမှန်တစ်ကယ်ပြည်နယ်အကျိုးထမ်းဆောင်နိုင်သူတွေကို ပါဝင်လာနိုင်အောင်လို့ ဆိုပါတယ်။
ထိုအဆိုပြုလွာများကိုစိတ်ဝင်စားသူမှန်သမျှဝင်ရာက်လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

လောလောဆယ်တွင် အဆိုပြုလွာများကို မြို့နယ်အလိုက်ဖြန့်ထားပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖြန့်ထားတာလို့သိရပါတယ်။

လျှောက်ထားသူများက သက်ဆိုင်ရာမြို့နယ်တာဝန်ခံများထံတွင် တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းပါတီမှာလက်ရှိ ရှားတောမြို့နယ်ဥက္ကဌဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဗဟိုကောင်မတီအဖွဲ့ဝင် ဦးစိုင်းအုန်းမြင့် က လူငယ်တွေကို ဦးစားပေးဝင်ပြိုင်ခိုင်းချင်တယ်လို့ပြောပါတယ်။

“ ကျနော်ကတော့ဝင်မပြိုင်တော့ဘူးလူငယ်တွေကိုဦးစားပေမယ် လူငယ်တွေကတက်ကြွတယ် လှုပ်ရှားတယ် ပညာတတ်တွေများတယ် ကျနော်တို့ကျတော့ date out နေပြီလို့ပြောရမှာပေါနော်” လို့ပြောပါတယ်။

လျှောက်ထားသော လျှောက်လွှာများကိုကော်မရှင်များဖွဲ့စည်းပြီး ကော်မရှင်မှစစ်ဆေးပြီးမှသာ သက်ဆိုင်ရာမြို့နယ်အလိုက် သင့်တော်သောပုဂ္ဂိုလ်များကို ကိုယ်စားလှယ်လောင်း ခန့်အပ်ထားမယ်လို့သိရပါတယ်။

အဆိုပြုလျှောက်လွာများကို ဇွန်လကုန်အထိနောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး လျှောက်ထားသူများအနက် အယောက် ၃၀ ကိုသာစိစစ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအနက် …၁၂…ဦးဝင်ပြိုင်မှာဖြစ်ပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာရှိသည့်အနက် …၁၀….နေရာဝင်ပြိုင်ဖို့ပြင်ဆင်ထားကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ နေရာအနက် …၇….နေရာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားကြောင်း ကြားသိရပါတယ်။

ယခုလက်ရှိ အချိန်မှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် လျှောက်ထားသူတွေမှာ ဒီမေားဆိုမြို့နယ်တွင် ၄ ဦး၊ လွိုင်ကော်မြို့နယ်တွင် ၆ ဦး၊ ၊ ရှားတေားမြို့နယ်တွင် ၃ ဦး၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် ဖာဆောင်းမြို့နယ်များတို့တွင် လောလောဆယ် လျှောက်ထားသူ မရှိသေးကြောင်းလောလောဆယ် တစ်ပြည်နယ်လုံး လျှောက်ထားသူဦးရေမှာ ၁၃ ယောက် ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်အလိုက် ရုံးများကိုဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts