spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ရှိ တပ်သိမ်းမြေကိစ္စကို NLD အစိုးရ ကိုင်တွယ်လို့မရဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်နှင့်တောင်သူအကြားမြေသိမ်းကိစ္စကို NLD အစိုးရအနေနဲ့ လက်ရှိအချိန်အထိကိုင်တွယ်လို့မရသေးဘူးလို့ လယ်ယာမြေဥပဒေနှင့်တောင်သူအရေးဆောင်ရွက်နေတဲ့ ကယားပြည်နယ်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network မှ တာဝန်ခံစောအယ်စေးကပြောကြားလိုက်ပါတယ်။

စောအယ်စေးက “ဒီကရင်နီပြည် (ကယား) အတိုင်းအတာအရပြောမယ်ဆိုရင်အစိုးရအနေနဲ့ဘာမှပြောလို့မရဘူး၊ ပါဝင်ပတ်သက်သူကိုယ်တိုင်ကစစ်တပ်ဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ သူတို့နှုတ်ကကိုယ်တိုင်ပြောတယ်ရှိတယ်၊ ငါတို့စိစစ်ပြီးပြီလေ၊ ပြန်ပေးဖို့လည်းဆုံးဖြတ်ပြီးပြီလေ၊ ဒါပေမဲ့စစ်တပ်က ပြန်မပေးတော့ ငါ့တို့လည်းဘာမှလုပ်လို့မရဘူးတဲ့၊ အဲ့တာ သူတို့စကားက ထွက်လာတဲ့ဟာတွေဘဲ ” လို့ပြောပါတယ်။

NLD အစိုးရအနေနဲ့ လယ်ယာမြေနဲ့အခြားမြေများစိစစ်ရေးကော်မတီကိုဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီအနေနဲ့ သိမ်းဆည်းမြေနဲ့ပတ်သက်တဲ့မူဝါဒ၊ စွန့်လွတ်မြေနဲ့ပတ်သက်တဲ့ မူဝါဒရှိတဲ့အပြင် တပ်သိမ်းမြေ ဆိုတဲ့မူဝါဒ ကိုရေးဆွဲ ထားပြီး တပ်သိမ်းမြေ မူဝါဒကိုတော့ NLD အစိုးရအနေနဲ့လုံးဝထိလို့မရဘူးလို့လည်း စောအယ်စေး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တောင်သူတွေတရားစွဲခံနေရတာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြောကြားခဲ့ပေမယ့်လက်ရှိအချိန်ထိ အခြေအနေမထူးသေးဘူး လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ခူးတူရယ်ကပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တာဝန်ပေးတယ်ဆိုတော့ ကျနော်တို့ကမျှော်လင့်တာပေါ့လေ၊ ဒါပေမယ့်လက်ရှိအခြေအနေအထိဘာမှထူးမလာသေးဘူး” လို့ပြောပါတယ်။

ကယားပြည်နယ်မှာ စစ်တပ်က တောင်သူတွေကိုတရားစွဲနေတာနဲ့ပတ်သက်ပြီးု ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၅၈ ကြိမ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်ခဲ့တဲ့ နိုင်ငံတောင်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကရင်နီလူငယ်တွေက တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်ထိ ကယားပြည်နယ်မှာ တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်က တောင်သူ ၄၁ ယောက်ကို တရားစွဲဆိုထားပါတယ်။

spot_img
spot_img

Recent posts