spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ရှိ ပြောင်းဖူးစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

Author

Date

Category

ဦးမြာ

ယခုနှစ်ကယားပြည်နယ်တွင် ပြောင်းဖူးစိုက်တောင်သူများသည် ပိုးကျမှုဒဏ်ကိုခံခဲ့ရပြီး ပြောင်းဖူးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုကြောင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။

ယမန်နှစ်ပြောင်းပေါ်ချိန်တွင် တစ်ပိဿာ ၅၀၀ နှုန်းဖြင့်ဝယ်ယူခဲ့သော်လည်း ယခုနှစ်ပြောင်းဦးပေါ်ချိန်တွင် တစ်ပိဿာ ၄၀၀ နှုန်းဖြင့်သာဝယ်ယူခဲ့ပြီးယခုအခါတွင် တစ်ပိဿာ ၃၄၅ ကျပ်ဖြင့်သာဝယ်ယူတော့သည်။

ထို့အပြင် ယခုနှစ်တွင် ပြောင်းဖူးကိုဖျက်စီးသည့် ငမြောင်တောင်ပိုးကျရောက်မှုရှိနေပြန်သည်။

ငမြောင်တောင်ပိုးများကိုနှိမ်နှင်းရန် ပိုးသတ်ဆေးကိုဝယ်ယူရသည့်အတွက် ယခင်နှစ်များထက် ငွေအရင်းအနှီးများပိုမိုလိုအပ်ခဲ့ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ဒေါ်လူမာကပြောသည်။

“အရင်နှစ်တွေထက်အရင်းပိုကုန်တယ်။ ပြီးတော့ဈေးကလည်း မကောင်း အသီးလည်းမကောင်းတော့ အမြတ်နည်းတယ်’’ ဟု၎င်းကဆက်ပြောသည်။

ယခုနှစ်ကယားပြည်နယ်ရှိ ပြောင်းခြံများတွင် ငမြောင်တောင်ပိုးကျရောက်မှု စတင်ကြုံတွေ့နေရတာဖြစ်သည်ဟု စိုက်ပျိုးရေး ဝန်ထမ်း တစ်ဦးက ပြောသည်။

“ဒီနှစ်ကပိုးကျလို့အရင်နှစ်တွေထက်ပိုပြီးဂရုစိုက်ရတယ်။ ပြီးတော့ဈေကလည်းကြာလေကျလေဘဲ’’ ဟု ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးငါးရယ်ကပြောပါသည်။

မြန်မာနိုင်ငံတွင်နှစ်စဉ် ပြောင်းဖူး ဧက ၄ သိန်းစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ငမြောင်တောင်ပိုးကြောင့် ‌ပြောင်းဖူး ၁သိန်း၁သောင်းဝန်းကျင်ပျက်စီးခဲ့ကြောင်းသိရသည်။

ပြောင်းဆံများသည်လည်း မြေအမျိုးအစားလိုက်၍ အလေးစီးမှုကွာခြားသည်။ စိုစွတ်သောမြေနေရာဒေသများတွင် အလေးပိုစီးပြီး ခြောက်သွေ့သောမြေနေရာဒေသများတွင် အလေးစီးမှုနည်းသည်။

တောင်သူများသည် မိမိ၏လယ်၊ယာများတွင် မိမိ၏လုပ်အားဖြင့်လုပ်ကိုင်နေကြပြီး တွက်ခြေကိုက်မှုမရှိသော်လည်း ဆက်လက်လုပ်ကိုင်နေမည်ဖြစ်ကြောင်း‌ပြောင်းစိုက်‌တောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းဈေးခြင်းကို တိကျစွာသတ်မှတ်ထားခြင်းမရှိသော်လည်း တောင်သူများသည် မိမိ၏မြေနေရာဒေသများနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကိုသာ စိုက်ပျိုးလုပ်ကိုင်နေကြပြီး ပြောင်းဈေးမရှိခြင်းကြောင့် တောင်သူများ တွက်‌‌ခြေမကိုက် ဖြစ်နေကြသည်။

ကယားပြည်နယ်တွင်စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး မြို့နယ် (၇)ခုအနက် လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို (၃) မြို့နယ်တွင်ပြောင်းဖူးသည် ဒုတိယအဓိကစိုက်ပျိုးသီးနှံဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တွင် တောင်သူသမဂ္ဂအဖွဲ့မှကောက်ယူသောစစ်တမ်းအရသိရသည်။

spot_img
spot_img

Recent posts