spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိ

Author

Date

Category


မီမြာ၊ ဦးမြာ


ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတဲ့ကိစ္စရပ်မှာ အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့မှာ အကြောင်းပြန်ကြားလိုက်ပါတယ်။


၎င်းတိုင်းကြားထားတဲ့ကိစ္စဟာဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စတုတ္တအကြိမ်ဥပဒေပြင်ဆင်ပြဌာန်းခြင်းမပြုမှီကိစ္စကဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ ပြန်ကြားထားတာဖြစ်ပါတယ်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွန်ကြားရေးမှူး ဦးကျော်စိုးက “ဦးသဲရယ်ပေးပို့တဲ့တိုင်ကြားစာမှာ ကျနော်တို့ အရေးကြီးတဲ့သက်သေခံအသစ် မပါရှိတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၂၂အရ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့တိုင်ကြားစာမှာ စီစစ်ဆောင်ရွက်လို့မရတဲ့ ကိစ္စရပ်ဖြစ်ကြောင်းပြန်ကြားခြင်းဖြစ်ပါတယ်။” လို့ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်သူ့ဘဏ္ဍာငွေများနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားဌားရမ်းခငွေကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် သုံးစွဲခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအကြောင်းပြ၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေဖောက်ဖျက်တယ်ဆိုတဲ့ကိစ္စတွေကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က စက်တင်ဘာလ ၉ ရက်နေ့က အကတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခဲ့တာဖြစ်ပါတယ်။


အခုလို အရေးယူဆောင်ရွက်မပေးနိုင်ကြောင်း ကော်မရှင်ရဲ့ ပြန်ကြားချက်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ယခုလိုပြောပါတယ်။


“ကျနော်တို့ လွှတ်တော်ဘက်ကနေတော့ လုပ်ရမယ့်လုပ်ထုံးလုပ်နည်းလို့ပြောရင်လည်းမမှားဘူးပေါ့နော။ ကျနော်တို့အခြားနည်းလမ်းတွေလည်းရှာကြည့်ပါအုံးမယ်။ အခုက အဂတိလိုက်စားရေးကော်မရှင်ကို တိုင်ထားတာကလည်းသူတို့ အရေးမယူပေးဘူးဆိုတော့လည်း ဘာလုပ်ရမယ်ဆိုတာတော့မသိသေးဘူးပေါ့နော။ ဒါပေမယ့်တစ်ခုတော့ရှိတယ် အခုဖြစ်သွားတဲ့ကိစ္စက အဂတိကော်မရှင်ကော လက်ရှိအာဏာရပါတီဖြစ်တဲ့ nld ကောဝန်ကြီး ဟောင်းအယ်ဖောင်းရှိုရဲ့ လုပ်ရပ်တွေကို ဆိုတဲ့အနေအထားမျိုးရောက်နေတော့ ဒီဥပဒေဖောက်ဖျက်မှုတွေ နောက်ပြီးလုပ်ထုံးလုပ်နည်းနဲ့ သူတို့က ထောက်ခံ ပေးတဲသဘောမျိုးတွေ့ရတယ် “ လို့ပြောပါတယ်။


ဝန်ကြီးချုပ်ကိစ္စနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ အရပ်ဖက်အဖွဲ့အစည်းကအချက်၅ချက်ကို သြဂုတ်လ၃၁ရက်က လွှတ်တော်ကို အိတ်ဖွင့်စာ ပေးပို့တာလည်းရှိခဲ့ပါတယ်။

လွှတ်တော်က စက်တင်ဘာလ ၁၁ရက်နေ့မှာ စာရင်စစ်ရုံးထံ အချက်၃ချက်ကို စစ်ဆေးပြီးလွှတ်တော်ထံ စီရင်ခံစာတင်ပြနိုင်ဖို့ အကြောင်းကြားစားပေးပို့ခဲ့ပါတယ်။
ဒါပေမယ့် အစိုးရအဖွဲ့က တစ်စုံတစ်ရာပြောကြားခြင်းမရှိတဲ့အတွက် စစ်ဆေးလို့မရသေးကြောင်း ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်းကပြောပါတယ်။


စာရင်းစစ်ထံပေးပို့ထားတဲ့ စုံစမ်းစစ်ဆေးရမယ့်အချက်၃ချက်ကတော့ သတ္တုစက်ရုံတည်ဆောက်ခြင်းနှင့် စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်းဥယာဉ်မြေယာရှုခင်းလုပ်ငန်းများ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်း ကိစ္စတွေ ဖြစ်ပါတယ်။


တိုင်စာပစ်စာ၊ လေ့လာဆန်းစစ်ရေးအဖွဲ့မှ အတွင်းရေမှူး ဦးမြင့်မောင်မောင်က ကော်မရှင်ထံ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက အဂတိနှင့်ပတ်သက်ပြီး အလားတူတိုင်ကြားမှုတစ်ခုပြုလုပ်ခဲ့ပေမယ့် စတုတ္ထအကြိမ်ပြင်ဆင်ပြဌာန်းခြင်းမပြုမီကိစ္စ ဖြစ်သည့်အတွက် ကော်မရှင်ကအရေးယူဆောင်ရွက်ပေး၍မရကြောင်း ပြန်ကြားခဲ့ဖူးပါတယ်။

spot_img
spot_img

Recent posts