spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ဖို့အတွက် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၁၈ရက်နေ့မှစပြီး ည(၁၀း၀၀)နာရီမွ မနက် (၄း၀၀)အတွင်း ညမထွက်ရ Curfew အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် ထုတ်ပြန်သွားဖို့ ရှိပါတယ်။

“အစိုးရအဖွဲ့ကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေထုတ်ဖို့အတွက် စာတော့ညွန်ကြားထားပြီ။ ကျတော်တို့လည်းသတင်းတင်ထားတယ်လေ။ သူတို့ဆီကနေ အမိန့်ထွက်မှသာလျှင်အတည်ဖြစ်မှာပေါ့။ ကျတော်တို့ကတော့ ၁၈ရက်နေ့ကနေထုတ်ပါလို့ အစိုးရအဖွဲ့ကတော့ ညွှန်ကြားထားပြီးပြီ။ တချို့မြို့နယ်တွေတော့ ထုတ်ဖို့လုပ်နေပြီလေ အချိန်မှီအောင်ထုတ်မှာပါ။ တစ်မြို့နယ်ချင်းထုတ်သွားမှာ ကျတော်တို့က လုပ်ထုံးလုပ်နည်းအရကျတော့ တစ်မြို့နယ်ချင်းထုတ်ရမှာ မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးပြီးတော့ ထုတ်ရမှ”ာ လို့ ကယားပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်က ပြောပါတယ်။

သက်ဆိုင်တဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက ဒီနေ့အတွင်း အမိန့်စာထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက “ဒါက ဗဟိုကော်မတီရဲ့ညွှန်ကြားချက်ပါ ဗဟိုကော်မတီဆိုတာ COVID-19 ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးတော့ ဒါက ကျတော်တို့ တစ်တိုင်းထဲ ထုတ်တာတော့မဟုတ်ဘူးပေါ့။ ကျတော်ဆို လိုင်းပေါ်ကြည့်ကြည့်တာ စစ်ကိုင်းတို့ စာစထုတ်နေပြီ ကျန်တဲ့မကွေးလည်းလုပ်နေပြီ။ ကျတော်တို့ လွိုင်ကော် ကယားမှာတော့ ကယားတစ်ပြည်နယ်လုံးထုတ်နိုင်ဖို့ပြင်ဆင်နေပါတယ် ဒီနေ့ထုတ်မှာပါ” လို့ ဆိုပါတယ်။

ထုတ်ပြန်သွားတဲ့အမိန့်စာကို ပြည်သူတွေသိရှိအောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဆောင်ရွက်သွားမှာဖြစ်သလို ဗီနိုင်းဖြင့်သော်လည်းကောင်း ရပ်ကျေးအတွင်း အများသိရှိအောင် လော်စပီကာနဲ့ လိုက်လံပြောဆိုသွားမယ်လို့ ဆိုပါတယ်။

ညအချိန်မှာလည်း သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေက စုပေါင်းပြီးတော့ မြို့အတွင်း စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်သလို အမိန့်ထုတ်ပြန်ချက် ပူးပေါင်းပါဝင်မှုမရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မဖြစ်မနေ အပြင်ထွက်မယ်ဆိုရင် သက်ဆိုင်တဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စိစစ်ခွင့်ပြုချက်နဲ့ သတ်မှတ်ထားတဲ့ နေရာမှာပဲ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ညမထွက်ရ အမိန့်ထုတ်ပြန်ချက်မှာ ဧပြီလ ၁၈ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts