spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှ ဖရူဆိုမြို့နယ်မှ ဝင်ရောက် အရွေးခံယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ

Author

Date

Category

ဒီးဒီ (ခ) စစ်မုန်း

၁။ အမည် – ဒီးဒီ (ခ) စစ်မုန်း
လူမျိုး – ကယော
အသက် – ၄၀ နှစ်။
အဘအမည် – ဦးမိုင်ကယ်
ဘာသာစကားကျွမ်းကျင်မူ – ကယော / မြန်မာ/English
မွေးရပ်ဇာတိ – ရာဧပရားကျေးရွာ ၊ ဖရှုဆိုမြို့နယ် ။
အလုပ်အကိုင် – အမျိုးသားရေး ၊ နိုင်ငံရေး ၊ လူ့အခွင့်အရေး ၊ သဘာ၀ပတ်၀န်ကျင် နှင့် မြေယာအရေးလှုပ်ရှားသူ။
ပညာအရည်အချင်း – ၁၀ တန်းအောင် ။
၀င်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ ပြည်သူ့လွှတ်တော်။
နိုင်ငံရေးဖြတ်သန်းမူများ –
၁။ စစ်အစိုးရလက်ထက်တွင်တွင် အာဏာရှင်ကိုဆန့်ကျင်မူကြောင့် ထောင်ဒဏ် (၃၂) နှစ် ကျခံစေပြီး သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာမူဖြင့်ပြန်လာလွတ်မြောက်လာခဲ့သည်။
၂။ UKSY ကရင်နီပြည်လူငယ်များသမဂ္ဂ တည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍတွင် တက်ကြွစွာပါ၀င်ခဲ့သည်။
၃။ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ ၊ တိုင်းရင်းသားအခွင့်အရေး ၊ သဘာ၀ပတ်၀န်းကျင် နှင့် မြေယာအရေးတွင် တက်ကြွစွာပါ၀င်လှုပ်ရှားဆောင်ရွက်နေလျက်ရှိသည်။
၄။ အမျိုးသားရေး ၊ နိုင်ငံရေး ၊ လူ့အခွင့်အရေး ၊ သဘာ၀ပတ်၀န်ကျင် နှင့် မြေယာအရေးလှုပ်ရှားသူ။


ခူး သဲရယ်

၂။ အမည် – ခူး သဲရယ်
အသက် – ၄၂ နှစ်။
လူမျိုး – ကယား။
အဘအမည် – ဦးလိရယ်
ဘာသာစကားကျွမ်းကျင်မူ – ကယား ၊ မြန်မာ။
မွေးရပ်ဇာတိ – လောဂျာကျေးရွာ ၊ ဖရှုဆိုမြို့နယ် ။
အလုပ်အကိုင် – ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်။
ပညာအရည်အချင်း – ၁၀ တန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ မဲဆန္ဒအမှတ် (၁) ၊ ပြည်နယ်လွှတ်တော်။
နိုင်ငံရေးဖြတ်သန်းမူ –
၁။ ၂၀၁၀ ခုနှစ်တွင် အမှတ် (၁၄) တပ်မြင့်စစ်လေ့ကျင့်ရေးကျောင်း မြေယာသိမ်းဆည်းမူတွင် အဖိနှိပ်ခံ ဌာနေတိုင်းရင်းသားဖက်တွင် ရပ်တည်ပြီး မြေယာများပြန်လည်ရရှိရေးအတွက် ဦးဆောင်တောင်းဆိုပေးသူ။
၂။ ၂၀၁၅ ခုနှစ်တွင် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂကို ဖွဲစည်းပြီး ဥက္ကဋ္ဌအဖြင့် (၂၀၁၅ – ၂၀၁၇) အထိတာဝန်ယူခဲ့သည်။
၃။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရကာ တိုင်းရင်းသားအခွင့်အရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေသူ။


အယ်ဗင်လင်း

၃။ အမည် – အယ်ဗင်လင်း
အသက် – ၃၇ နှစ်။
လူမျိုး – ကယော။
အဘအမည် – ဦးပရယ်ဖါး
ဘာသာစကားကျွမ်းကျင်မူ – မြန်မာ ၊ အင်္ဂလိပ် ။
မွေးရပ်ဇာတိ – နောင်ယား (က) ၊ လွိုင်ကော်မြို့။
အလုပ်အကိုင် – လူမူရေးလုပ်ငန်း။
ပညာအရည်အချင်း – B.A(English)။
၀င်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ မဲဆန္ဒအမှတ် (၂) ၊ ပြည်နယ်လွှတ်တော်။
နိုင်ငံရေးဖြတ်သန်းမူ – လူငယ် ၊ အမျိုးသမီးအခွင့်အရေး နှင့် ဝေးလံခေါင်းပါးသည့် နေရာတွင် ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်ပေးခြင်း။


ခူးတူရယ်

၄။ အမည် – ခူးတူရယ်
အသက် – ၃၅ နှစ်။
လူမျိုး – ကယား။
အဘအမည် – ဦးဆော်ရယ်
ဘာသာစကားကျွမ်းကျင်မူ – ကယား ၊ မြန်မာ ၊ အင်္ဂလိပ် ။
မွေးရပ်ဇာတိ – ဆိုလျားကူးကျေးရွာ ၊ ဖရှုဆိုမြို့နယ် ။
အလုပ်အကိုင် – အရပ်ဖက်လူ့အဖွဲ့အစည်း။
ပညာအရည်အချင်း – B.Sc (Maths) ။
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ မဲဆန္ဒအမှတ် (၈) ၊ အမျိုးသားလွှတ်တော်။
နိုင်ငံရေးဖြတ်သန်းမူများ –
၁။ အဖိနှိပ်ခံဌာနေတိုင်းရင်းသားများနှင့် အတူ သိမ်းဆည်းခံလယ်ယာမြေအရေးများဆောင်ရွက်ခြင်း။ ၊ ဌာနေတိုင်းရင်းသားများသည် မိမိတို့တိုင်းရင်းသားအခွင့်အရေးများသိရှိနားလည်ပြီး မိမိတို့၏အခွင့်အရေးများထိန်းသိမ်းကာကွယ်တတ်ရန်အသိပညာများပေးခြင်း။ ရပ်တည်ကာကွယ်ပေးခြင်း။
၂။ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂတွင် သတင်း နှင့် ပြန်ကြားရေးမှူးအဖြင့် (၂၀၁၅- ၂၀၁၇) အထိ ၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ အဖြင့် (၂၀၁၇ – ၂၀၂၀) အထိတာဝန်ယူခဲ့သည်။


စောအားဒို

၅။ အမည် – စောအားဒို
အသက် – ၄၃ နှစ်။
အဘအမည် – စောမိုးဇက်
လူမျိုး – ကယော။
ဘာသာစကားကျွမ်းကျင်မူ – ကယော ၊ မြန်မာ ၊ အင်္ဂလိပ် ။
မွေးရပ်ဇာတိ – ပရယ်ဆိုရွာ ၊ သံတောင်မြို့နယ် ၊ ကရင်ပြည်နယ် ။
အလုပ်အကိုင် – အရပ်ဖက်လူ့အဖွဲ့အစည်း။
ပညာအရည်အချင်း – B.A (Geography) ။
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ – ဖရှုဆိုမြို့နယ် ၊ မဲဆန္ဒအမှတ် (၉) ၊ အမျိုးသားလွှတ်တော်။
နိုင်ငံရေးဖြတ်သန်းမူများ –

  • ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ခဲ့သည်။
spot_img
spot_img

Recent posts