spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းကနေ ဘီလူးချောင်းပြုပြင်မွမ်းမံဖို့ ဘတ်ဂျက်မရဖူးသေး

Author

Date

Category

စိုးထိုက်အောင်

ဘီလူးချောင်းကနေရရှိလာတဲ့ လောပိတရေအားလျှပ်စစ်စီမံကိန်းကြီးဟာဆိုရင် မြန်မာတနိုင်ငံလုံးကို ဖြန့်ဖြူးပေးနေတာဟာဆိုရင် နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပေမယ့်လည်း ဘီလူးချောင်းပြန်လည်ပြုပြင်မွမ်းမံဖို့ ဘတ်ဂျက်မရဖူးသေးဘူးလို့ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကပြောပါတယ်။

ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံအမှတ် ကနေရရှိတဲ့ ဒေသလူမှုစီးပွားရေးအကျိုးပြုရန်ပုံငွေတွေကို တခြားမှာ မသုံးပဲနဲ့ ဘီလူးချောင်းအတွက်ပဲ သုံးသင့်တယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

“ ဒီအမှတ်၁၊ ၂၊ ၃ ဆိုတာကလဲ ဘီလူးချောင်းရေအားလျှပ်စစ်ကိုသုံးနေတာပေါ့။ သူတို့ ဒီဟာကိုသုံးတဲ့ဟာဆိုရင် အမှိုက်သရိုက်ကိုကျုံးဖို့အတွက် ဒီ CSRဆိုပြီးတော့မှ အမှတ်၁၊ ၂၊ ၃ကနေပြီးတော့မှရတဲ့ CSRဆိုတဲ့ငွေရှိမယ်။ ဒီငွေကို ဘီလူးချောင်းမှာထည့်သုံးသလား၊ ထည့်လျာထားသလား ဘယ်မှာသုံးလဲဆိုတဲ့ဟာကို သိစေချင်တယ်။ ဝန်ကြီးဖြေသွားတာက ဒီပေးတဲ့ငွေကို ဘီလူးချောင်းထဲထည့်မသုံးဘူး၊ တခြားနေရာသုံးတယ်ဆိုတော့ သူ့ဟာအမျိုးမဟုတ်ဘူးပေါ့လေ။ ဘီလူးချောင်းကပေးတဲ့ CSR ဆိုရင် ဘီလူးချောင်းအတွက်ပဲသုံးရမယ်။”

ဒေသလူမှုစီးပွားရေးအကျိုးပြုရန်ပုံငွေကနေရရှိတဲ့ ဘတ်ဂျက်ကနေ ဘီလူးချောင်းပြန်လည်ပြုပြင်မွမ်းမံ ဖို့အတွက် အခုချိန်မှာ လိုအပ်နေတာဖြစ်ပါတယ်။

ဘီလူးချောင်းတလျှောက်မှာလည်း စွန့်ပစ်အမှိုက်တွေရှိနေတယ်လို့ ကယားပြည်နယ်ရဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက ပြောပါတယ်။

“ အဓိက ချောင်းထဲမှာရှိတဲ့အမှိုက်သရိုက်တွေပေါ့ အဲ့ဒါတွေ ဘယ်လိုဖယ်ရှားမလဲ ဒီ ဘတ်ဂျတ်မှာ ဘယ်လိုရာရမလဲဆိုတဲ့ဟာလေးတွေတွေ့ရှိရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တတ်နိုင်သလောက်လျာထားနိုင်အောင်တော့ ကျနော်တို့ ကြိုးစားအုံးမှာပေါ့နော်။ ဒီဘီလူးချောင်းတစ်လျှောက်လုံးမှာရှိတဲ့ အမှိုက်သရိုက်တွေကို NGO တွေ၊ CSOတွေ၊ အသင်းအဖွဲ့တွေ ဘယ်လိုပူးပေါင်းရမလဲ၊ ဆက်လုပ်မလဲ၊ ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့အနေအထားတော့ တွေ့ရှိရပါတယ်။”

မယ်စဲ့မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ်၁၊ ၂၊ ၃ကနေပြီးတော့ CSR ပေးတဲ့ဟာတွေကိုဘီလူးချောင်းမှာရေရှည်ထိန်းသိမ်းရေးကိစ္စတွေမှာအသုံးပြုခြင်းရှိမရှိကို ၂၀၂၀ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကယားပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

လောပိတရေအားလျှပ်စစ်စီမံကိန်းကနေ ဒေသလူမူစီးပွါးရေးအကျိုးပြု (CSR) လုပ်ငန်းကို ဘီလူးချောင်းအတွက် အခုချိန်ထိ မရရှိခဲ့ဖူးသေးပါဘူးလို့ ကယားပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

“ ကျန်ခဲ့တဲ့အချိန်ထိကတော့ ကျနော်တို့ CSR နဲ့ပတ်သတ်ရင်တော့ဘီလူးချောင်းအပေါ်မှာ ထိထိရောက်ရောက်တော့ အသုံးပြုခြင်းမရှိခဲ့ပါဘူး။”

နှစ်စဉ်ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံအမှတ် ၃ ကနေရရှိတဲ့ ဒေသလူမှုစီးပွားအကျိုးပြုဖို့အတွက် သိန်း ၂၀၀ ထည့်ဝင်ငွေရှိတယ်လို့ သိရပါတယ်။ ဘီလူးချောင်းအနီး အနားရှိတောင်သူလယ်သမားတွေအတွက်တော့ နွေစပါး၊ မိုးစပါးစိုက်ပျိုးဧက ၁၁၅၀ကို ရေပေးဝေနေတော့ ရှိတယ်လို့ သိရပါတယ်။

ဘီလူးချောင်းရေပေးဝေရေး စီမံကိန်းကို ကျပ်သန်းပေါင်း ၆၆၄၁.၃၃၀သန်း အသုံးပြုပြီး ဒီးမော့ဆိုမြို့ပေါ်နဲ့ ဖရူဆိုမြို့ပေါ်မှ ရေရှားပါးတဲ့ကျေးရွာတွေကို ဖြန့်ဝေနိုင်ဖို့အတွက်ရေးဆွဲဆောင်ရွက်နေပြီလို့တော့ သိရပါတယ်။

spot_img
spot_img

Recent posts