spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကယားဒေးပွဲတော် လုံခြုံရေး စိတ်မချရကြောင်း ကောလဟာလ မစိုးရိမ်ရန် KNPP သတင်းထုတ်ပြန်

Author

Date

Category

KNPP ထုတ်ပြန်ချက်

မူအက်စတာ

ဇန်နဝါရီလ ၁ဝရက်နေ့မှ ၁၉ ရက်နေ့ထိ အစဉ်အဆက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကယားပြည်နယ်နေ့ပွဲတော်တွင် လုံခြုံရေးစိတ်မချကြာင်း ကောလဟာလသတင်းကြောင့် မစိုးရိမ်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ဇန်နဝါရီလ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

ပြည်သူများအကြာ ထွက်ပေါ်နေသည့် အဆိုပါ ကောလာဟလများကြောင့် ယခင်နှစ်များထက် လုံခြုံရေးတိုးမြှင့်ထားသိရသည်။

ယခင်နှစ်များကဲ့သို့ လုံခြုံရေးတပ်ဖွဲဝင်များ တိုးမြှင့်ချထားသည့်အပြင် ပွဲတော်ကွင်းပြင်နေရာတွင် CCTV ၃၂ လုံးအထိ ထားရှိသည်ကို တွေ့ရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ကေအဲန်ပီပီနှင့် စစ်တပ်တို့အကြား ဖြစ်ပျက်ခဲ့သည့့် ကိစ္စကြောင့် ကေအဲန်ပီပီမှာ ယခုပွဲတော်ကို အခွင့်ကောင်းယူပြီး လက်တုံ့ပြန်မည်ဟု သတင်းများကြောင့် ပြည်သူများက စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ဆက်လျဉ်၍ ကေအဲန်ပီပီဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်က “အဲ့ဒါက ဒီကာလဟာလအရ ဒီကယားဒေးမှာ လုံခြုံရေးတိုးမြှင့်ထားမယ်ပေါ့၊ ကေအဲန်ပီပီက တစ်စုံတစ်ခုလက်တုံ့ပြန်နိုင်တယ် ဒီပွဲမှာလို့ ဒါကသူတို့စိုးရိမ်ချက်ပဲပေါ့နော။ ဒီအစိုးရလား၊ စစ်တပ်လား အဲ့လိုမျိုးပေါ့။ ဘယ်သူတွေပြောလဲဆိုတာတော့ မသိပေမယ့် ကျွန်တော်တို့ကြားသိရတဲ့အတွက် တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့မဟုတ်ဘူးပေါ့၊ ကျွန်တော်တို့လည်း အဲ့လိုလုပ်မှာမဟုတ်ဘူးလေ။ ဒါပေမယ့် အဲ့လိုမျိုးတွေ ကျွန်တော်တို့မလုပ်တဲ့အကြောင်း အဲ့လိုမျိုးဖြစ်မှာစိုးလို့ ကျွန်တော်တို့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီစာကို ထုတ်ထားလိုက်တာပါ” ဟု ၎င်းက ဇန်နဝါရီ ၁၁ ရင်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ကေအဲန်ပီပီအနေဖြင့် ယခုလို ပြည်သူများကို ထိခိုက်စေမည့်လုပ်ရပ်မျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ၎င်းအမှုကိစ္စများကို အမှုမှန်ပေါ်ပေါက်အောင် အမှန်တရားအတိုင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ဒါကတော့ ကောလဟာလပေါ့၊ ကေအဲန်ပီပီလည်း ကယားဒေးကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ၊ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်စုံတစ်ခုလုပ်မယ်လို့ မထင်ဘူး၊ ဘာလို့ဆို အဲ့လိုသွားလုပ်လိုက်ရင် သူတို့တော်လှန်ရေးအဖွဲ့အစည်းရဲ့ ပုံရိပ်တွေက ရစရာရှိတော့မှာမဟုတ်ဘူး ပြီးတော့ သူတို့က ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းဖို့အတိအလင်းကြေငြာထားပြီးသား ဖြစ်နေတယ်။ ဒါကတော့ ကောလဟာလလို့ပဲ ယူဆတယ်” ဟု ဒေသခံ မောင်ဂျွန်ပေါလ်က ပြောသည်။

ထိုနည်းတူ လူထုအကြား၌ ကယားပြည်နယ်နေ့ပွဲတော်ကာလအတောအတွင်း လုံခြုံရေးပြဿနာဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူမှုများရှိနေကြသည်။

ကေအဲန်ပီပီအနေနှင့် ပြည်နယ်အေးချမ်းမှုကို ရှေးရှုဆောင်ရွက်နေချိန်တွင် ယခုလိုလုပ်ရပ်မျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် အကယ်၍ ပွဲတော်အတွင်း လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်စရာအခြေအနေတစ်ခုခု ဖြစ်ပွားခဲ့ပါကလည်း ၎င်းတို့နှင့် သက်ဆိုင်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

spot_img
spot_img

Recent posts