spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ရှိ ပြင်သစ်ဝက်မွေးမြူရေး စီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဟုဆို

Author

Date

Category

ကရင်နီသူ

ပြင်သစ်နိုင်ငံမှကယားပြည်နယ်သို့ ရောက်ရှိလာသည့် ဝက်မျိုးပွားစီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံးစီမံကိန်းဖြစ်သည်။

̏ လေဆိပ်ကနေဆင်းလာပြီး နောက်တစ်ရက်မှာ ကားသုံး၊ လေး၊ ငါးစီးနဲ့ ရောက်လာတယ်လေ˝ ဟု ဒေသခံဦးဖဲဘူးက ဝက်များရောက်ရှိလာကြောင်းကို ပြောပြသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အုပ်စု၊ ဒေါကလိုးခူကျေးရွာအနီးတွင် စီမံကိန်းတည်ဆောက်ထားသည့် ဝက်ခြံသို့ ပြီးခဲ့သည့် ဩဂုတ်လ ၂ရ ရက်နေ့၌ ကားများဖြင့် သယ်ဆောင်လာခဲ့ကြသည်။

၎င်းဝက်မွေးမြူရေးလုပ်ငန်းသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၃သောင်းကျော် ( ၃.၁၈၁၉ဘီလီယံ)ခန့် ကျခံသုံးစွဲမည့် စီမံကိန်းကြီးတစ်ရပ်ဖြစ်ပြီး De Heus Myanmar Ltd က ၎င်းစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်သည်။

̏ ထူးခြားတာကတော့ အရှေ့တောင်အာရှမှာ ဒါဟာ အကြီးမားဆုံး farmလို့ ရင်းနှီးမြှပ်နှံသူတွေကိုယ်က ပြောထားပါတယ်ရှင့်။˝ ဟု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၅သန်းခန့် ကျခံသုံးစွဲထားပြီး မျိုးဝက်ကောင်ရေ အမ ၂၅၀၊ အထီး ၂၁ကောင်ဝယ်ယူထားကြောင်း သိရသည်။

̏ မြန်မာတစ်နိုင်ငံလုံး မွေးမြူရေးသမားတွေ မျိုးကောင်းမျိုးသန့်ရဖို့ရယ်၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ပရောဂျက်တစ်စိတ်တပိုင်းဖြစ်တဲ့ မွေးမြူရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေရဖို့ရယ်ပေါ့နော။ ˝ ဟု De Heus Myanmar Ltdမှ ပရောဂျက်မန်နေရာ ဒေါ်သွယ်သွယ်နှင်းအောင်က ဝက်မွေးမြူရေးစီမံကိန်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြသည်။

၎င်းအကြီးစားမွေးမြူရေးစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ၏ဝက်များ ပျောက်သွားမည်ကို စိုးရိမ်မှုရှိကြောင်းနှင့် ၎င်းစီမံကိန်းကို အရပ်ဖက်အနေနှင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း LAIN နည်းပညာအထောက်အကူပြုအဖွဲ့မှ ကော်မတီဝင်ကျော်ထင်အောင်က ပြောသည်။

̏ ကျွန်တော်တို့ဒေသမျိုးရင်း ဝက်တွေက နောက်တစ်နှစ်လောက်မှာ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကိုစီးပွားရေးဘက်ကို ပိုလုပ်လိုက်ရင် ကျွန်တော်တို့ ကယန်းကယားဝက်အူချောင်းတွေ ထိခိုက်မှုရှိလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ကြိုတင် တွက်ဆထားတာရှိတာရှိတယ်ပေါ့နော။˝ ဟု ကျော်ထင်အောင်က ပြောသည်။

ထို့အပြင် ၎င်းဝက်များကို ပြင်ပဈေးကွက်သို့ မည်သည့်ပုံစံဖြင့်တင်ပြမည်၊ ဈေးနှုန်းမည်မျှရောင်းချမည့်အပေါ်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း ကျော်ထင်အောင်ကဆက်ပြောသည်။

̏ လက်ရှိ ဝက်ဈေးကွက်ကတော့ နယ်စပ်ကနေ ဖြန့်တာတို့ဘာတို့ရှိနေတော့ အခွန်ကတော့ ရှိပြီးသားလေ။ အဲ့တော့ ဒီဈေးကွက်ထဲမှာရှိတဲ့ ဈေးနှုန်းလေးတွေပဲ ကျွန်မတို့လိုက်မယ်၊ နောက်ပြီးတော့ ဈေးကွက်သတ်မှတ်မယ်ပေါ့နော။ ဟိုလို ဈေးဘယ်လောက်ထိ များမယ် ဘာမယ်ဆိုတာတော့ မရှိပါဘူး။˝ ဟု ဒေါ်သွယ်သွယ်နှင်းအောင်က ပြောသည်။

ယခုလက်ရှိ ဝက်မွေးမြူမည့်စနစ်သည် ခေတ်မီအဲကွန်းအလုံပိတ်စနစ်ဖြစ်ပြီး ပတ်ဝန်းကျင်သို့ အနံ့အသက်နှင့် ကျန်းမာရေးထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် စနစ်ဖြစ်ကြောင်း ရေအရင်းအမြစ်ကို စနစ်တကျသုံးစွဲမည့် စနစ်ဖြစ်ကြောင်းဒေါ်သွယ်သွယ်အောင်က ရှင်းပြပါသည်။

တစ်ဖက်တွင်လည်း ကယားပြည်နယ်၏ အထင်ကရနေရာဖြစ်သည့် ထီးပွင့်ကန်နှင့်တို့နှင့်နီးသည့်အတွက် မြေအောက်ရေသုံးစွဲမှုမြင့်တက်လာပါက ကန်များခမ်းခြောက်သွားနိုင်သည်ဟု ကိုကျော်ထင်အောင်က ထောက်ပြပါသည်။

̏ အဲ့ဒါကြောင့် လက်ရှိ ရှိနေတဲ့ ရေအရင်းအမြစ်ပုံစံရယ်၊ သူတို့မွေးမြူမှုကြောင့်မို့ကို ရေတွေလျော့ကျသွားတယ်ဆိုရင် ကျွန်တော်တို့ ဒီအပေါ်မှာကို တကယ့်မေးခွန်းထုတ်စ

ရာတွေနဲ့ EIA Report တွေကို သေချာတောင်းရမှာဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုဆိုင်ရာအပိုင်းတွေမှာ ပွင့်လင်းမြင်သာစွာ သူဆို့ချပြခြင်းမရှိသေးဘူးပေါ့˝ ဟု ကျော်ထင်အောင်က ပြောသည်။

၎င်းတို့ပရောဂျက်အနေဖြင့် သက်ဆိုင်ရာများအနေဖြင့် လုပ်ငန်း ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးမှဒေသခံများကို ချပြပေးခြင်းသည်ပွင့်လင်းမြင်သာမှုမရှိသေးကြောင်းနှင့် ဒေသခံများ၏ စိုးရိမ်စိတ်များ လျော့ကျရန်၊ ပွင့်လင်းမြင်သာစွာ ချပြနိုင်ရေးကို ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့များက တောင်းဆိုနေကြသည်။

တိုက်တွန်းတောင်းဆိုမှုပြုလုပ်ရာတွင် ဖွင့်ပွဲမတိုင်ခင်ပြုလုပ်ရန်မှာ အချိန်မမီတော့သည့်အတွက် ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ပြောဆိုချပြမှုအပေါ်တွင် မူတည်ပြီး အရပ်ဖက်အနေနှင့် မျက်ခြေမပြတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့များက ဆိုသည်။

စီမံကိန်းမှ ထွက်ရှိလာသည့် အကျိုးအမြတ်မှ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် CSR များကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဝက်များကို ကျွေးမွေးရန် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တည်ထောင်ထားသည့် ဝက်မွေးမြူရေးအစာထုတ်လုပ်ရေးမှကျွေးမွေးရမည်ဖြစ်သည်။

၎င်းဝက်များကို ၂၀၂ဝ ဖေဖော်ဝါရီလတွင် သားတင်၊ သားစပ်မည်ဖြစ်ပြီး ဇွန်၊ ဇူလိုင်လများတွင် စတင်ရောင်းချနိုင်ရန် မျှော်မှန်းထားကြကြောင်း သိရသည်။ ၎င်းတို့ကုမ္ပဏီမှ ဝက်သားပေါက်များကိုသာ ရောင်းချပေးမည်ဖြစ်ပြီး ၎င်းဝက်သားပေါက်များကို ကိုယ်တိုင်သားဖောက်၍ဖြစ်စေ၊ အသားတိုးလုပ်ဆောင်ပြီး ဈေးကွက်သို့ ရောင်းချ၍ဖြစ်စေ လုပ်ဆောင်နိုင်ပါသည်။ သို့သော် အစားအစာကျွေးမွေးပြုစုသည့်ကိစ္စတွင် မွေးမြူရေးဦးစီးနှင့်သာ ဆိုင်ကြောင်း ဒေါ်သွယ်သွယ်နှင်းအောင်က ပြောသည်။

ယခုစီမံကိန်းကို De Heus Myanmar ကုမ္မဏီမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး UKAID နှင့် DaNa Facility တို့မှ အဓိကပါဝင်ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ၎င်းစီမံကိန်းမိတ်ဆက်စာတွင် ပါရှိသည်။

နှစ်၅ဝ နှစ်ရှည်စီမံကိန်းဖြစ်ပြီး နှစ်ကုန်ပါက ၁ဝ နှစ်လျှင် တစ်ကြိမ် ၊(၂)ကြိမ်ထပ်မံပြီး သက်တမ်းတိုးနိုင်သည်ဟု သိရသည်။

spot_img
spot_img

Recent posts