spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်လွှတ်တော်အဆောက်အအုံ တည်ဆောက်ရန် ကုမ္ပဏီ ၃ ခုကို ရွေးချယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်လွှတ်တော်အဆောက်အအုံများကို တည်ဆောက်ရန် ဧရာမြတ်ပြည်၊ မြန်မာလန်း(Myanmar Land)နှင့် ကန္ဒရဝတီအောင်​ကုမ္ပဏီတို့ကို ​ရွေးချယ်လိုက်ကြောင်း သိရသည်။

လွှတ်တော်အဆောက်အအုံများကို တည်ဆောက်ရန် အဆိုပြု ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် စိစစ်ရွေးချယ်ခဲ့ရာ အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုက လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်လွှတ်တော် အဆောက်အအုံများကို တည်ဆောက်ရန်အတွက် ဇူလိုင်လကတည်းက တင်ဒါစယူခေါ်ယူခဲ့ကာ Lot 1 အတွက် လွှတ်တော်ရုံးကို ကျပ်သန်း ၁၆၃၅၊ Lot 2 အတွက် ဒုညွှန်ချုပ်နှင့် ညွှန်ချုပ်အိမ်ရာကို ကျပ်သန်း ၁၁၅ နှင့် Lot 3 အတွက် ဝန်ထမ်းအိမ်ရာ ၂ ထပ်ဆောင် ၂ လုံးကို ကျပ်သန်း ၅၇၅ တို့ဖြင့် ကြမ်းခင်းဈေး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Lot 1 ဖြစ်သော လွှတ်တော်ရုံးကို ဧရာမြတ်ပြည်ကုမ္ပဏီက ကျပ်သန်းပေါင်း ၁၅၅၃.၂၅ ဖြင့် ဆောက်လုပ်မည်ဖြစ်ကာ Lot 2 အတွက် Myanmar Landနှင့် Lot 3 အတွက် ကန္ဒရဝတီအောင် ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ရန်ပုံငွေဖြင့် လွှတ်တော်အဆောက်အအုံများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အပြီသတ် တည်ဆောက်ရမည်ဖြစ်ကာ ထပ်တိုးကာလအတွက် အချိန်သုံးလထပ်ဆောင်းပေးရန် စာချုပ်၌ ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်ရုံးခန်းများကို ကယားပြည်နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည်။

spot_img
spot_img

Recent posts