spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၆ )

Author

Date

Category

ကျာ်ထင်အောင်ရေးသားသည်။

ကယားပြည်နယ် လွှတ်တော်

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ၂၀၁ရ ခုနှစ်၊ နိုဝင်ဘာလ( ၁၆ နှင့် ၁ရ ) နှစ်ရက်တာ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေစုစုပေါင်း(၁၀၀%) တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးသည် အောင်မြင်သော အစည်းအဝေးဟု သတ်မှတ်ရပေမည်။

ကယားပြည်နယ်လွှတ်တော်၏ တရားဝင် Facebook page တွင် Live တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်မှုကလည်း အားရစရာပင် ဖြစ်သည်။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သက်တမ်း လပေါင်း ( ၂ဝ )ကျော်တွင် ( ၈ ) ကြိမ်မြောက်နှင့် အရေးပေါ်အစည်းအဝေးများ အပါအဝင် ရက်အားဖြင့် ( ၂ဝ ) ရက်ကျော်သာ ကျင်းပနိုင်ခြင်းတွင် အနည်းငယ် တိုးတက်လာပြီဟု ဆိုရပေမည်။

သို့သော် မေးခွန်းများ၊ ဖြေကြားမှုများ၊ ကော်မတီများ အစားထိုးပြင်ဆင်ဖွဲ့စည်းမှုများနှင့် အစီရင်ခံစာမှတ်တမ်းတင်ခြင်း တို့ကိုသာ တွေ့ရှိရ၍ လွှတ်တော်၏ အဓိကအလုပ်ဖြစ်သော ပထမအကြိမ် ကယားပြည်နယ် လွှတ်တော်မှ ပြဌာန်းခဲ့သော ကယားပြည်နယ် ဥပဒေ ( ၉ ) ခုကို ပြင်ဆင် ဖြည့်စွက် ၊ ပယ်ဖျက်သင့်သည်များ ပယ်ဖျက်ခြင်းနှင့် ပြည်နယ်အတွက် လိုအပ်နေသည့် ဥပဒေများကို အသစ်ပြဌာန်းခြင်းများ မပြုလုပ်နိုင်ခဲ့ခြင်းက အားရကျေနပ်မှုကို လျော့နည်းစေပါကြောင်း သုံးသပ်လိုက်ရပေသည်။

ကယားပြည်နယ် အစိုးရ

ကယားပြည်နယ်အစိုးရအဖွဲ့ (ရုံးသစ်) ဖွင့်ပွဲ အခမ်းအနားကို (၁၉-၁၀-၂၀၁၇) ရက်နေ့က လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ဦးပိုင်အမှတ်(၈/၁၀)၊ ဧရိယာ(၃.၀၄၂)ဧကတွင် ကျင်းပပြုလုပ်နိုင်ခဲ့၍ ဂုဏ်ယူဝမ်းသာ ရပေသည်။

သို့သော် ၎င်းညတွင် ကယားပြည်နယ်အစိုးရအဖွဲ့ (ရုံးသစ်) ဖွင့်ပွဲ အမှတ်တရ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပရန် ဖိတ်ကြားထားသည့် ပြည်နယ်ခန်းမမှာ လူသူမရှိ မီးအမှောင်နှင့် ကြုံတွေ့ရသည်ဟု ဖိတ်ကြားခံရ၍ တက်ရောက်ရန် သွားခဲ့ကြသော လူအများမှ ပြောကြားခြင်းကို ကြားသိရပေသည်။

 

 

 

 

 

အကြောင်းရင်းမှာ ညစာစားပွဲကို ( ၁၈-၁၀-၂၀၁ရ ) ရက်ည ( ဖွင့်ပွဲ အကြိုည ) တွင် ကျင်းပခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

 အထူးပြောလိုသည်မှာ အကြိုည ပြောင်းရွေ့ကျင်းပကြောင်းကို ဖိတ်ကြားထားသည့် လူများ ၊ အဖွဲ့များ အားလုံးအား အသိမပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖိတ်ကြားခံရသူ ထက်ဝက်ခန့် မသိရှိခဲ့ကြ၍ (၁၉-၁၀-၂၀၁၇) ရက်ည သွားခဲ့ကြခြင်းဖြစ်သည်။

ထိုအထဲတွင် ပြည်နယ်အခြေစိုက် သက်ကြီးရွယ်အို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ပါတီခေါင်းဆောင်များ၊ လူမျိုးအလိုက်ခေါင်းဆောင်များ အပါအဝင်ဖြစ်၍ များစွာစိတ်မကောင်း ဖြစ်ကြရပေသည်။

တာဝန်ယူမှု ၊ တာဝန်ခံမှု အားနည်းခဲ့ခြင်းက ယုံကြည်မှုကို လျော့ကျစေ၍ ပြည်နယ်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးများအား ထိခိုက်စေနိုင်ပါကြောင်း သုံးသပ်လိုက်ရပေသည်။ နောင်တွင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်သင့်ကြောင်းလည်း အသိပေး တိုက်တွန်းရေးသားလိုက်ရပါသည်။

spot_img
spot_img

Recent posts