spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အတွင်း အလုပ်လုပ်သောကလေးငယ်ပေါင်း ရှစ်ထောင်ကျော်ရှိနေ

Author

Date

Category

ဖဲဘူး

ကယားပြည်နယ်မှာ အသက် ၅ နှစ်မှ ၁ရ နှစ်အတွင်းရှိ အလုပ်လုပ်သော ကလေးငယ်ပေါင်း ၈ထောင်ကျော်ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ၂၀၁၅ ခုနှစ်အတွင်း ကောက်ယူထားသော အလုပ်သမားစစ်တမ်းအရသိရသည်။

၎င်းရှစ်ထောင်ကျော်မှာ ကယားပြည်နယ်ရှိ ကလေးများ၏ ၁ဝ ရာခိုင်နှုန်း ရှိနေပြီး အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံချက် စီမံကိန်းတာဝန်ခံ စောဆာကပေါ်ကပြောသည်။

“ကယားပြည်နယ်မှာ စိုက်ပျိုးရေးကဏ္ဍမှာ အများဆုံးတွေ့ရတယ်ပေါ့နော။ စိုက်ပျိုးရေးကဏ္ဍမှာ ပါဝင်ရတယ်။ ပြီးတော့ တချို့သတ္တုတွင်းနေရာမှာ ခဲလုပ်တဲ့နေရာတွေမှာ ပေါ့နော။ အဲမျိုးတွေမှာလည်း ကျနော်တို့တွေ့ရတယ်။ နောက် ဒီမှာ အရပ်ဖက် အဖွဲ့အစည်းတွေက ဒီလိုမျိုး အသက်မပြည့်ပဲနဲ့ အလုပ်ဝင်လုပ်တာ အိမ်ဖော်တွေဘာတွေလည်း ရှိတယ်ပေါ့နော။” ဟု မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံချက် စီမံကိန်းတာဝန်ခံ စောဆာကပေါ်ကပြောသည်။

ဒီဇင်ဘာ ၆ ရက်နေ့နှင့် ရ ရက်နေ့တွင် ကယားပြည်နယ်တွင်း ပထဆုံးအကြိမ်အဖြစ် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကို ဟော်တယ်လွိုင်ကော်မှာ ပြုလုပ်ခဲ့စဉ် ကနာ္တရဝတီတိုင်း(မ်) ကို ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသော လူမှု အသင်းအဖွဲ့၁၅ ဖွဲ့၏ဆွေးနွေးချက်အရ ကယားပြည်နယ် တွင်းကလေးအလုပ်သမားများ ရှိနေရခြင်းမှာ ဆင်းရဲမွဲတေမှုကြောင့်အပြင် ပညာရေး မှတဆင့်အလုပ်အကိုင်အခွင့်လမ်းရရှိမှု နည်းခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံဖွံ့ဖြိုးရေးကွန်ယက် (LDN)မှ မမီမီအောင်ကပြောသည်။

“ဥပမာအားဖြင့် ပညာရေးစနစ်ပေါ့နော။ ကျမတို့ဆယ်တန်းအောင်တယ်။ ဘွဲ့ရပြီးပြီ ၊ ကျမတို့မှာ အလုပ်အကိုင်မရှိဘူးပေါ့နော။ အဲဒီဟာကို အလုပ်အကိုင်အခွင့်လမ်း မဖန်တီးပေးနိုင်ဘူးပေါ့နော။ အဲဒါကြောင့်ပညာရေးကို သင်မနေတော့ပဲနဲ့ အလုပ် ပဲလုပ်ပါဆိုတဲ့ မိဘတွေရဲ့ခံယူချက် က အဲဒါတွေကြောင့်မို့လို့ပေါ့နော။” ဟု မမီမီအောင်ကပြောသည်။

ပြည်နယ်တွင်းရှိ မိဘတော်တော်များများမှာ မိမိတို့၏သားမီးများကို အလုပ်လုပ်စေခိုင်းမှုများရှိနေသော်လည်း သတိမထားမိကြကြောင်း မမီမီအောင်ကပြောသည်။

“ကလေးအလုပ်သမားနဲ့ပါတ်သက်လာလို့ရှိရင် ကလေးအလုပ်သမားလို့ အများကတော့မမြင်ဘူးပေါ့နော၊ မိဘတွေကတော့ ။ သူ့အနေနဲ့ဆိုရင် သူ့ကလေးကို သူခိုင်းလိုက်တယ် အဲလိုပဲမြင်တယ်ပေါ့နော။ တကယ့်တကယ်ဆိုရင် သူကလေးကို အဓမ္မခိုင်းတာလား သူကလေးကိုဘယ်လိုခိုင်းနေလဲဆိုတာတွေ အဲဒါကို သူတို့ကိုယ်တိုင်ကလည်းမသိဘူး။ သူတို့ ကိုယ်တိုင်ကလည်းပညာမတတ်တဲ့အခြေအနေမျိုးမှာ အဲလိုမျိုးရှိခါကျတော့ ကလေးအလုပ်သမားမှန်းလည်းသူတို့မသိ အလုပ် လုပ်နေရတဲ့ကလေးမှန်းလည်း သူတို့မခွဲခြားတတ်ဘူးပေါ့နော။”ဟု မမီမီအောင်ကဆက်ပြောသည်။

ILO ကထုတ်ဝေသော လက်ကမ်းစာစောင်အရ အလုပ်လုပ်သောကလေးဆိုသည်မှာ အချိန်ပြည့်(သို့မဟုတ်) အချိန်ပိုင်းဖြင့် လစာစသည့် ပုံမှန်လခဖြင့် ဖြစ်စေ၊ အမြတ်အစွန်းဖြစ်စေ ရရှိသည့် အလုပ်ကို ၁နာရီထက် ပိုမိုလုပ်ကိုင်သည့်ကလေးကိုခေါ်ဆိုကြောင်းဖော်ပြထားသည်။-

ကလေးအလုပ်သများဆိုသည်မှာ ၎င်း၏ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးသော အလုပ်များလုပ်ကိုင်သည့် ကလေးများကို ခေါ်ဆိုကြောင်းလည်းဖော်ပြထားသည်။

မြန်မာတနိုင်ငံလုံးတွင် အလုပ်လုပ်သော ကလေးသူငယ် အများဆုံးဖြစ် သည့် ပြည်နယ်နှင့်တိုင်း ရ ခုတွင် ကယားပြည်နယ်ပါဝင်နေကြောင်း ILO မှထုတ်ဝေသော လက်ကမ်းစာစောင်တွင်တွေ့ရသည်။

spot_img
spot_img

Recent posts