spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်ပြည်သူ့ဆေးရုံတွင် ခွင့်ပြုဆရာဝန်ဦးရေ၏ ၃ဝ ရာခိုင်နှုန်းသာရှိ

Author

Date

Category

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ဆရာဝန်အင်အား ၃ဝ ရာခိုင်နှုန်းကသာ လူနာများကို ကုသစောင့်ရှောက်ပေးနေရကြောင်း သိရသည်။

လွိုင်ကော်ဆေးရုံကြီးတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော လက်ထောက်ဆရာဝန်များမှာ ၁၀၃ ဦး ဖြစ်ပြီး လက်ရှိတွင် ၃၅ ဦးသာ တရားဝင်ခန့်အပ်ထားကာ ၆၈ ဦး လစ်လပ်နေခြင်​း​ကြောင်​့ ၃ ပုံ ၁ ပုံကသာ တာဝန်​ထမ်​း​ဆောင်​​နေကြရခြင်​း ဖြစ်သည်။

ကယားပြည်နယ်အစိုးရအစီအစဉ်ဖြင့် ခန့်အပ်ထားသော လက်ထောက်ဆရာဝန်များ အပါအဝင် ဘွဲ့လွန်စာပေးပွဲဖြေဆိုအောင်မြင်ပြီးသော လက်ထောက်ဆရာဝန်များသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကာလ၂ နှစ်ခွဲ ပြီးဆုံးပါက ပြောင်းရွေ့ခွင့်များ တင်ကြတော့မည် ဖြစ်သည်။

အဆိုပါ လက်ထောက်ဆရာဝန်များ ပြောင်းရွေ့သွားပါက လွိုင်ကော်ပြည်သူ့ဆေးရုံအတွက် ဆရာဝန်မျာကို အစားထိုးခန့်အပ်ရန် မည်သို့ စီစဉ်ထားကြောင်းကိုလည်း မေးခွန်းထုတ်နေကြသည်။

လက်ထောက်ဆရာဝန်တစ်ဦးက “၂ နှစ်ခွဲပြည့်တော့မယ် ကျနောတို့လည်း မိသားစုနဲ့နေချင်ကြတာပေါ့။” ဟု ပြောသည်။

လက်ရှိလက်ထောက်ဆရာဝန်အချို့ ပြောင်ရွေ့လွှာတင်ထားပြီးပါက လက်ထောက်ဆရာဝန်များ အစားထိုးပေးနိုင်ရေးအတွက် အနည်းဆုံး လက်ထောက်ဆရာဝန်ဦးရေ ၃ဝ လိုချင်ပါကြောင်း ကုသရေးဦးစီးဌာနရုံးချုပ်သို့ အဆိုပြုထားသည်​ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။

“၆၈ ယောက်လုံးလိုလားဆိုရင်တော့ အဲ့လောက်မလိုပါဘူး။ ဒါပေမဲ့ အနည်းဆုံး ၃ဝ လောက်တော့လိုတယ်။ ဘာလို့လဲဆိုရင် ဒီသုံးဆယ်ရမှပဲ ဒီကလူတွေ ပြောင်းသွားတဲ့အခါတို့ဘာတို့မှာ ဒါတွေ အဆင်ပြေမှာ အနည်းဆုံးပေါ့နော”ဟု ၎င်းက ပြောပါသည်။

ရုံးချုပ်မှ လိုအပ်သော လက်ထောက်ဆရာဝန်များကို ဖြည့်ဆည်းပေးနေသော်လည်း နေရာတိုင်းတွင် ဆရာဝန်လိုအပ်ချက်ရှိနေသောကြောင့် ခွင့်ပြုလူဦးရေအတိုင်း ချထားပေးနိုင်ခြင်းမရှိကြောင်း ဒေါက်တာရန်နိုင်မောင်က ထပ်လောင်းပြောသည်။

ဆေးရုံးတွင် ခွင့်ပြုဆရာဝန်ဦးရေ၏ ၃ဝ ရာခိုင်နှုန်းက တာဝန်ထမ်းဆောင်နေကာ သနား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်မှအပ အထွေထွေကုဆရာဝန်နှင့် သမားတော်များမှ လိုအပ်ချက်များ ပြည့်မှီကြောင်း သိရသည်။ ။

လက်ရှိလက်ထောက်ဆရာဝန်များသည် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတက်ဝင်ရောက်လုပ်ကိုင်ခဲ့ကြကာ ယခုဆိုလျှင် ၂ နှစ် ၃လ ရှိလာပြီ ဖြစ်သည်။ ၂ နှစ် ၆ လ အလုပ်သက်တမ်းပြည့်ပါက အပြောင်းအရွှေ့လျောက်လွှာများတင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ဒေသခံသူနာပြု တာဝန်ထမ်းဆောင်နေသူများ များပြားသော်လည်း ဒေသခံဆရာဝန် အလွန်နည်းပါးနေခြင်း ဖြစ်သည်။ သို့သော် ရုံးချုပ်မှ နောက်ခေါ်ထားသော အသစ်အဖွဲ့များဝင်ရောက်ပါက ကယားပြည်နယ်အတွက် ချပေးမည်ဟု ကတိပေးထားသောကြောင့် အဆင်ပြေသွားလိမ့်မည်ဟု ဆေးရုံအုပ်က ပြောသည်။

spot_img
spot_img

Recent posts