spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ်ခြောက်ဦးအား ရဲတပ်ဖွဲ့များလိုက်လံဖမ်းဆီးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည့် ကရင်နီလူငယ်ခေါင်းဆောင်ခြောက်ဦးအား ရဲတပ်ဖွဲ့များမှ လိုက်လံဖမ်းဆီးနေသည်ဟု လူငယ်များ၏ မိသားစုထံမှသိရသည်။

Photo – RFA

̏ နေ့ဘက်သူတို့လာတာခါကျတော့ စိတ်ထဲဘာမှမရှိဘူးပေါ့နော၊ နေ့ဘက်လာတော့။ အမေကတော့ နည်းနည်းတော့ ပြောတာပေါ့နော၊ ရဲတွေကဘာလို့ရောက်လာတာလဲတော့ ပြောတယ်ပေါ့ ငါ့သားတော့ တစ်ခုခုဖြစ်ပြီလို့ သူအဲ့လိုတွေးတာပေါ့နော။ သူတို့ဝတ်စုံတွေ၊ သေနတ်တွေလည်း ပါလာခါကျတော့ အမေကလည်း စိတ်မထိန်းနိုင်တော့ သူငိုပဲငိုလိုက်တယ် ငါ့သားတစ်ခုခုဖြစ်ပြီဆိုပြီးပေါ့ အဲ့လိုပဲ တွေးတော့တာပေါ့နော။˝ ဟု လူငယ်ခေါင်းဆောင် ခူးရီးဒူ၏ ညီမဖြစ်သူ မရှားမြာက ပြောသည်။

မေလ ၁ရရက်နေ့တွင် ရဲဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကရင်နီလူငယ်ခေါင်းဆောင် (၆)ဦးတို့၏ နေအိမ်သို့ လာရောက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း လူငယ်များထံမှသိရသည်။

ထိုသို့လာရောက်ရှာဖွေရန် ဆင့်ခေါ်စာများ၊ ရုံးမိန့်ပါစာများ ပေးပို့ထားခြင်းများ မရှိပဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

̏ ကျွန်တော်တို့ကို စာပို့အကြောင်းကြားထားတာတွေ မရှိ်ဘူး။ ကျွန်တော်တို့ကို တရားစွဲဆိုထားတယ်ဆိုတာတောင် ကျွန်တော်တို့သိရတာ မရှိဘူး။ တရားဝင်အကြောင်းကြားတာ မရှိဘူး။ တစ်လက်စတည်းမှာပဲ ဘာဖြစ်လဲဆိုတော့ ဆင့်ခေါ်စာတွေမပို့ပါဘူး၊ မပို့ဘဲနဲ့ ကျွန်တော်တို့ကို ဒီနေ့မှာ ရုတ်တရက် လိုက်ဖမ်းတာတွေ လုပ်တယ်။ အိမ်တွေကို လိုက်စောင့်ကြည့်နေတာတွေရှိတယ်။ အုပ်ချုပ်ရေးမှူး တွေလည်း မိသားစုစိတ်အနှောင့်အယှက်ဖြစ်အောင်တွေ ဘာဖိအားပေးတာတွေရှိတယ်၊ မေးမြန်းတာတွေရှိတယ်၊ လာရှာတာတွေရှိတယ်˝ ဟု ခူးကြူးဖဲကေးက ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။

ယခု ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ကို ဖမ်းဆီးလိုက်လျှင် လှုပ်ရှားမှုများက ရပ်တန့်သွားမည်ဟု အစိုးရများက ယူဆကာလုပ်ဆောင်နေသည်ဟု မြင်သော်လည်း ၎င်းတို့က ပြည်နယ်အရေးကို လုပ်ဆောင်နေသည်ဖြစ်၍ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တိုင်းရင်းသားများ၏ အခွင့်အရေးများ တောင်းဆိုနေသည့်အချိန်၊ မတရားမှုကို ခုခံချိန်တွင် အာဏာပိုင်များက လိုက်လံဖမ်းဆီးခြင်း၊ တွေ့သည့်နေရာတွင် ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းခြင်းတို့သည် အဆင်မပြေကြောင်း ခူးကြူးဖဲကေးကပြောသည်။

Advertisement

ယမန်နေ့က စခန်းမှူးမှ ၎င်းတို့ကို တယ်လီဖုန်းဖြင့် ရဲစခန်းတွင် လာရောက်အဖမ်းခံရန်နှင့် အမှုစစ်ပြီးလျှင် တရားရုံးကို ရမန်တောင်းယူကာ အချုပ်ထောင်သို့ပို့မည်ဟု ဖုန်းဆက်လာကြောင်း သိရသည်။ ၎င်းတို့သည်လည်း မိသားစုထိ လာရောက်အနှောင့်အယှက်ပေးခြင်းများကို ဆက်လက်မလုပ်ဆောင်ဘဲ အမှုကို လာရောက်ရင်ဆိုင်မည်ဟု လူငယ်ခေါင်းဆောင်များက ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲ့စခန်းသို့ ၁ရရက်နေ့တွင် အမှုဖွင့်တိုင်ကြားသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် “နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်ကြေငြာခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေငြာထားသည့် လူငယ် ၆ ဦးကို အစိုးရက ပုဒ်၁ဝ ဖြင့် အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

spot_img
spot_img

Recent posts