spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ အမျို း သား တပ်မတော်နေ့ ရဲ့ လူငယ့်အသံ

Author

Date

Category

စူးမယ်

ကရင်နီပြည်နယ်ကို မြန်မာပြည်နဲ့ ပူးပေါင်းဖို့ မြန်မာပြည် ဖဆပလ အစိုးရဟာ နိုင်ငံရေးနည်းအရ စည်းရုံးခဲ့ကြပေမယ့် ကရင်နီခေါင်းဆောင်များက လက်မခံခဲ့ကြပါဘူး။ ဖဆပလ အစိုးရ စစ်တပ်တွေဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီ       ဥက္ကဌ ဦးဘီတူရီ  နေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ဩရုတ်လ ၉ ရက် နံနက် ၂ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ကရင်နီခေါင်းဆောင် ဦးဘီတူရီနဲ့ ရဲ့ဘော်တွေကနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်၊ လူအင်အား မမျှ မှုကြောင့်    မြလဲရွာ ကနေ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ဦးဘီတူရီဟာ ကရင်နီအမျိုးသား တပ်မတော် တစ်ရပ်ကို ပြန်လည်ဖွဲ့စည်းထူထောင်နိုင်တဲ့အတွက်ကြောင့် ယနေ့အထိ ဩဂုတ်လ ၁ရ ရက်နေ့ကို ကရင်နီ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတာဖြစ်တယ်။ ယခုနှစ် ဩဂုတ်လ ၁ရ ရက်နေ့မှာ ကျရောက်တဲ့ ၆၈နှစ်မြောက် ကရင်နီအမျိုးသား တပ်မတော်နေ့မှာ  ပြည်ပရောက် ကရင်နီ လူငယ်တွေရဲ့ အသံ တချို့ ကို တင်ပြလိုက်ပါတယ်။

ခူးဌေးရယ် - ပြန်လည်နေရာချထားရေးအစီစဉ်နဲ့ ဒုက္ခသည်စခန်းမှ ဩစတေးလျ နိုင်ငံရောက် ကရင်နီလူငယ်
ခူးဌေးရယ် – ပြန်လည်နေရာချထားရေးအစီစဉ်နဲ့ ဒုက္ခသည်စခန်းမှ ဩစတေးလျ နိုင်ငံရောက် ကရင်နီလူငယ်

“ဒီလိုနေ့ထူးနေ့မြတ်အတောအတွင်းမှာ ညာမူက ကရင်နီတပ်စခန်းကို တက်ခဲ့ဖူးတော့ အခု တခြားနိုင်ငံရောက်နေချိန် အရင်က ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ပြန်လည်ရောက်ရှိသလို ခံစားရတယ်။ ဒီလိုနေ့မျိုးတွေမှာဆိုရင် ကရင်နီ တပ်မတော်သားေ တွက စစ်ဝတ်စုံနဲ့ ကရင်နီ နိုင်ငံတော်အလံ၊ တပ်မတော်အလံကိုင်ပြီး ချီတက်ကြတယ်။ ကျဆုံးသွားခဲ့တဲ့ ကရင်နီ အာဇာနည်ခေါင်းဆောင်၊ ရဲဘော်နဲ့ ပြည်သူတွေကို အလေးပြုတယ်။ ပြီးတော့ တပ်မတော်သားနဲ့အတူ လူငယ်တွေ ပြည်သူလူထုတွေက ခေါင်းဆောင်ကြီးတွေ ပြောသွားတဲ့ သမိုင်း မိတ်ခွန်းတွေကို နားထောင်ကြတယ်။ ဒီလို တပ်မတော်နေ့ဆိုတာက တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ ခေါင်းဆောင်နဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုတဲ့ နေ့ဖြစ်တယ်။ ဆက်လက်ပြီး ကရင်နီခေါင်းဆောင်တို့နဲ့ တပ်မတော်သားတွေကို ကရင်နီ တည်တံ့ခိုင်မြဲရေးအတွက် ပြည်တွင်း ပြည်ပက ကရင်နီပြည်သူ၊သား လူမျိုးနဲ့အတူ အောင်မြင်စွာ လက်တွဲတာဝန်ထမ်းဆောင်သွားဖို့ တိုက်တွန်း အားပေးသွားပါတယ်။”

ခူး ပိုုးရယ် - လက်ရှိ ထိုုင်းနိုုင်ငံ ဘန်ကောက်မြို ့ တွင် ပညာသင်ကြားနေ
ခူး ပိုုးရယ် – လက်ရှိ ထိုုင်းနိုုင်ငံ ဘန်ကောက်မြို ့ တွင် ပညာသင်ကြားနေ

“ခံစားချက်တော့ အများကြီးပေါ့ဗျလွမ်းတာရယ် သတိရတာရယ်         အရေးကြီးတဲ့နေ့ထူးနေ့မြတ်တစ်ခုဖြစ်တော့ ဒီလိုဝေးကွာနေတဲ့အချိန် အခမ်းအနား  မတက်ရတဲ့အချိန်ဆို ပိုပြီး ခံစားချက်က ပိုပြီးလွမ်းတယ် သတိရတယ် ပြီးရင် တမ်းတတယ်ပေါ့ဗျ ၊   ဒီတပ်မတော်နေ့ တစ်ခုထဲမဟုတ်ဘူးပေါ့နော အရင် လွန်ခဲ့တဲ့ အမျိုးသားနေ့ လည်း ပူးပေါင်းပါဝင်တာ မလုပ်ရတော့ နည်းနည်းဝမ်းနည်း အားငယ်တာပေါ့ဗျ။  ဒါပေမယ့် ကိုယ့်မျိုးချစ်စိတ်နဲ့ဆိုတော့ ကိုယ်ကိုတိုင်မပါဝင်ခဲ့ပေမယ့်လည်း ကျင်းပတဲ့ရက်မှာ အောက်မေ့ ဖွယ် ပြီးရင် အမှတ်တရတစ်ခုခု အနေနဲ့ လုပ်ခဲ့တာပေါ့ ခံစားချက်က တော့ အခမ်း အနားမှာ မပါဝင်နိုင်တာတော့ အားငယ်တာပေါ့ ။ ဒါပေမယ့်လည်း တက်ရောက်တဲ့သူတွေကို တွေ့ပြီး ကြိတ်ပြီးဝမ်းသာတယ် ဂုဏ်ယူတယ် ချီးကျူးတယ်။  အကျဉ်းချုပ် ပြောရရင် အိမ်ပြန်ပြီးမှ ပါဝင်ချင်တယ် ဒါပေမယ့် မဖြစ်နိုင်တော့ အဝေးကနေပြီး အားပေး တယ် ဆုတောင်းပေးတယ် နည်းနည်းလေးတော့အားငယ်တယ် ဒါပေမယ့်ဂုဏ်ယူတယ် ဘာဖြစ်လည်းဆိုတော့ ပုံမှာတွေ ့နေရယ် လူငယ်တွေ တက်တက်ကြွကြွနဲ့ပါဝင်ကြတယ်လေ။”

မော်ဘျားမာ – ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ အမေရိကန်နိုင်ငံသို့ရောက်နေတဲ့ ကရင်နီလူငယ်တစ်ဦး

“ပထမဦးဆုံး အရင်က နေခဲ့တဲ့နေရာကို အရမ်းသတိရတယ်။ ကိုယ့်ပြည် ကိုယ့်လူမျိုးကိုလဲ အရမ်းသတိရတယ်။ ဒီလိုနေ့ထူးနေ့မြတ်ရောက်တော့ အရင်က ပါဝင်ဖူးတာ တက်ခဲ့ဖူးတဲ့ အခမ်းအနားတွေကို ပြန်ပြီး မြင်ရောင်နေမိတယ်။ နောက်ပြီးတော့ ပြန်လည်း ပြန်လည်ချင်တယ်။ ကိုယ့်မြေ ကိုယ့်လူမျိုးနေတဲ့ နေရာပဲ ပြန်နေချင်တယ်။ ဒီမှာရောက်တာ အဲမျိုးနေ့ထူးနေ့မြတ်တွေ မလုပ်တော့ အရင်က တက်ဖူးတဲ့ဟာတွေကို အရမ်းပဲ သတိရတယ်။ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ အနေဝေးတော့ မပါဝင်နိုင်တော့ စိတ်ထဲမှာက အလဟသ ဖြစ်နေတယ်။ တခါတခါ ဘာနေ့ထူးနေ့မြတ် လုပ်လဲဆိုရင် အမျိုးသားနေ့နဲ့ ဒီးကူပွဲပဲ ရှိတယ်။ အဲဒါပဲ အထူးသဖြင့် လုပ်တယ်။ ကိုယ့်မြေနဲ့ အနေဝေးတော့ အရမ်းပြန်ချင်တယ်။ အခြေအနေအရ အနေဝေးရတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးကိုတော့ ဘယ်တော့မှ မမေ့ပါဘူးလို့။ နောက် တစ်နေ့နေ့ကျရင် ကိုယ့်ပြည်ကို ပြန်ပြီး ကိုယ့်လူမျိုးတွေနဲ့ပဲ အတူတူ ပြန်နေခွင့်ရမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

spot_img
spot_img

Recent posts